RangonNewsDaily:: October. 17 .2013
မန္တ လေးမြို့တည်နန်းတည် မင်းတုန်း
မင်းတရားကြီး၏ မြနန်းစံကျော် ရွှေနန်းဆောင်ကြီး အပါအဝင် သမိုင်းဝင်နေ ရာ
များအား ပြန်လည် ထိန်းသိမ်းစောင့်ရှောက်မှုကို မန္တ လေးတိုင်းဒေသကြီး
အစိုးရအဖွဲ့ ၏အစီအစဉ်ဖြင့် ဆောင်ရွက်သွား မည်ဖြစ်ရာ အောက်တို ဘာနောက်
ဆုံးပတ်တွင် လုပ်ငန်းများစတင် ရန်လျာ ထားကြောင်း ရှေးဟောင်း သုတေသန၊
အမျိုးသားပြတိုက် နှင့် စာကြည့်တိုက် ဦးစီးဌာနမှ သိ ရသည်။
ရှေးဟောင်းယဉ်ကျေးမှုအ မွေအနှစ်များ မပျောက်ပျက်စေ ရန် နှင့် ပြည်
တွင်းပြည် ပ ခရီးသွား လုပ် ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်
အကူပြုစေရန် ရည် ရွယ်၍ ထိန်းသိမ်းစောင့်ရှောက်ရ ခြင်းဖြစ်ရာ လက်ရှိတွင် အလှူ
ရှင်များက စုစုပေါင်းအလှူငွေကျပ် သိန်း၁၄ဝဝကို လှူဒါန်းထားပြီး ဖြစ်ကြောင်း၊
မြနန်းစံကျော်ရွှေ နန်းဆောင်ကြီးကို အဓိကဦးစား ပေးအဖြစ် လျာထားသော်လည်း
အနီးရှိ စွယ်တော်စင်၊ ဗဟိုရ်စင်၊ ဆွေတော်မျိုးတော်များ သချုØင်း တော်နှင့်
ဒင်္ဂါးစက်ရုံတို့ကို ပြန် လည်ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ
ဆောင်ရွက်မည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသန၊ အမျိုး သားပြတိုက်နှင့်
စာကြည့်တိုက် ဦးစီးဌာန(အထက်မြန်မာပြည်) မှ ညွှန်ကြားရေးမှူး ဦးဇော်ဦးဟန် က
ရန်ကုန်တိုင်းမ်နေ့စဉ်သတင်း စာသို့ ပြောသည်။
''လက်ရှိမှာက အလှူငွေ
အနေနဲ့ ကျပ်သိန်း ၁၄ဝဝရရှိပြီ ဆိုပေမယ့် လျာထားတဲ့လုပ်ငန်း တွေအတွက်တော့
လုံလောက်မှု မရှိနိုင်သေးပါဘူး။ ဟိုအရင်တုန်း ကလဲ
နှစ်တိုင်းလိုလိုထိန်းသိမ်းမှု လုပ်ငန်းတွေ ကို ဆောင်ရွက်ခဲ့ တယ် ဆိုပေမယ့်
နိုင်ငံတော်ဘတ်ဂျက် ကနေ သုံးစွဲရတာဖြစ်လို့ အကန့် အသတ်ရှိပါတယ်။
''လက်ရှိမှာက အလှူငွေ အနေနဲ့ ကျပ်သိန်း ၁၄ဝဝရရှိပြီ ဆိုပေမယ့် လျာထားတဲ့လုပ်ငန်း တွေအတွက်တော့ လုံလောက်မှု မရှိနိုင်သေးပါဘူး။ ဟိုအရင်တုန်း ကလဲ နှစ်တိုင်းလိုလိုထိန်းသိမ်းမှု လုပ်ငန်းတွေ ကို ဆောင်ရွက်ခဲ့ တယ် ဆိုပေမယ့် နိုင်ငံတော်ဘတ်ဂျက် ကနေ သုံးစွဲရတာဖြစ်လို့ အကန့် အသတ်ရှိပါတယ်။
0 comments:
Post a Comment