Pages

Thursday, October 17, 2013

သျှမ်း/မြောက် နမ့်ခမ်းမြို့တွင် ဗုံးသုံးလုံး ဆက်တိုက်ပေါက်ကွဲ တစ်ဦးသေ နှစ်ဦးဒဏ်ရာရ

သျှမ်း/မြောက် နမ့်ခမ်းမြို့တွင် ဗုံးသုံးလုံး ဆက်တိုက်ပေါက်ကွဲ တစ်ဦးသေ နှစ်ဦးဒဏ်ရာရ by  သျှမ်းသံတော်ဆင့် (ဟွမ်ဟွမ်)

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ မြို့လယ်ဘုရားကျောင်းအနီးတွင် ဗုံးသုံးလုံးဆက်တိုက်ပေါက်ကွဲရာလူတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရကြောင်း သျှမ်းသံတော်ဆင့်မှ သတင်းရရှိသည်။

“မနေ့ ည ၁၀း၅၀ လောက်မှာ တစ်လုံးပေါက်တယ်၊ ဒီမနက် ၇း၀၀ နာရီ နဲ့ ၇း၃၀ မှာ တစ်ကြိမ်စီပေါက်ကွဲ တယ်၊ ဒီမနက် ပထမတလုံး ပေါက်တဲ့ဗုံးက အမှိုက်ရှင်းတဲ့ စည်ပင်ဝန်ထမ်းတစ်ဦး ၀မ်းဗိုက်ပေါက်ကွဲပြီး ပွဲချင်းပြီးသေဆုံးတယ်၊ ဒုတိယပေါက်တဲ့ဗုံး ကတော့ အသက် ၁၅ နှစ်အရွယ် ကလေးတစ်ဦးရယ် ပေါက်တဲန့်မ ရပ်ကွက်က တရုတ် အဖိုးကြီးတစ်ဦးရယ် ထိခိုက်ဒဏ်ရာရသွားတယ် ” ဟု အခင်းဖြစ်ပွားမှု တွင် မြင်တွေ့ရသူ စိုင်းအိုက်လှ ကပြောသည်။

ဗုံးပေါက်မှုကြောင့်ထိခိုက်ဒဏ်ရာရသွားသည့် အသက် ၁၅ နှစ်အရွယ် ကလေးမှာ ပေါက်တိုက်ရပ်ကွက်နေ ပါ့နန်းနွမ်း၏သား စိုင်းအိုက်ဖွန် ဖြစ်ပြီး ၀မ်းဗိုက်နှင့်မေးတို့တွင် ဒဏ်ရာရရှိသွားကြောင်း ယခုသတင်းရေး နေချိန် (မနက် ၉း၃၀ ) အချိန်တွင် နမ့်ခမ်းပြည့်သူ့ဆေးရုံ မှ မူစယ်ပြည့်သူ့ဆေးရုံသို့ အရေးပေါ် ပို့ဆောင် ခွဲစိတ်ကုသနေပြီဖြစ်ကြောင်း သိရသည်။

ပေါက်တဲန်မ ရပ်ကွက်နေ မိုင်းဝီး ရွာသား တရုတ် လူမျိုး အသက် (၅၀)ကျော် အမျိုးသားမှာမူ ဘယ်လက်မောင်း ဒဏ်ရာရရှိကြောင်း ၄င်းက ဆိုပါသည်။

“ကျမတို့မြို့ က ဘယ်လိုမှ လုံခြုံမှုမရှိတော့ဘူး။ တစ်ည နဲ့တစ်ရက်တောင် ဗုံးသုံးလုံးပေါက်ကွဲတယ်။ ပေါက်တဲ့နေရာကလဲ တနေရာနဲ့တနေရာ သိပ်မဝေးဘူး။ ကျမတို့ ကလေးကို ကျောင်းမလွှတ်ရဲတော့ဘူး။ ဘယ်သူ့ လက်ချက်ပဲဖြစ်ဖြစ် ဒါအင်မတန်မှ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်ဘဲ၊ ကျမတို့ပြည်သူတွေက ဘာအပြစ်ရှိလဲ။ ဘာဖြစ်လို့ မြို့လယ်ခေါင် မှာ လာဖောက်ခွဲရတာလဲ ။ ဘယ်လိုဦးနှောက်နဲ့အလုပ်လုပ် နေတာလဲ ”ဟု နမ့်ခမ်းမြို့နေ ပါ့နန်းအောင်အေး က ၄င်း၏ခံစားချက်အား ဖွင့်ဟပြောဆိုသည်။

ဗုံးသုံးလုံး စလုံးသည် မြို့လယ်ဘုရားကျောင်း အနီး ပြည်ထောင်စု လမ်းမ ပေါ်တွင် ပေါက်ကွဲခဲ့ပြီး ကိုက် ၂၀၀ အတွင်း တွင်သာ ပေါက်ကွဲခြင်း ဖြစ်ကြောင်း ၄င်းကဆိုသည်။

ယခုသတင်းရေးနေချိန်တွင် နမ့်ခမ်းမြို့အတွင်းနေရာအနှံ့အပြား ဗုံးရှင်းလင်းရေးဟုဆိုကာ မြန်မာစစ်သားများလှုပ်ရှားနေကြောင်း၊ လမ်းကြိုလမ်းကြား အမှိုက်ပုံများတွင်ပါမကျန် စစ်ဆေးကြည့်ရှုနေကြောင်း စိုင်းအိုက်လှ က သျှမ်းသံတော်ဆင့်အား ပြောပြပါသည်။ဗုံးမပေါက်ကွဲမီ ယမန်နေ့ ညကလည်း အစိုးရ၏စစ်တပ်များသည် မြို့လယ်ဘုရားကျောင်းတွင် လာရောက်တည်းခို ကြကြောင်း ဒေသခံများကပြောပါသည်။

by  သျှမ်းသံတော်ဆင့် (ဟွမ်ဟွမ်)

RangonNewsDaily:: October. 17 .2013
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ မြို့လယ်ဘုရားကျောင်းအနီးတွင် ဗုံးသုံးလုံးဆက်တိုက်ပေါက်ကွဲရာ
လူတစ်
ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရကြောင်း သျှမ်းသံတော်ဆင့်မှ သတင်းရရှိသည်။ “မနေ့ ည ၁၀း၅၀ လောက်မှာ တစ်လုံးပေါက်တယ်၊ ဒီမနက် ၇း၀၀ နာရီ နဲ့ ၇း၃၀ မှာ တစ်ကြိမ်စီပေါက်ကွဲ တယ်၊ ဒီမနက် ပထမတလုံး ပေါက်တဲ့ဗုံးက အမှိုက်ရှင်းတဲ့ စည်ပင်ဝန်ထမ်းတစ်ဦး ၀မ်းဗိုက်ပေါက်ကွဲပြီး ပွဲ
ချင်းပြီးသေဆုံးတယ်၊ ဒုတိယပေါက်တဲ့ဗုံး ကတော့ အသက် ၁၅ နှစ်အရွယ် ကလေးတစ်ဦးရယ် ပေါက်တဲန့်မ ရပ်ကွက်က တရုတ် အဖိုးကြီးတစ်ဦးရယ် ထိခိုက်ဒဏ်ရာရသွားတယ် ” ဟု အခင်းဖြစ်ပွားမှု တွင် မြင်တွေ့
ရသူ စိုင်းအိုက်လှ ကပြောသည်။

ဗုံးပေါက်မှုကြောင့်ထိခိုက်ဒဏ်ရာရသွားသည့် အသက် ၁၅ နှစ်အရွယ် ကလေးမှာ ပေါက်တိုက်ရပ်ကွက်နေ ပါ့နန်းနွမ်း၏သား စိုင်းအိုက်ဖွန် ဖြစ်ပြီး ၀မ်းဗိုက်နှင့်မေးတို့တွင် ဒဏ်ရာရရှိသွားကြောင်း ယခုသတင်းရေး နေ
ချိန် (မနက် ၉း၃၀ ) အချိန်တွင် နမ့်ခမ်းပြည့်သူ့ဆေးရုံ မှ မူစယ်ပြည့်သူ့ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခွဲစိတ်
ကုသနေပြီဖြစ်ကြောင်း သိရသည်။

ပေါက်တဲန်မ ရပ်ကွက်နေ မိုင်းဝီး ရွာသား တရုတ်လူမျိုးအသက် (၅၀)ကျော်အမျိုးသားမှာမူ ဘယ်လက်မောင်း
 ဒဏ်ရာရရှိကြောင်း ၄င်းက ဆိုပါသည်။

“ကျမတို့မြို့ က ဘယ်လိုမှ လုံခြုံမှုမရှိတော့ဘူး။ တစ်ည နဲ့တစ်ရက်တောင် ဗုံးသုံးလုံးပေါက်ကွဲတယ်။ ပေါက်
တဲ့နေရာကလဲ တနေရာနဲ့တနေရာ သိပ်မဝေးဘူး။ ကျမတို့ ကလေးကို ကျောင်းမလွှတ်ရဲတော့ဘူး။ ဘယ်သူ့ လက်ချက်ပဲဖြစ်ဖြစ် ဒါအင်မတန်မှ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်ဘဲ၊ ကျမတို့ပြည်သူတွေက ဘာအပြစ်ရှိလဲ။ ဘာဖြစ်လို့ မြို့လယ်ခေါင် မှာ လာဖောက်ခွဲရတာလဲ ။ ဘယ်လိုဦးနှောက်နဲ့အလုပ်လုပ် နေတာလဲ ”ဟု နမ့်
ခမ်းမြို့နေ ပါ့နန်းအောင်အေး က ၄င်း၏ခံစားချက်အား ဖွင့်ဟပြောဆိုသည်။

ဗုံးသုံးလုံး စလုံးသည် မြို့လယ်ဘုရားကျောင်း အနီး ပြည်ထောင်စု လမ်းမ ပေါ်တွင် ပေါက်ကွဲခဲ့ပြီး ကိုက် ၂၀၀ အတွင်း တွင်သာ ပေါက်ကွဲခြင်း ဖြစ်ကြောင်း ၄င်းကဆိုသည်။

ယခုသတင်းရေးနေချိန်တွင် နမ့်ခမ်းမြို့အတွင်းနေရာအနှံ့အပြား ဗုံးရှင်းလင်းရေးဟုဆိုကာ မြန်မာစစ်သား
များလှုပ်ရှားနေကြောင်း၊ လမ်းကြိုလမ်းကြား အမှိုက်ပုံများတွင်ပါမကျန် စစ်ဆေးကြည့်ရှုနေကြောင်း စိုင်း
အိုက်လှ က သျှမ်းသံတော်ဆင့်အား ပြောပြပါသည်။ဗုံးမပေါက်ကွဲမီ ယမန်နေ့ ညကလည်း အစိုးရ၏စစ်တပ်
များသည် မြို့လယ်ဘုရားကျောင်းတွင် လာရောက်တည်းခို ကြကြောင်း ဒေသခံများကပြောပါသည်။

သျှမ်းသံတော်ဆင့်::-- , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment