skip to main |
skip to sidebar
မန္တလေးဈေးချို ဗုံးလန့်မှု နှစ်နာရီခန့် အရောင်းအဝယ်ရပ်
12:33 PM
Kolatt
RangonNewsDaily:: October. 17 .2013
မန္တလေး
ဈေးချိုတော်တွင် ယင်းနေ့ နံနက် ၈ နာရီခန့်က ဗုံးလန့်မှုတစ်ခု
ဖြစ်ပွားခဲ့ပြီး အများပြည်သူ ထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊
ယင်းကဲ့သို့ ဗုံးလန့်မှုကြောင့် နှစ်နာရီခန့် အရောင်းအဝယ် ရပ်တန့်ခဲ့ပြီး
နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ဗုံးမဟုတ်ဘဲ တစ်ပေ ပတ်လည်ခန့် ရှိသည့်
စက္ကူဂျပ်ပုံး အခွံတစ်ခုသာ ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ကြောင်း၊
ယင်းစက္ကူဂျပ်ပုံးသည် ပထမထပ် A ရုံ ထုပ်တန်းပေါ်၌ တင်ထားသည်ကို တွေ့ရကာ
ဗုံးရှင်းလင်းရေး အဖွဲ့များက ယင်းစက္ကူပုံး အနီးတွင် သဲအိတ်များ ချထားခြင်း၊
ပိုက်ဖြင့် ကာရံခြင်းများဖြင့် ဗုံးရှင်းလင်းရေး ဆောင်ရွက်ကြောင်း၊
ယင်းနောက် ရှင်းလင်းရေး အဖွဲ့ဝင်တစ်ဦးက ဝါးလုံး တစ်ခုဖြင့်
ထိုးချလိုက်သည့် အခါ၌ စက္ကူဂျပ်ပုံးခွံတစ်ခု ဖြစ်နေကြောင်း အဆိုပါ
ဖြစ်ရပ်ရှင်းလင်းမှု မျက်မြင် အခြေအနေအရ သိရှိရသည်။
“ဗုံးလို့ ယူဆရတဲ့
အရာဝတ္ထုတစ်ခုကို ဝါးလုံးနဲ့ ထိုးချရဲတာကတော့ ရဲတင်းလွန်းပါတယ်” ဟု
ယင်းဗုံးရှင်းလင်းရေး မြင်ကွင်းကို ကြည့်ရှုနေသူ မန္တလေးမြို့ခံတစ်ဦးက
မှတ်ချက်ပြုဆိုသည်။
ယင်း ဈေးချိုတော် ဆိုင်ခန်းရှင်များနှင့်
ရပ်ကွက်အတွင်း နေထိုင်သူများကို ဗုံးနှင့် ပတ်သက်၍ မသင်္ကာစရာနှင့်
ထူးခြားဖြစ်စဉ် ပေါ်ပေါက်ပါက သက်ဆိုင်ရာသို့ အကြောင်းကြားရန် အောက်တိုဘာ လ
၁၅ ရက်နေ့က ညွှန်ကြားထားပြီး ဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ် ချမ်းအေး
အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလင်းထင်က ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံ မြို့နယ် လမ်း ၈၀ နှင့် ၁၆ လမ်းထောင့်ရှိ
ရွှေဘဲ စားသောက်ဆိုင် အတွင်းတွင် အောက်တိုဘာလ ၁၄ ရက်နေ့က လက်ပစ်ဗုံးတစ်လုံး
တွေ့ရှိခဲ့ရပြီး လက်ပစ်ဗုံး ပိုင်ရှင်ဟု ယူဆရသူ မြန်မာနိုင်ငံသား
တစ်ဦးနှင့် မလေးရှားနိုင်ငံသူ တစ်ဦးတို့ကို ခေါ်ယူစစ်မေးနေကြောင်း
မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
The Voice::,,kolatt(PBDN)
RangonNewsDaily
world time
0 comments:
Post a Comment