Pages

Thursday, October 17, 2013

ရေငုပ်သင်္ဘော ပိုင်ဆိုင်ခြင်း မရှိသေးသော်လည်း ရေငုပ်သင်္ဘော အခြေစိုက်စခန်း ထိုင်းတည်ဆောက်

Photo: ရေငုပ်သင်္ဘော ပိုင်ဆိုင်ခြင်း မရှိသေးသော်လည်း ရေငုပ်သင်္ဘော အခြေစိုက်စခန်း ထိုင်းတည်ဆောက်
Thursday, October 17, 2013

ထိုင်းတော်ဝင် ရေတပ်မတော်တွင် ရေငုပ်သင်္ဘော တစ်စင်းမျှ ပိုင်ဆိုင်ခြင်း မရှိသေးသော်လည်း ရေငုပ်သင်္ဘော အခြေစိုက်စခန်းနှင့် လေ့ကျင့်ရေး စင်တာတစ်ခုကို ၂၀၁၄ ခုနှစ် မတ်လအတွင်း အပြီးတည်ဆောက်ရန် စီစဉ်နေကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။

ရေငုပ်သင်္ဘော အခြေစိုက်စခန်းကို ဆတ်တာဟစ် ရေတပ်စခန်း၌ ၂၀၁၂ ခုနှစ်မှ စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ထိုင်းရေတပ် အနေနှင့် ရေငုပ်သင်္ဘော သုံးစင်းအထိ ဝယ်ယူရန် စီစဉ်လျက်ရှိသည်။

အခြေစိုက် စခန်းသစ်ကို ဘတ်ငွေ သန်း ၅၄၀ အကုန်အကျခံ တည်ဆောက်ခြင်း ဖြစ်ပြီး ရေငုပ်သင်္ဘော တပ်ဖွဲ့ဝင် လေ့ကျင့်ရေး စင်တာအတွက် ဘတ်သန်း ၂၀၀ အထိ အသုံးပြုခဲ့ကြောင်း ထိုင်း ရေငုပ်သင်္ဘောတပ်ဖွဲ့ အကြီးအကဲ ပါနျူးပန်ရာဗီရိုချာက ပြောကြားသည်။

ဂျာမနီနိုင်ငံထုတ် အသုံးပြုပြီး ရေငုပ်သင်္ဘော အဟောင်းလေးစင်းကို ဘတ်ငွေ ၇ ဘီလီယံ အကုန်အကျခံ ဝယ်ယူရန် ထိုင်းအစိုးရအဖွဲ့က သုံးသပ်နေခြင်းကြောင့် ရေငုပ်သင်္ဘောတပ်ဖွဲ့ တည်ထောင်ထားရှိရန် ထိုင်းရေတပ် ဗိုလ်ချုပ်ကြီးဟောင်း ပန်ချီရန်က ၂၀၁၁ ခုနှစ် ဧပြီလ အတွင်းက အမိန့်ပေးခဲ့သည်။

သို့သော်လည်း ရေငုပ်သင်္ဘောဟောင်းများ၏ ကုန်ကျစရိတ်၊ ဝယ်ယူရေး ဖြစ်စဉ် ပွင့်လင်းမြင်သာမှုများနှင့် ပတ်သက်ပြီး မေးခွန်းများ ပေါ်ထွက်လာခြင်းကြောင့် ဂျာမနီ ရေငုပ်သင်္ဘောများ ဝယ်ယူရေး အစီအစဉ်ကို ရပ်ဆိုင်းခဲ့သည်။
“ရေငုပ်သင်္ဘောတွေက ထိုင်းအတွက် မဟာဗျူဟာမြောက် အရေးပါ ပါတယ်” ဟု ထိုင်းရေတပ် ဗိုလ်ချုပ်ပါနျူးက မှတ်ချက်ပြုသည်။

တောင်တရုတ်ပင်လယ် အငြင်းပွားမှုများ တိုးမြှင့်လာခြင်းကြောင့် ပဋိပက္ခများ ဖြစ်ပွားလာပါက ထိုင်းပင်လယ်ကွေ့မှတစ်ဆင့် သင်္ဘောများ ဝင်ထွက်သွားလာရေး ရပ်ဆိုင်းသွားနိုင်ကြောင်း ထိုင်းနိုင်ငံ အနေနှင့် သင်္ဘောများ လွတ်လပ်စွာ သွားလာနိုင်ရေး ခုခံကာကွယ်နိုင်မည့် စွမ်းရည် ပိုင်ဆိုင်ထားရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထိုင်းရေကြောင်း ပိုက်နက်တွင်း ကျူးကျော် ဝင်ရောက်လာမည့် အဖွဲ့များကို ရေငုပ်သင်္ဘောများက ကာကွယ်တားဆီး ပေးနိုင်မည် ဖြစ်ကြောင်း ရေငုပ်သင်္ဘောတပ်ဖွဲ့ တပ်မှူးပါနျူးက ပြောကြားသည်။

အင်ဒိုနီးရှား၊ စင်ကာပူ၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံ များတွင် ရေငုပ်သင်္ဘောများ ပိုင်ဆိုင်ထားပြီး ထိုင်းနိုင်ငံအနီး ရေပြင်တွင် နိုင်ငံအသီးသီးမှ ရေငုပ်သင်္ဘော ၁၉ စင်း လှုပ်ရှားတပ်စွဲထားကြောင်း ထိုင်းရေတပ်က ပြောကြားသည်။

ထိုင်းရေတပ် အကြီးအကဲ ပီပါတာနာဆိုင်းကလည်း ရေငုပ်သင်္ဘောများ ပိုင်ဆိုင်ရန် လိုအပ်ကြောင်း တိုက်တွန်း ပြောကြားသွားပြီး အနာဂတ်တွင် ပိုင်ဆိုင်လာနိုင်မည့် ရေငုပ်သင်္ဘောများအတွက် ရည်ရွယ်ပြီး ကြိုတင်လေ့ကျင့်မှုများ ပြုလုပ်ထားရမည်ဟု ပြောကြားသည်။

ဝန်ကြီးချုပ် ယင်းလပ် အစိုးရအဖွဲ့က လက်နက်ကိုင် တပ်ဖွဲ့များ ဖွံ့ဖြိုးတိုးတက်ရေး ၁၀ နှစ် စီမံကိန်း ရေးဆွဲရန် ထိုင်းတပ်ဖွဲ့များ အကြီးအကဲ ပတီမာပရာကွန်းကို ညွန်ကြားထားပြီး ယင်းအစီအစဉ်တွင် ရေငုပ် သင်္ဘောများ ဝယ်ယူရေး ပါဝင်မည်ဟု ထိုင်း ကာကွယ်ရေးဝန်ကြီးဌာန အသိုင်းအဝိုင်းက ပြောကြားသည်။

ထိုင်းနိုင်ငံ၏ အိမ်နီးချင်း မြန်မာနိုင်ငံတွင် တည်ဆောက်လျက်ရှိသော ထားဝယ် ရေနက်စီမံကိန်း ဖွင့်လှစ်နိုင်ပါက ထိုင်းအနောက်ဘက် ကမ်းရိုးတန်းဒေသတွင် ရေကြောင်း သွားလာမှုများ ပိုမိုလာမည် ဖြစ်ပြီး ရေငုပ်သင်္ဘောများ အရေးပါမှု ပိုမိုမြင့်တက်လာမည်ဟု သတင်းတွင် ဖော်ပြထားသည်။

The Voice Weekly

RangonNewsDaily:: October. 17 .2013
ထိုင်းတော်ဝင် ရေတပ်မတော်တွင် ရေငုပ်သင်္ဘော တစ်စင်းမျှ ပိုင်ဆိုင်ခြင်း မရှိသေးသော်လည်း ရေငုပ်
သင်္ဘောအခြေစိုက်စခန်းနှင့် လေ့ကျင့်ရေးစင်တာတစ်ခုကို၂၀၁၄ ခုနှစ်မတ်လအတွင်းအပြီးတည်ဆောက်
ရန် စီစဉ်နေကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။ ရေငုပ်သင်္ဘော အခြေစိုက်စခန်းကိုဆတ်တာဟစ် ရေတပ်စခန်း၌ ၂၀၁၂ခုနှစ်မှစတင်တည်ဆောက်ခဲ့ခြင်း
 ဖြစ်ပြီး ထိုင်းရေတပ် အနေနှင့် ရေငုပ်သင်္ဘော သုံးစင်းအထိ ဝယ်ယူရန် စီစဉ်လျက်ရှိသည်။

အခြေစိုက် စခန်းသစ်ကို ဘတ်ငွေ သန်း ၅၄၀ အကုန်အကျခံ တည်ဆောက်ခြင်း ဖြစ်ပြီး ရေငုပ်သင်္ဘော တပ်
ဖွဲ့ဝင် လေ့ကျင့်ရေး စင်တာအတွက် ဘတ်သန်း ၂၀၀ အထိ အသုံးပြုခဲ့ကြောင်း ထိုင်း ရေငုပ်သင်္ဘောတပ်ဖွဲ့ အကြီးအကဲ ပါနျူးပန်ရာဗီရိုချာက ပြောကြားသည်။

ဂျာမနီနိုင်ငံထုတ် အသုံးပြုပြီး ရေငုပ်သင်္ဘော အဟောင်းလေးစင်းကို ဘတ်ငွေ ၇ ဘီလီယံ အကုန်အကျခံ ဝယ်ယူရန် ထိုင်းအစိုးရအဖွဲ့က သုံးသပ်နေခြင်းကြောင့် ရေငုပ်သင်္ဘောတပ်ဖွဲ့ တည်ထောင်ထားရှိရန် ထိုင်းရေတပ် ဗိုလ်ချုပ်ကြီးဟောင်း ပန်ချီရန်က ၂၀၁၁ ခုနှစ် ဧပြီလ အတွင်းက အမိန့်ပေးခဲ့သည်။

သို့သော်လည်း ရေငုပ်သင်္ဘောဟောင်းများ၏ ကုန်ကျစရိတ်၊ ဝယ်ယူရေး ဖြစ်စဉ် ပွင့်လင်းမြင်သာမှုများနှင့် ပတ်သက်ပြီး မေးခွန်းများ ပေါ်ထွက်လာခြင်းကြောင့် ဂျာမနီ ရေငုပ်သင်္ဘောများ ဝယ်ယူရေး အစီအစဉ်ကို ရပ်ဆိုင်းခဲ့သည်။

“ရေငုပ်သင်္ဘောတွေက ထိုင်းအတွက် မဟာဗျူဟာမြောက် အရေးပါ ပါတယ်” ဟု ထိုင်းရေတပ် ဗိုလ်ချုပ်ပါနျူး
က မှတ်ချက်ပြုသည်။

တောင်တရုတ်ပင်လယ် အငြင်းပွားမှုများ တိုးမြှင့်လာခြင်းကြောင့် ပဋိပက္ခများ ဖြစ်ပွားလာပါက ထိုင်းပင်
လယ်ကွေ့မှတစ်ဆင့် သင်္ဘောများ ဝင်ထွက်သွားလာရေး ရပ်ဆိုင်းသွားနိုင်ကြောင်း ထိုင်းနိုင်ငံ အနေနှင့် သင်္ဘောများ လွတ်လပ်စွာ သွားလာနိုင်ရေး ခုခံကာကွယ်နိုင်မည့် စွမ်းရည် ပိုင်ဆိုင်ထားရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထိုင်းရေကြောင်း ပိုက်နက်တွင်း ကျူးကျော် ဝင်ရောက်လာမည့် အဖွဲ့များကို ရေငုပ်သင်္ဘောများက ကာကွယ်
တားဆီး ပေးနိုင်မည် ဖြစ်ကြောင်း ရေငုပ်သင်္ဘောတပ်ဖွဲ့ တပ်မှူးပါနျူးက ပြောကြားသည်။

အင်ဒိုနီးရှား၊ စင်ကာပူ၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံ များတွင် ရေငုပ်သင်္ဘောများ ပိုင်ဆိုင်ထားပြီး ထိုင်းနိုင်
ငံအနီး ရေပြင်တွင် နိုင်ငံအသီးသီးမှ ရေငုပ်သင်္ဘော ၁၉ စင်း လှုပ်ရှားတပ်စွဲထားကြောင်း ထိုင်းရေတပ်
က ပြောကြားသည်။

ထိုင်းရေတပ် အကြီးအကဲ ပီပါတာနာဆိုင်းကလည်း ရေငုပ်သင်္ဘောများ ပိုင်ဆိုင်ရန် လိုအပ်ကြောင်း တိုက်
တွန်း ပြောကြားသွားပြီးအနာဂတ်တွင်ပိုင်ဆိုင်လာနိုင်မည့် ရေငုပ်သင်္ဘောများအတွက်ရည်ရွယ်ပြီးကြိုတင်လေ့
ကျင့်မှုများ ပြုလုပ်ထားရမည်ဟု ပြောကြားသည်။

ဝန်ကြီးချုပ် ယင်းလပ် အစိုးရအဖွဲ့က လက်နက်ကိုင် တပ်ဖွဲ့များ ဖွံ့ဖြိုးတိုးတက်ရေး ၁၀ နှစ် စီမံကိန်း ရေးဆွဲ
ရန် ထိုင်းတပ်ဖွဲ့များ အကြီးအကဲ ပတီမာပရာကွန်းကို ညွန်ကြားထားပြီး ယင်းအစီအစဉ်တွင် ရေငုပ်သင်္ဘော
များ ဝယ်ယူရေး ပါဝင်မည်ဟု ထိုင်း ကာကွယ်ရေးဝန်ကြီးဌာန အသိုင်းအဝိုင်းက ပြောကြားသည်။

ထိုင်းနိုင်ငံ၏ အိမ်နီးချင်း မြန်မာနိုင်ငံတွင် တည်ဆောက်လျက်ရှိသော ထားဝယ် ရေနက်စီမံကိန်း ဖွင့်လှစ်နိုင်
ပါက ထိုင်းအနောက်ဘက် ကမ်းရိုးတန်းဒေသတွင် ရေကြောင်း သွားလာမှုများ ပိုမိုလာမည် ဖြစ်ပြီး ရေငုပ်
သင်္ဘောများ အရေးပါမှု ပိုမိုမြင့်တက်လာမည်ဟု သတင်းတွင် ဖော်ပြထားသည်။

The Voice Weekly , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment