Pages

Thursday, October 17, 2013

ဥက္ကာခဲ အန္တရာယ် ပူးပေါင်းကာကွယ်ရန် အမေရိကန်နှင့် ရုရှားတို့ သဘောတူ

Photo: ဥက္ကာခဲ အန္တရာယ် ပူးပေါင်းကာကွယ်ရန် အမေရိကန်နှင့် ရုရှားတို့ သဘောတူ
Thursday, October 17, 2013

2011 EO40သည် Apollo Asteroidခေါ် နေကို ဗဟိုပြု လှည့်ပတ်သည့် ဥက္ကာခဲမျိုးဖြစ်ပြီး တစ်နေ့နေ့တွင် ကမ္ဘာမြေသို့ ထိပ်တိုက် ဦးတည်နိုင်ကြောင်း သုတေသီများက မှတ်ချက်ပေးထား

ဥက္ကာခဲ အန္တရာယ် ပူးပေါင်းကာကွယ်ရန် အမေရိကန်နှင့် ရုရှားတို့ သဘောတူ
အနာဂတ်ကာလ ကမ္ဘာမြေကို ခြိမ်းခြောက်လာနိုင်သည့် ဥက္ကာခဲများကို မိမိတို့၏ နျူကလီးယား လက်နက်များဖြင့် ပူးပေါင်းဖြိုခွင်းရန် အမေရိကန်နှင့် ရုရှားတို့ သဘောတူ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ကြောင်း သိရှိရသည်။ (၁၉၉၈)ခုနှစ်က ဘရုစ်ဝီလီနှင့် ဘန်အက်ဖလက်တို့ ဦးဆောင် ပါဝင်ခဲ့သည့် Armageddon ဇာတ်ကားတွင် တက္ကဆက်စ် ပြည်နယ် အရွယ်အစားမျှ ရှိနေပြီး ကမ္ဘာမြေသို့ ဦးတည်ချဉ်းကပ်လာသည့် ဥက္ကာခဲကြီးမျိုး၏ ခြိမ်းခြောက်မှုကို အနာဂတ်တွင် အမှန်တကယ် ကြုံလာရပါက အပြည့်အဝ ပူးပေါင်းရန် စစ်အေးကာလ ရန်သူတော် နိုင်ငံကြီးနှစ်ခု ကတိကဝတ် ထားရှိခဲ့ခြင်း ဖြစ်သည်။ ယင်းအခြေအနေသည် စိတ်ကူးယဉ် ဆန်လွန်းသည်ဟု ယူဆစရာ ဖြစ်သော်လည်း ရုရှားအနေဖြင့် မကြာသေးမီ နှစ်ပိုင်းအတွင်း ဥက္ကာခဲ ပြဿနာတစ်ရပ်နှင့် အမှန်တကယ် ကြုံထားရခြင်းကြောင့် လက်တွေ့ စိုးရိမ်သင့်ကြောင်း အခိုင်အမာ ယူဆထားသည်။

ပြီးခဲ့သည့်လက အပြည်ပြည်ဆိုင်ရာ လုံခြုံရေးကဏ္ဍနှင့် အာကာသအတွင်းမှ ခြိမ်းခြောက်လာမှုများကို မိမိတို့၏ အဆင့်အမြင့်ဆုံး လက်နက် နည်းပညာများနှင့် ပူးပေါင်းကာကွယ်သွားရန် ရုရှားနှင့် အမေရိကန်တို့ သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်။ ယင်းစာချုပ်ကို အမေရိကန် စွမ်းအင်ဝန်ကြီး အာနက်စ်မိုနစ်ဇ်နှင့် ရုရှား အစိုးရ နိုင်ငံတကာရေးရာ ပူးပေါင်းဆောင်ရွက်မှု အထွေထွေ ဒါရိုက်တာ ဆာဂျီကီရီယန်ကိုတို့က စက်တင်ဘာလ (၁၆)ရက်နေ့က လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။ (၁၉၉၅)ခုနှစ်က ဆိုဗီယက် ယူနီယံမှ ပညာရှင်များနှင့် အမေရိကန်မှ နျူက လီးယား သုတေသီများသည် အာကာသထဲမှ ဥက္ကာခဲများ ခြိမ်းခြောက်လာ ပါက တုံ့ပြန်နိုင်မည့် လက်နက်ဒီဇိုင်း တစ်ခုကို ဆွေးနွေးဖူးသော်လည်း အထမမြောက်ခဲ့ချေ။

ထိုအချိန်မှစပြီး ကမ္ဘာအနီးတွင် ဥက္ကာခဲပေါင်း (၁၀၀၀၀)ကျော် ရွေ့ လျား ဖြတ် သန်းခဲ့ပြီးဖြစ်ကြောင်း NASAက ကြေညာခဲ့သည်။ ယင်းတို့အနက် (၉)ရာခိုင်နှုန်းသည် ကမ္ဘာမြေ မျက်နှာပြင်အထက် ပေ(၃၀၀၀၀)မျှထိ နီးကပ်စွာ ဖြတ်သန်းခဲ့ခြင်း ဖြစ်သည်။ ပညာရှင်များက ဥက္ကာခဲတစ်ခု ကမ္ဘာမြေသို့ ဝင်တိုက်ရန်မှ နှစ်ပေါင်း (၇)သောင်းနှင့် သန်း(၁၀၀)ကြား အချိန်တွင် (၁)ကြိမ်မျှသာ ဖြစ်နိုင်ကြောင်း ခန့်မှန်းထားသော်လည်း ပေါ့ပေါ့ တန်တန် သဘောထားရန် မသင့်ကြောင်း မှတ်ချက်ပြုထားသည်။

Planet Myanmar Network

RangonNewsDaily:: October. 17 .2013
ဥက္ကာခဲ အန္တရာယ် ပူးပေါင်းကာကွယ်ရန် အမေရိကန်နှင့် ရုရှားတို့ သဘောတူအနာဂတ်ကာလ ကမ္ဘာမြေကို
 ခြိမ်းခြောက်လာနိုင်သည့် ဥက္ကာခဲများကို မိမိတို့၏ နျူကလီးယား လက်နက်များဖြင့်ပူးပေါင်းဖြိုခွင်းရန် အမေရိ
ကန်နှင့် ရုရှားတို့ သဘောတူ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ကြောင်း သိရှိရသည်။ (၁၉၉၈)ခုနှစ်က ဘရုစ်ဝီလီနှင့် ဘန်အက်ဖလက်တို့ ဦးဆောင် ပါဝင်ခဲ့သည့် Armageddon ဇာတ်ကားတွင် တက္ကဆက်စ် ပြည်နယ် အရွယ်အစားမျှ ရှိနေပြီး ကမ္ဘာမြေသို့ ဦးတည်ချဉ်းကပ်လာသည့် ဥက္ကာခဲကြီးမျိုး၏ ခြိမ်းခြောက်မှုကို အနာဂတ်တွင် အမှန်တကယ် ကြုံလာရပါက အပြည့်အဝ ပူးပေါင်းရန် စစ်အေးကာလ ရန်သူတော် နိုင်ငံကြီးနှစ်ခု ကတိကဝတ် ထားရှိခဲ့ခြင်း ဖြစ်သည်။ 
 
ယင်းအခြေအနေသည်စိတ်ကူးယဉ်ဆန်လွန်းသည်ဟုယူဆစရာ ဖြစ်သော်လည်း ရုရှားအနေဖြင့် မကြာသေး
မီ နှစ်ပိုင်းအတွင်းဥက္ကာခဲ ပြဿနာတစ်ရပ်နှင့်အမှန်တကယ် ကြုံထားရခြင်းကြောင့်လက်တွေ့စိုးရိမ်သင့်ကြောင်း
 အခိုင်အမာ ယူဆထားသည်။

ပြီးခဲ့သည့်လက အပြည်ပြည်ဆိုင်ရာ လုံခြုံရေးကဏ္ဍနှင့် အာကာသအတွင်းမှ ခြိမ်းခြောက်လာမှုများကို မိမိတို့၏ အဆင့်အမြင့်ဆုံး လက်နက် နည်းပညာများနှင့် ပူးပေါင်းကာကွယ်သွားရန် ရုရှားနှင့် အမေရိကန်တို့ သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်။ 
 
ယင်းစာချုပ်ကို အမေရိကန် စွမ်းအင်ဝန်ကြီး အာနက်စ်မိုနစ်ဇ်နှင့် ရုရှား အစိုးရ နိုင်ငံတကာရေးရာ ပူးပေါင်းဆောင်ရွက်မှု အထွေထွေ ဒါရိုက်တာ ဆာဂျီကီရီယန်ကိုတို့က စက်တင်ဘာလ (၁၆)ရက်နေ့က လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။ 
 
(၁၉၉၅)ခုနှစ်က ဆိုဗီယက် ယူနီယံမှ ပညာရှင်များနှင့် အမေရိကန်မှ နျူက လီးယား သုတေသီများသည် အာ
ကာသထဲမှ ဥက္ကာခဲများ ခြိမ်းခြောက်လာ ပါက တုံ့ပြန်နိုင်မည့် လက်နက်ဒီဇိုင်း တစ်ခုကို ဆွေးနွေးဖူးသော်
လည်း အထမမြောက်ခဲ့ချေ။

ထိုအချိန်မှစပြီး ကမ္ဘာအနီးတွင် ဥက္ကာခဲပေါင်း (၁၀၀၀၀)ကျော် ရွေ့ လျား ဖြတ် သန်းခဲ့ပြီးဖြစ်ကြောင်း NASA
က ကြေညာခဲ့သည်။ ယင်းတို့အနက် (၉)ရာခိုင်နှုန်းသည် ကမ္ဘာမြေ မျက်နှာပြင်အထက် ပေ(၃၀၀၀၀)မျှထိ နီးကပ်စွာ ဖြတ်သန်းခဲ့ခြင်း ဖြစ်သည်။ 
 
ပညာရှင်များက ဥက္ကာခဲတစ်ခု ကမ္ဘာမြေသို့ ဝင်တိုက်ရန်မှ နှစ်ပေါင်း (၇)သောင်းနှင့် သန်း(၁၀၀)ကြား အချိန်
တွင်(၁)ကြိမ်မျှသာ ဖြစ်နိုင်ကြောင်းခန့်မှန်းထားသော်လည်း ပေါ့ပေါ့တန်တန်သဘောထားရန် မသင့်ကြောင်း
 မှတ်ချက်ပြုထားသည်။

Planet Myanmar Network , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment