Pages

Sunday, October 27, 2013

ဟိုတယ်များ လုံခြုံရေးတိုးမြှင့်ရန် မလိုက်နာပါက လိုင်စင်ရုပ်သိမ်းသည်အထိ အရေးယူမည်

Photo: ဟိုတယ်များ လုံခြုံရေးတိုးမြှင့်ရန် မလိုက်နာပါက လိုင်စင်ရုပ်သိမ်းသည်အထိ အရေးယူမည်
Sunday, October 27, 2013

ဟိုတယ်လုံခြုံရေး တိုးမြှင့်ရန် ညွှန်ကြားချက်အား မလိုက်နာသည့် ဟိုတယ်များအား ဟိုတယ်နှင့် ခရီးသွားလာရေးဥပဒေအရ လိုင်စင်ရုပ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယခုအချိန်တွင် ဟိုတယ်များ၏ လုံခြုံရေးနှင့် တည်းခိုသူများ အန္တရာယ်ကင်းရေးအတွက် သင်တန်းများဖွင့်လှစ်ပေးကာ လုံခြုံရေးဆိုင်ရာပစ္စည်းများ တပ်ဆင်ခိုင်းသော်လည်း လိုက်နာမှုမရှိသည့် ဟိုတယ်များအား ပညာပေး၍မရတော့ပါက လိုင်စင်ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်းက အောက်တိုဘာ ၂၅ ရက်တွင် ပြောသည်။

““သူတို့တွေကို ပထမတော့ ပညာပေးတဲ့နည်းလမ်းကို သုံးရမှာပဲ။ လုံခြုံရေးဆိုင်ရာ ပစ္စည်းတွေကို တစ်ပြိုင်တည်း အကုန်လုံးတပ်ဖို့ဆိုတာကျတော့လည်း ငွေကြေးကုန်ကျမှုရှိသေးတယ်။ ဒါပေမဲ့ တဖြည်းဖြည်းတော့ လုပ်လာကြမယ်လို့ ယူဆပါတယ်။ အဲဒီလိုလုပ်တာကိုမှ မလိုက်နာရင်တော့ လိုင်စင်ဆိုင်းငံ့တာတို့ လိုအပ်ရင် လိုင်စင်ရုပ်သိမ်းတာတို့ကို ဟိုတယ်/ခရီးဥပဒေအတိုင်း အရေးယူမယ်”” ဟု ဦးအောင်ဇော်ဝင်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်ဆိုင်ရာ လုံခြုံရေး ညွှန်ကြားချက်အား မလိုက်နာပါက ရန်ကုန်ဟိုတယ်ဇုန်အသင်းမှ တာဝန်ရှိသူများက ရှေးဦးစွာ ပညာပေးစည်းရုံးမှု ဆောင်ရွက်ရမည့်နည်းတူ အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း အဆိုပါ ပညာပေးနည်းလမ်းများဖြင့် ဆောင်ရွက်စေမည်ဖြစ်ကြောင်း ဦးအောင်ဇော်ဝင်းက ပြောသည်။

““ကျွန်တော်တို့နယ်မြေထဲမှာဆို ဟိုတယ်၊ မိုတယ်တွေ ရှိနေတာ။ လုံခြုံရေးပိုင်းဆိုင်ရာကို တာဝန်ရှိလို့ စီစီတီဗီ ဘယ်လိုတပ်ပါ။ မိုင်းရှာတာတွေ ထားပေးပါ။ လုံခြုံရေးဆိုင်ရာသင်တန်း တက်ကြပါပြောတယ်။ လိုက်မလုပ်ဘူး။ ဒီလိုဆိုတော့ ခက်တာပေါ့”” ဟု မရမ်းကုန်း မြို့မရဲတပ်ဖွဲ့စခန်းမှူး ဒုတိယရဲမှူးခင်မောင်လှက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနအောက်ရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများမှ ၀န်ထမ်းများအား လုံခြုံရေးဆိုင်ရာသင်တန်းကို ယခုနှစ် အောက်တိုဘာ ၂၂ ရက်မှ ၂၅ရက်အထိ သင်ကြားပို့ချပေးခဲ့သည်။

အဆိုပါသင်တန်းသို့ သင်တန်းသား ၂၅၈ ဦး တက်ရောက်ခဲ့ပြီး သင်တန်းသားများအား လုံခြုံရေးဆိုင်ရာ ရှာဖွေစစ်ဆေးခြင်း၊ အခင်းဖြစ်နေရာအား ထိန်းသိမ်းခြင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း စသည့် လုံခြုံရေးဆိုင်ရာ သင်တန်းကို ရန်ကုန်မြို့ ယုဇနဂါးဒင်းဟိုတယ်နှင့် စင်ထရယ်ဟိုတယ်တို့၌ သင်ကြားပို့ချပေးခဲ့သည်။

7 day

RangonNewsDaily:: October. 27 .2013
ဟိုတယ်လုံခြုံရေး တိုးမြှင့်ရန် ညွှန်ကြားချက်အား မလိုက်နာသည့် ဟိုတယ်များအား ဟိုတယ်နှင့် ခရီးသွားလာရေးဥပဒေအရ လိုင်စင်ရုပ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ယခုအချိန်တွင် ဟိုတယ်များ၏ လုံခြုံရေးနှင့် တည်းခိုသူများ အန္တရာယ်ကင်းရေးအတွက် သင်တန်းများဖွင့်လှစ်ပေးကာ လုံခြုံရေးဆိုင်ရာပစ္စည်းများ တပ်ဆင်ခိုင်းသော်လည်း လိုက်နာမှုမရှိသည့် ဟိုတယ်များအား ပညာပေး၍မရတော့ပါက လိုင်စင်ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်းက အောက်တိုဘာ ၂၅ ရက်တွင် ပြောသည်။

““သူတို့တွေကို ပထမတော့ ပညာပေးတဲ့နည်းလမ်းကို သုံးရမှာပဲ။ လုံခြုံရေးဆိုင်ရာ ပစ္စည်းတွေကို တစ်ပြိုင်တည်း အကုန်လုံးတပ်ဖို့ဆိုတာကျတော့လည်း ငွေကြေးကုန်ကျမှုရှိသေးတယ်။ ဒါပေမဲ့ တဖြည်းဖြည်းတော့ လုပ်လာကြမယ်လို့ ယူဆပါတယ်။ အဲဒီလိုလုပ်တာကိုမှ မလိုက်နာရင်တော့ လိုင်စင်ဆိုင်းငံ့တာတို့ လိုအပ်ရင် လိုင်စင်ရုပ်သိမ်းတာတို့ကို ဟိုတယ်/ခရီးဥပဒေအတိုင်း အရေးယူမယ်”” ဟု ဦးအောင်ဇော်ဝင်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်ဆိုင်ရာ လုံခြုံရေး ညွှန်ကြားချက်အား မလိုက်နာပါက ရန်ကုန်ဟိုတယ်ဇုန်အသင်းမှ တာဝန်ရှိသူများက ရှေးဦးစွာ ပညာပေးစည်းရုံးမှု ဆောင်ရွက်ရမည့်နည်းတူ အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း အဆိုပါ ပညာပေးနည်းလမ်းများဖြင့် ဆောင်ရွက်စေမည်ဖြစ်ကြောင်း ဦးအောင်ဇော်ဝင်းက ပြောသည်။

““ကျွန်တော်တို့နယ်မြေထဲမှာဆို ဟိုတယ်၊ မိုတယ်တွေ ရှိနေတာ။ လုံခြုံရေးပိုင်းဆိုင်ရာကို တာဝန်ရှိလို့ စီစီတီဗီ ဘယ်လိုတပ်ပါ။ မိုင်းရှာတာတွေ ထားပေးပါ။ လုံခြုံရေးဆိုင်ရာသင်တန်း တက်ကြပါပြောတယ်။ လိုက်မလုပ်ဘူး။ ဒီလိုဆိုတော့ ခက်တာပေါ့”” ဟု မရမ်းကုန်း မြို့မရဲတပ်ဖွဲ့စခန်းမှူး ဒုတိယရဲမှူးခင်မောင်လှက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနအောက်ရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများမှ ၀န်ထမ်းများအား လုံခြုံရေးဆိုင်ရာသင်တန်းကို ယခုနှစ် အောက်တိုဘာ ၂၂ ရက်မှ ၂၅ရက်အထိ သင်ကြားပို့ချပေးခဲ့သည်။

အဆိုပါသင်တန်းသို့ သင်တန်းသား ၂၅၈ ဦး တက်ရောက်ခဲ့ပြီး သင်တန်းသားများအား လုံခြုံရေးဆိုင်ရာ ရှာဖွေစစ်ဆေးခြင်း၊ အခင်းဖြစ်နေရာအား ထိန်းသိမ်းခြင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း စသည့် လုံခြုံရေးဆိုင်ရာ သင်တန်းကို ရန်ကုန်မြို့ ယုဇနဂါးဒင်းဟိုတယ်နှင့် စင်ထရယ်ဟိုတယ်တို့၌ သင်ကြားပို့ချပေးခဲ့သည်။

7 Day daily , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment