Pages

Sunday, October 27, 2013

အစ္စလာမ့်ဥပဒေကြမ်းသစ်တစ်ရပ်အား ဘရူနိုင်း နိုင်ငံမှထုတ်ပြန်


ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင်တစ်ဦးဖြစ်သော၊ ဘရှုနိုင်းနိုင်ငံဘုရင် စွလ်သွာန်း Sultan Hussanal Bolkiah (ဓါတ်ပုံ - AFP)
RangonNewsDaily:: October. 27 .2013


အစ္စလာမ့် ဥပဒေကြမ်း တစ်ခုဖြစ်သော (Sharia law) ရှရီအသ် ဥပဒေဓမ္မသတ်အသစ်တစ်ခုအား အတည်ပြုမည်ဖြစ်ကြောင်း ဘရူနိုင်းနိုင်ငံ၏ ဘုရင် စူလ်တန်မှ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ ယင်းထုတ်ပြန်ခဲ့သော ဥပဒေမှာ မိမိနိုင်ငံအတွင်းရှိ အစ္စလာမ်ဘာသာဝင် မွတ်စလင်မ်များအတွက်သာ ကျင့်သုံးသွားမှာဖြစ်ပြီး ဥပဒေများအတွင်း ခိုးယူလုယက်အနိုင်ကျင့်သူများကို ခြေလက်အင်္ဂါများအား ဖြတ်တောက်သည့် ပစ်ဒဏ်၊ သူတစ်ပါး၏ သားမယားတို့အပေါ် ခိုးယူပေါင်းသင်းသူများကို ခဲဖြင့်ပစ်ပေါက်၍ အရေးယူသည့် ပစ်ဒဏ်များ ပါဝင်မှာ ဖြစ်ပါတယ်။

ဘရူနိုင်းနိုင်ငံသည် အခြားသော ဒေသတွင်းမိတ်ဖက် အာစီယုံနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှား နိုင်ငံတို့ထက် အစ္စလာမ့်ဥပဒေများကို တိကျလိုက်နာစွာ ကျင့်သုံးလျက်ရှိနေသည့် နိုင်ငံတစ်ခုဖြစ်ပြီး၊ အစ္စလာမ်သာသနာက ပြင်းထန်စွာ တားမြစ်ပိတ်ပင်ထားသည့် မူးယစ်ဆေးဝါးနှင့် အရက်သေစာများ ရောင်းဝယ်၊ သုံးစွဲခြင်းတို့ကိုလည်း တင်းကျပ်စွာ တာမြစ်ပိတ်ပင်ထားသော အစဉ်အလာကောင်းသည့် နိုင်ငံတစ်ခုအဖြစ်လည်း ဂုဏ်သတင်း ကျော်ကြားလျက်ရှိပါတယ်။

အသစ်ထုတ်ပြန်ခဲ့သော အဆိုပါ ဥပဒေကြမ်းအား လာမည့်ခြောက်လအတွင်း အတည်ပြုနိုင်ရန်နှင့် ယင်းမူဝါဒအား ခိုင်မာလာစေရန် လိုအပ်သည်များကိုလည်း လုပ်ဆောင်နေကြောင်း သိရပါတယ်။

မွတ်စလင်မ်များအနေဖြင့် မူယစ်ဆေးဝါးများ သောက်သုံးခြင်း၊ မိခင်များမှ မိမိတို့ကလေးများအား အကြင်နာတရားမဲ့စွာ သတ်ဖြတ်နေသည်ဟု ဆိုရမည်ဖြစ်သော ကိုယ်ဝန်ဖျက်ချခြင်းမျိုးကဲ့သို့သော ပြစ်မှုများအဖို့ ကြိမ်ဒဏ်ဖြင့် အပြစ်ပေးခြင်းတို့လည်း ပါဝင်လာမှာဖြစ်ကြောင်း AFP သတင်းအေဂျင်စီရဲ့ သတင်းများအရ သိရှိရပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင်တစ်ဦးဖြစ်သော ဘရူနိုင်းနိုင်ငံ၏ ဘုရင် စူလ်သွားန် ဟွစ်နူလ် ဘွလ်ကိအဟ် (Sultan Hussanal Bolkiah) သည် "နိုင်ငံ၏ ကြီးကျယ်သော သမိုင်းဝင်အစိတ်အပိုင်းတစ်ခု" လို့ ခေါ်တဲ့ အဆိုပါ ရှရီအသ် အစ္စလာမ့် ဥပဒေတစ်ခုကို ထုတ်ပြန်ပြဌာန်းခဲ့ရာတွင် ယင်း ရှရီအသ် ဥပဒေအရ မွတ်စလင်မ်ကလေးငယ်များအနေဖြင့် မဖြစ်မနေ ပညာသင်ကြားရေး စည်းကမ်းဥပဒေများကိုလည်း ထည့်သွင်းရေးဆွဲခဲ့သူ ဖြစ်ပါတယ်။

မွတ်စ်လင်မ်များ၏ အရေးကြီးသော သောကြာနေ့ ၀တ်ပြုမှုကာလအတွင်း ဈေးဆိုင်းများနှင့် ရောင်းဝယ်ဖောက်ကားမှုတို့အား ခဏတာ ပိတ်ပင်ပေးထားရန် အမိန့်ကိုလည်း ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

ဗြိတိသျှအင်္ဂလိပ်လူမျိုးတို့ရဲ့ ကိုလိုနီနယ်မြေတစ်ခုဖြစ်ခဲ့ ဘူရူနိုင်းနိုင်ငံ၏ နိုင်ငံရေးဆိုင်ရာ တရားရုံးများကိုတော့ ဗြိတိန်ဥပဒေအပေါ် အခြေခံသတ်မှတ်၍ မျှတစွာ ဆောင်ရွက်ပေးထားခဲ့ပြီး၊ မွတ်စလင်မ်များ အနေနဲ့ကတော့ အစ္စလာမ့်တရားရုံးများရဲ့ မှန်ကန်သော အဆုံးအဖြတ်ကိုသာ ခံယူရမှာ ဖြစ်ပါတယ်။

ဘရူနိုင်းနိုင်ငံသည် အာရှတိုက်အတွင်း လူနေမှုအဆင့်အတန်း မြင့်မားသည့် နိုင်ငံများထဲမှ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဆီနှင့် သဘာဝဓါတ်ငွေ့များကဲ့သို့ အဖိုးတန် သယံဇာတများ ပေါကြွယ်ဝသော နိုင်ငံငယ် တစ်ခုဖြစ်ကာ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ပညာရေးတို့အတွက် ပြည်သူအားလုံးကို အခမဲ့ ၀န်ဆောင်မှုပြုလုပ်ပေးနေတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။

ဘရူနိုင်းနိုင်ငံရဲ့ မူဝါဒများကို ၎င်းဥပဒေသစ်တို့က တစ်စုံတစ်ရာ ပြောင်းလဲသွားလိမ့်မည်မဟုတ်ကြောင်း စူလ်တန်ဘုရင်မှ မှတ်ချက်ပေးပြောကြားခဲ့ပါတယ်။

ယခင်တရားသူကြီးဟောင်းများကိုလည်း ပြစ်ဒဏ်ချမှတ်ရာတွင် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်များကို ဆက်လက်၍ ပေးသွားမည်ဖြစ်ကြောင်း အာဏာပိုင်များကပြောဆိုခဲ့သည်။
 
BBC News , The Eye Of Light ,  kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment