Pages

Sunday, October 27, 2013

16 MP Galaxy S4 Zoom ကင်မရာဖုန်း

Photo: Review: 16 MP Galaxy S4 Zoom ကင်မရာဖုန်း
Sunday, October 27, 2013

ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီ ဖြစ်တဲ့ Samsung ကတော့ မျက်လှည့်ပြနေတဲ့အလား စမတ်ဖုန်းအသစ် တစ်မျိုးပြီးတစ်မျိုးကို ဆက်တိုက်ဆိုသလို ထုတ်ဖော်ပြသနေပါတယ်။ ယင်းတို့ နောက်ဆုံး ထုတ်ဖော်ပြသခဲ့တာကတော့ Galaxy S4 Zoom ကို အမည်ရတဲ့ စမတ်ကင်မရာဖုန်းပဲ ဖြစ်ပါတယ်။ Galaxy S4 Zoom ဟာ Galaxy S4 ကို အခြေခံထားတဲ့ အလားတူ ဖုန်းတွေဖြစ်တဲ့ Galaxy S4 Mini နဲ့ Galaxy S4 Active တို့ပြီးနောက် ထွက်ရှိလာတာပဲ ဖြစ်ပါတယ်။

ဤ S4 Zoom ဟာ Nokia စမတ်ဖုန်းတွေကို ထိပ်တိုက်ရင်ဆိုင်ဖို့ ထုတ်လုပ်ခဲ့ခြင်း ဖြစ်ဖွယ်ရှိပြီး Samsung ရဲ့ နည်းပညာအမြင့်ဆုံး စမတ်ကင်မရာဖုန်းပဲ ဖြစ်ပါတယ်။

S4 Zoom ဟာ စမတ်ဖုန်းလို့ ခေါ်လို့ရပေမယ့် အဓိက အသုံးဝင်မှုကတော့ ကင်မရာပဲ ဖြစ်ပါတယ်။ 16 MP ပုံထွက်ရရှိနိုင်မယ့် ဤစမတ်ကင်မရာဖုန်းဟာ ကင်မရာကို ဖုန်းရဲ့နောက်ပိုင်းမှာ ချိတ်ဆက်ထားတာနဲ့ တူနေပါတယ်။ ဒါဟာ ဘာမှမဟုတ်သေးပါဘူး။ စမတ်ဖုန်းနဲ့ ကင်မရာ ၂ မျိုးကို ပေါင်းစပ်ရာမှာ ပထမဆုံးအဖြစ် 10x Optical Zoom ကို ထည့်သွင်းပေးထားပါတယ်။ မှန်ပါတယ် Digital Zoom မဟုတ်ပါဘူး။ သာမန်ကင်မရာတွေမှာလို တကယ့် မှန်ပြောင်းအစစ်ကို ထည့်သွင်းပေးထားခြင်း ဖြစ်ပါတယ်။

ဤမှန်ပြောင်း (သို့) zoom ကို ဤဖုန်းမှာ တပ်ဆင်ပေးထားတဲ့ Zoom Ring ကို အသုံးပြုပြီး ချိန်ဆနိုင်မှာ ဖြစ်ပါတယ်။ Zoom Ring ဟာ အနီး-အဝေး ချိန်ဆနိုင်ရုံတင်မကပဲ ကင်မရာရဲ့ လုပ်ဆောင်ချက်တွေကို ဖုန်းပြောနေစဉ်မှာတောင် ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

အခြားသော အချက်အလက်များကတော့ Xenon Flash ၊ HDR ၊ Optical Image Stabilization ၊ ISO 3200 နဲ့ f/3.1 to f/6.3 တို့ ရရှိနိုင်မှာဖြစ်သလို 1080p Full HD ဗီဒီယိုများလည်း ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Smart Mode ကို အသုံးပြုပြီး ပုံထွက်အား ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ဆော့ဖ်ဝဲပိုင်းဆိုင်ရာ အဆင့်မြှင့်တင် ထားမှုများအရ Sound and Shot ၊ Panorama Mode ၊ Best Face နဲ့ Continuous Shot တို့ကို ရိုက်ကူးရရှိနိုင်မှာ ဖြစ်ပါတယ်။

Myanmar Consumer Guide

RangonNewsDaily:: October. 27 .2013
ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီ ဖြစ်တဲ့ Samsung ကတော့ မျက်လှည့်ပြနေတဲ့အလား စမတ်ဖုန်းအသစ် တစ်မျိုးပြီးတစ်မျိုးကို ဆက်တိုက်ဆိုသလို ထုတ်ဖော်ပြသနေပါတယ်။ ယင်းတို့ နောက်ဆုံး ထုတ်ဖော်ပြသခဲ့တာကတော့ Galaxy S4 Zoom ကို အမည်ရတဲ့ စမတ်ကင်မရာဖုန်းပဲ
 ဖြစ်ပါတယ်။ Galaxy S4 Zoom ဟာ Galaxy S4 ကို အခြေခံထားတဲ့ အလားတူ ဖုန်းတွေဖြစ်တဲ့ Galaxy S4 Mini နဲ့ Galaxy S4 Active တို့ပြီးနောက် ထွက်ရှိလာတာပဲ ဖြစ်ပါတယ်။

ဤ S4 Zoom ဟာ Nokia စမတ်ဖုန်းတွေကို ထိပ်တိုက်ရင်ဆိုင်ဖို့ ထုတ်လုပ်ခဲ့ခြင်း ဖြစ်ဖွယ်ရှိပြီး Samsung ရဲ့ နည်းပညာအမြင့်ဆုံး စမတ်ကင်မရာဖုန်းပဲ ဖြစ်ပါတယ်။

S4 Zoom ဟာ စမတ်ဖုန်းလို့ ခေါ်လို့ရပေမယ့် အဓိက အသုံးဝင်မှုကတော့ ကင်မရာပဲ ဖြစ်ပါတယ်။ 16 MP ပုံထွက်ရရှိနိုင်မယ့် ဤစမတ်ကင်မရာဖုန်းဟာ ကင်မရာကို ဖုန်းရဲ့နောက်ပိုင်းမှာ ချိတ်ဆက်ထားတာနဲ့ တူနေ
ပါတယ်။ ဒါဟာ ဘာမှမဟုတ်သေးပါဘူး။ စမတ်ဖုန်းနဲ့ ကင်မရာ ၂ မျိုးကို ပေါင်းစပ်ရာမှာ ပထမဆုံးအဖြစ် 10x Optical Zoom ကို ထည့်သွင်းပေးထားပါတယ်။ မှန်ပါတယ် Digital Zoom မဟုတ်ပါဘူး။ သာမန်ကင်မ
ရာတွေမှာလို တကယ့် မှန်ပြောင်းအစစ်ကို ထည့်သွင်းပေးထားခြင်း ဖြစ်ပါတယ်။

ဤမှန်ပြောင်း (သို့) zoom ကို ဤဖုန်းမှာ တပ်ဆင်ပေးထားတဲ့ Zoom Ring ကို အသုံးပြုပြီး ချိန်ဆနိုင်မှာ ဖြစ်
ပါတယ်။ Zoom Ring ဟာ အနီး-အဝေး ချိန်ဆနိုင်ရုံတင်မကပဲ ကင်မရာရဲ့ လုပ်ဆောင်ချက်တွေကို ဖုန်းပြော
နေစဉ်မှာတောင် ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

အခြားသော အချက်အလက်များကတော့ Xenon Flash ၊ HDR ၊ Optical Image Stabilization ၊ ISO 3200 နဲ့ f/3.1 to f/6.3 တို့ ရရှိနိုင်မှာဖြစ်သလို 1080p Full HD ဗီဒီယိုများလည်း ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Smart Mode ကို အသုံးပြုပြီး ပုံထွက်အား ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ဆော့ဖ်ဝဲပိုင်းဆိုင်ရာ အဆင့်မြှင့်တင် ထားမှုများအရ Sound and Shot ၊ Panorama Mode ၊ Best Face နဲ့ Continuous Shot တို့ကို ရိုက်ကူးရရှိနိုင်
မှာ ဖြစ်ပါတယ်။

Myanmar Consumer Guide , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment