Pages

Sunday, October 27, 2013

ဘာစီလိုနာနှင့်စာချုပ်သစ်ချုပ်ဆိုရန် အင်နီယေစတာ အသင့်ဖြစ်နေပြီ

Photo: ဘာစီလိုနာနှင့်စာချုပ်သစ်ချုပ်ဆိုရန် အင်နီယေစတာ အသင့်ဖြစ်နေပြီ
Sunday, October 27, 2013

အင်ဒရေအင်နီယေစတာက ဘာစီလိုနာနှင့် မကြာမီကာလအတွင်းတွင်ပင်
စာချုပ်သစ်ချုပ်ဆိုသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ စပိန်ကွင်းလယ်ဖန်တီးရှင်သည် ပြီးခဲ့သည့်စနေနေ့က နျူးကမ့်တွင် ရီးရဲလ်မက်ဒရစ်အား (၂-၁)ဖြင့် ခြေစွမ်းပြကစားနိုင်ခဲ့သူဖြစ်ပြီး နေမာ၏အဖွင့်ဂိုးကိုသွင်းယူနိုင်ရန် ဖန်တီးပေးခဲ့သူဖြစ်သည်။ 

အသက်(၂၉)နှစ်ရှိအင်နီယေစတာသည် (၂၀၁၅)ခုနှစ်တွင် ကုန်ဆုံးမည့် စာချုပ်အား သက်တမ်းတိုးရန် ငြင်းဆိုနေမှုကြောင့် ရာသီအကုန်တွင် ဗဲလ်ဒက်စ်ကဲ့သို့ပင် နျူးကမ့်မှ ထွက်ခွာနိုင်သည်ဟု မီဒီယာများ၏ရေး သားခြင်းခံနေရသည်။ သို့ရာတွင် ကာယကံရှင်ကမူ ဘာစီလိုနာမှ ထွက်ခွာရန် စိတ်မ၀င်စားကြောင်း ပြောကြားခဲ့သည်။

အင်နီယေစတာက''ဒီမှာ ကျွန်တော် အရမ်းပျော်ပါတယ်။ ဒီမှာပဲ ဆက်နေချင်
ပါတယ်။ မကြာခင်မှာ ကျွန်တော် စာချုပ် ချုပ်ဆိုသွားပါမယ်''ဟု ပြောကြား
သွားခဲ့သည်။

ထို့အပြင် အင်နီယေစတာက မိမိတို့အသင်းမှာ ရီးရဲလ်မက်ဒရစ်အသင်းကို
ခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရခြင်းဖြစ်ပြီး နေရာလွတ်များ ရရှိချိန်တွင် ပိုင်ပိုင်နိုင်
နိုင် အသုံးချနိုင်ခဲ့မှုကြောင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

Goal Myanmar

RangonNewsDaily:: October. 27 .2013
အင်ဒရေအင်နီယေစတာက ဘာစီလိုနာနှင့် မကြာမီကာလအတွင်းတွင်ပင် စာချုပ်သစ်ချုပ်ဆိုသွားမည်ဖြစ်
ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ စပိန်ကွင်းလယ်ဖန်တီးရှင်သည် ပြီးခဲ့သည့်စနေနေ့ကနျူးကမ့်တွင်ရီးရဲလ်မက်ဒရစ်အား (၂-၁)ဖြင့် ခြေစွမ်းပြ
ကစားနိုင်ခဲ့သူဖြစ်ပြီး နေမာ၏အဖွင့်ဂိုးကိုသွင်းယူနိုင်ရန် ဖန်တီးပေးခဲ့သူဖြစ်သည်။

အသက်(၂၉)နှစ်ရှိအင်နီယေစတာသည် (၂၀၁၅)ခုနှစ်တွင် ကုန်ဆုံးမည့် စာချုပ်အား သက်တမ်းတိုးရန် ငြင်း
ဆိုနေမှုကြောင့် ရာသီအကုန်တွင် ဗဲလ်ဒက်စ်ကဲ့သို့ပင် နျူးကမ့်မှ ထွက်ခွာနိုင်သည်ဟု မီဒီယာများ၏ရေး သား
ခြင်းခံနေရသည်။ သို့ရာတွင် ကာယကံရှင်ကမူ ဘာစီလိုနာမှ ထွက်ခွာရန် စိတ်မ၀င်စားကြောင်း ပြောကြား
ခဲ့သည်။

အင်နီယေစတာက''ဒီမှာ ကျွန်တော် အရမ်းပျော်ပါတယ်။ ဒီမှာပဲ ဆက်နေချင်ပါတယ်။ မကြာခင်မှာ ကျွန်
တော် စာချုပ် ချုပ်ဆိုသွားပါမယ်''ဟု ပြောကြားသွားခဲ့သည်။

ထို့အပြင် အင်နီယေစတာက မိမိတို့အသင်းမှာရီးရဲလ်မက်ဒရစ်အသင်းကိုခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရခြင်းဖြစ်ပြီး
နေရာလွတ်များ ရရှိချိန်တွင် ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ခဲ့မှုကြောင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့
သည်။

Goal Myanmar , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment