Pages

Saturday, September 14, 2013

SeaGame မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အပေါ်သင်စိတ်ဝင်စားမိလား ??

Photo: ဆီးဂိမ်းအိမ်ရှင်အပေါ် သင်စိတ်ဝင်စားမိလား
Saturday, September 14, 2013

အိမ်ရှင်အဖြစ် ကျင်းပခွင့်မရခဲ့သည်မှာ နှစ် ၄ဝ ကျော်ကြာခဲ့ပြီ။ ယခုနှစ်မှသာ ဆီးဂိမ်းပြိုင်ပွဲကို အိမ်ရှင်အဖြစ် မြန်မာတွင် ကျင်းပခွင့်ရခဲ့ သည်။ နေပြည်တော်တွင် ဆီးဂိမ်း အတွက် ကြိုတင်ပြင်ဆင်နေမှုများကို ကြားနေရသည်။ ဆီးဂိမ်းလှုံ့ဆော်သီချင်း များကိုလည်း ကြားနေရသည်။ နိုင်ငံရေးပြောင်းလဲမှုသည် လူထုဆီသို့ သက်ရောက် မှုရှိသည် မရှိသည်အပထား အပြောင်းအလဲမှသည် အပြောင်းအလဲဆီသို့ မျက်နှာမူနေသောကာလတွင် ဆီးဂိမ်းပြိုင်ပွဲများကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရ ခဲ့ခြင်း  ဖြစ်သည်။ တစ်ခေတ်တစ်ခါက အိမ်ရှင်အဖြစ် ကျင်းပခွင့်ရခဲ့သော ဆီးဂိမ်းပြိုင်ပွဲကို မြန်မာပြည်သူများ တစ်ခဲနက် အားပေးခဲ့ကြသည်ဟု ကြားသိခဲ့ဖူးသည်။ ယခုအခါမှာရော ဆီးဂိမ်း အပေါ် ရင်ခုန်နှုန်းမှာ ဒီဂရီအနိမ့်အမြင့် မည်သို့ ရှိမည်နည်း။ ထို့ကြောင့် အိမ်ရှင်ဆီးဂိမ်းအပေါ် သင်စိတ်ဝင်စားမိလားဟု ကျွန်တော်တို့ မေးခွန်း ထုတ်မိသည်။

ကျော်ထက်အောင်

(ကျောင်းသား၊ ကျိုက်ဝိုင်းဘုရားလမ်း)
ဆီးဂိမ်းကို ကိုယ့်နိုင်ငံမှာလုပ်တယ် ဆိုတော့ ပျော်တာပေါ့နော်။ ကျွန်တော်က အခုမှဆီးဂိမ်းကိုကြုံဖူးတာလေ။ ဖြစ်နိုင် မယ်ဆိုရင် ရွှေတံဆိပ်တွေချည်းပဲရစေချင် တယ်။ ဘောလုံးပွဲကိုတော့ ပိုရစေချင် တယ်။ ရန်ကုန်မှာလုပ်တဲ့ ပွဲစဉ်တွေကို တော့ သွားကြည့်ဖြစ်မှာပါ။ နေပြည်တော် ကတော့ မပြောတတ်ဘူး။ လက်ရှိအခြေ အနေက လည်း ဘာမှန်းမသိဘူး။ ဆီးဂိမ်း အတွက် ရန်ပုံငွေဖျော်ဖြေပွဲတုန်းကတော့ သွားတယ်။ ကောင်းပါတယ်။ ဒီလိုလုပ် ပေးမှ ဆီးဂိမ်းကိုလူတွေသိမှာပါ။ ဒီလို လုပ်ဖို့ဆိုတာက လွယ်တာမဟုတ်ဘူးလေ။ ဘယ်အလုပ်မဆို ကောင်းတာကြိုက်တဲ့ လူရှိသလို မကောင်းတာကြိုက်တဲ့လူရှိ မှာပါပဲ။ ဆီးဂိမ်းကိုယ့်နိုင်ငံမှာ လုပ်ေ တာ့ နိုင်ငံရဲ့ ဂုဏ်နဲ့ဆိုင်တဲ့ပွဲလို့ မြင်တယ်။ အဲဒီ အတွက် အားကစားသမားတွေကိုလည်း ကြိုးစားစေချင်တယ်။

ကောင်းဆက်လွင်

(ဒုတိယနှစ် ကျောင်းသား၊ ကြည့်မြင်တိုင်)
ကိုယ့်နိုင်ငံမှာ ဆီးဂိမ်းကျင်းပတဲ့အ တွက် စိတ်ဝင်စားမှုကတော့ ရှိပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီလို ပြိုင်ပွဲကြီးမျိုး တွေ မြန်မာမှာမလုပ်ဘူးလေ။ ခုလုပ်မယ် ဆိုတော့ စိတ်လည်းဝင်စားတယ်။ ပြိုင်ပွဲ တချို့ကိုလည်း ကိုယ်တိုင်သွားကြည့်ချင် တယ်။ ဆီးဂိမ်းအတွက် လှုံ့ဆော်သီချင်း တွေတော့နားထောင်ဖြစ်တယ်။ မကြောက်နဲ့ကျုံး ဆိုတာရယ်၊  င်္Fight For It  ဆိုတာ ရယ်ပေါ့။ Fight For It ကိုတော့ အရမ်းသဘောကျတယ်။ ပြိုင်ပွဲဝင်စိတ်ဓာတ်တွေ ကို တော်တော်လေး လှုံ့ဆော်ပေးထား တာ တွေ့ရ တယ်။ အဲဒီလှုံ့ဆော်မှုတွေက ဆီး ဂိမ်းအတွက် သက်ရောက်မှုအနည်းငယ်တော့ ရှိစေမယ်လို့ ထင်ပါတယ်။ ကိုယ်ကိုယ်တိုင်တောင် ကစားပွဲတွေ ဝင်ပြိုင်ချ င်မိတယ်။ ကိုယ့်နိုင်ငံမှာ လုပ်တဲ့အတွက် ကိုယ့်ကစားသမားတွေကို အောင်မြင်စေချင်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေပါ လာပြိုင်မယ်ဆိုတော့ မြန်မာ’ဘာ’ ဆိုတာပြဖို့ အခွင့်အေ ရးကောင်း တစ်ခုလို့တော့ထင်တယ်။

ဦးဇော်ထွန်း(ပန်းပုကျွမ်းကျင်သူ)

ဆီးဂိမ်းလုပ်မယ်ဆိုတာကိုတော့ သိ ပါတယ်။ စိတ်လည်းဝင်စားတယ်။ အားကစားပွဲတွေကို တို့ဆီမှာလာလုပ်တာဖြစ် တဲ့အတွက် နောက်ပြီးအိမ်ရှင်နိုင်ငံအဖြစ် လက်ခံ ကျင်းပမှာဖြစ်လို့ စိတ်ဝင်စားတာ ပါ။ ပွဲစဉ်တွေကို ခရီးတော့မသွားနိုင်တဲ့ အတွက် တီဗီက လာမယ်ဆိုရင်တော့ တချို့ပွဲစဉ်တွေကို ကြည့်ဖြစ် မယ်ပေါ့။ နေ ပြည်တော်မှာ ကျင်းပမယ့် ပွဲစဉ်တွေကို လည်း နေပြည်တော်ကြီးတော့ ဘယ်သူမှ တကူးတက ဦးတို့အနေနဲ့ မသွားနိုင်ဘူး လေ။ ရန်ကုန်မှာဆိုရင်တော့ သုဝဏ္ဏ ကွင်း၊ အောင်ဆန်းကွင်း အဲဒီနေရာတွေမှာ လုပ်ရင်တော့ သွားကြည့်ဖြစ်လောက်တယ်။ အခု ဆီးဂိမ်းအတွက် တီဗီက သီချင်းတွေ ဘာတွေလာတာတို့၊ ဆီးဂိမ်းအတွက်ပြိုင်ပွဲ တွေ လုပ်နေတာတို့၊ ကြိုးစားနေတာတို့ အဲဒါတွေတော့ ကြည့်ဖြစ်တယ်။ အလုပ် ချိန် အားတယ်ဆိုရင်တော့ ကြည့်ပါတယ်။ စိတ်လည်းဝင်စားပါတယ်။ ကိုယ့်နိုင်ငံမှာ လာလုပ်တဲ့အတွက် ကြည့် လည်းကြည့်ချင် တယ်။ စိတ်ဝင်စားမိတဲ့အတွက် ဆီးဂိမ်း ရောက်ရင်တော့ ကြည့်ဖြစ်အောင်လုပ်မှာပါ။

ကိုမိုးသောက်ကြယ် (သန်လျင် GTC )

ကိုယ့်နိုင်ငံမှာ ဆီးဂိမ်းလုပ်တဲ့အတွက် အရမ်းဂုဏ်ယူမိတာပေါ့နော်။ ကိုယ့်ဗမာ လူမျိုးတွေရဲ့ အရည်အသွေးကိုလည်းပြသ ရာရောက်တယ်။ အရှေ့တောင်အာရှပြိုင် ပွဲတွေ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပြန် ပြီးလက်ခံကျင်းပတဲ့အတွက် ပိုပြီးစိတ်ဝင် စားတာပါ။ ကစားပွဲစဉ်တွေကို သွားပြီး အားပေးမယ်လို့တော့ သူငယ်ချင်းတွေနဲ့ တိုင်ပင် ထားပါတယ်။ ရန်ကုန်မှာလုပ်မယ့် ပွဲတွေကိုတော့ ကျိန်းသေသွားရောက် အားပေးမှာပါ။ ကျွန်တော်က ကျောင်း တစ်ဖက်နဲ့ဆိုတော့ နေပြည်တော်မှာ လုပ် တဲ့ပွဲတွေ ကိုတော့ သေချာမပြောနိုင်ပါဘူး။ အခု ဆီးဂိမ်းအတွက် မင်းသား၊ မင်းသမီး တွေ အဆိုတော်တွေ ပါဝင်သရုပ်ဆောင် တဲ့ သီချင်းတွေတော့ ကြည့်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လ ကတောင် ပြည်သူ့ရင်ပြင်မှာ အဆိုတော်တွေ၊ ရုပ်ရှင်မင်းသား၊ မင်း သမီးတွေ၊ ဟာသသရုပ်ဆောင်တွေ ကပြ ဖျော်ဖြေပြီး ရန်ပုံငွေတောင်ရှာခဲ့ကြတယ် လေ။ ဆီးဂိမ်းက ကျွန်တော်တို့ အသက်အ ရွယ်မှာ ပထမဆုံးကြုံရတဲ့အတွက်ကြောင့် ထူးဆန်းတဲ့အတွေး အမြင်သစ်တွေ ဗဟု သုတအသစ်တွေလည်း တွေ့ရမယ်ပေါ့ နော်။ ဆီးဂိမ်း မရောက်ခင် သုံးလကြိုပြီး ရင်ခုန်ရတာပေါ့နော်။ ကျွန်တော်က ရန် ကုန်ကဖြစ်လို့ ရန်ကုန်မှာကျင်းပတဲ့ပွဲစဉ်တိုင်းကိုတော့ သွားကြည့်နိုင်မှာဖြစ်ေ ပမယ့် နေပြည်ေ တ်ာမှာ ကျင်းပမယ့်ပွဲစဉ်တွေကို မသွားနိုင်တဲ့အတွက် တီဗီကပဲကြည့်ပြီး အားပေးရမှာမို့ အားမလိုအားမရတော့ ဖြစ်ရမှာပေါ့။

ဇော်မျိုးထွန်း(ဒုတိယနှစ် ဆေးကျောင်းသား)

ဆီးဂိမ်းနဲ့ပတ်သက်လို့ကတော့ စိတ် ဝင်စားမှုနည်းနည်းပဲရှိပါတယ်။ ဘာကြောင့် လဲဆိုတော့အားကစားတွေကို ကျွန်တော့ အနေနဲ့ သိပ်နားမလည်ဘူး။ ပြီးတော့ တွက်ြ ကည့်ရသလောက် မြန်မာကနိုင်ဖို့ အခွင့်အရေးနည်းမယ်လို့ထင်တယ်။ အဲ ဒါကြောင့် ကျွန်တော် သိပ်စိတ်မဝင်စား ဘူး။ ဆီးဂိမ်းပွဲစဉ်တွေကို ကျွန်တော်ဖန် သားပြင်ေ ပ်ါကနေပဲ အားပေးနိုင်မယ်ထင် တယ်။ မြန်မာနိုင်ငံမှာ လာကျင်းပတဲ့အ တွက် အရမ်းပဲဝမ်းသာပါတယ်။ အဲတစ် ဖက်ကလည်း မြန်မာတွေအကြောင်းကို သိနေတော့ မျက်နှာပျက်မှာကိုလည်း စိုး ရိမ်မိပါတယ်။ အထူးသဖြင့် စည်းကမ်းပိုင်း ဆိုင်ရာတွေပေါ့။ ကျွန်တော်တို့နိုင်ငံကို နိုင်ငံတကာကလာ အကဲခတ်မှာလေ။ အဆိုးမြင် ဝါဒီလို့ပဲ ပြောပြော၊ အခုဆီးဂိမ်း အတွက်ဆိုတဲ့ သီချင်းတွေက ကျွန်တော် ခံစားလို့မရဘူး။ ဒီလိုအချိန်မှာ တိုင်းသူ ပြည်သားတွေက ဆီးဂိမ်းသီချင်းလာလိုက် တာနဲ့ သွေးေ တွဆူပူပြီး အားမာန်တက်နေ ရမှာလေ။ ငယ်ငယ်ကဆို တီဗီက မြန်မာ နိုင်ပြီ၊ တို့မြန်မာနိုင်ပြီဆိုတဲ့ သီချင်းဆို ကြက်သီးတွေ တောင်ထပါတယ်။ အဲဒီလို ခံစားချက်မျိုးရေ စ မယ့် သီချင်းမျိုးတွေနဲ့ လှုံ့ဆော်သင့်ပါတယ်။ လှုံ့ဆော်မှုတွေကို လှုံ့ဆော်တဲ့ လူကိုယ်တိုင်က လိုအပ်ချက် တွေရှိနေရင်အကျိုးမဖြစ်ဘူးလို့ထင်ပါတယ်။

ဦးတင်ဝင်း(Taxi  အငှားကားမောင်းသူ)

ဆီးဂိမ်းရှိတာတော့သိတာပေါ့။ စိတ် လည်းဝင်စားပါတယ်။ ကားမောင်းရင်ဘေ ဘုတ်တွေ ထောင်ထားတာကိုတွေ့နေရ တယ်။ သဘောလည်းကျတယ်။ ဇီးကွက် ရုပ်တွေ ကို အားကစားနည်း ပုံစံအလိုက်ပုံ ဖော်ထားတာ စိတ်ဝင်စားဖို့ ကောင်းပါ တယ်။ သွားကြည့်ဖြစ်မလားဆိုတာက တော့ အခြေအနေအရပဲ၊ စားဝတ်နေရေး က အဓိက ကျတယ်။ အားကစားပွဲတွေ လိုက်ကြည့်ပြီး အိမ်မှာစားဖို့ စရိတ်မရှိလို့ မဖြစ်ဘူး၊ ဒါကြောင့် အိမ်စားသောက် စရိတ်က အဓိကကျတယ်။ နောက်တစ်ခု က အားက စားပြိုင်ပွဲ အများစုက နေပြည် တော်မှာ ကျင်းပမယ်လို့ သိရတယ်။ ဘယ် လိုလုပ် နေပြည်တော်အထိ လိုက်ကြည့် နိုင်မှာလဲ၊ အခွင့်အခါသင့်လို့ ကြည့်ဖြစ် ရင်တော့ ဘော လုံးအား ကစားနည်းကို ကြည့်ဖြစ်မှာပါ။ ကိုယ်လည်း ဝါသနာပါ တဲ့ အားကစားဖြစ်နေတဲ့အတွက် ကြည့် ဖြစ်မှာပါ။ တခြားနိုင်ငံတွေ အားကစား ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပတာ စည် ကား တယ်ဆိုတာတော့သိပါတယ်။ သူ့ နိုင်ငံနဲ့ကိုယ့်နိုင်ငံ တူမှ မတူတာ။ ရှင်းရှင်း ပြောရရင် စိတ်လည်းဝင်စားတယ်။ ကြည့် လည်း ကြည့်ချင်တယ်။ အား လည်းပေးချင် တယ်။ အခြေအနေပေးရင်ပေါ့။ အခု တော့ အိမ်စရိတ်၊ အုံနာခ၊ ဆီဖိုးပြည့် အောင် ကားဆွဲနေပါတယ်။ စည်စည်ကား ကားပြီးမြောက်ပါစေလို့လည်း ဆုေ တာင်း ပေးပါတယ်။

ကိုအသေးလေး(ကားဘော်ဒီလုပ်ငန်းလုပ်ကိုင်သူ)

ဆီးဂိမ်းရှိတယ်လို့တော့သိတယ်။ ဘယ်အချိန်ကျင်းပမယ်ဆိုတာတော့ မသိ ဘူး။ စိတ်ဝင်စားပါတယ်။ ဘေဘုတ်တွေ ထောင်ထားတာတော့ မတွေ့ဘူး။ ကိုယ့် အလုပ်နဲ့ ကိုယ် ဖြစ်နေတာလည်းပါတာ ပေါ့။ ဆီးဂိမ်းလှုံ့ဆော်ရေးပွဲကိုတော့ တီဗီကနေ ကြည့်ဖြစ်တယ်။ သဘောကျ တယ်။ သွားကြည့်ဖြစ်မလားဆိုတာက တော့ မသေချာဘူး၊  ကြည့်ခွင့်ရရင်တော့ ကရာတေးဒို ပြိုင်ပွဲကို ကြည့်ချင်တယ်။ ကိုယ်ကလည်း ဝါသနာပါတယ်။ သူများနိုင်ငံတွေမှာ ကျင်းပတဲ့ ပြိုင်ပွဲ တွေကို ခဏတဖြုတ်တော့ ကြည့်ဖြစ် တယ်။ ဘောလုံးပြိုင်ပွဲဆိုရင် လူတွေပြည့် ကျပ်နေတယ်။ ကျွန်တော်တို့ နိုင်ငံမှာ လည်း ဒီလိုတော့ ဖြစ်စေချင်တယ်။ ကိုယ်မကြည့်နိုင်ပေမယ့် ကြည့်နိုင်တဲ့ လူတွေ သွားကြည့်စေချင်တယ်။ အား ပေးစေချင်တယ်။ ကျွန်တော်ကြည့်နိုင်တဲ့ အနေအထားမှာနေနေပြီဆိုရင် ကြည့်ဖြစ် မှာပါ။ အခုကိုယ်က နယ်ကနေတက် လာပြီး အလုပ် လုပ်နေရတဲ့လူဆိုတော့ ကိုယ့်အလုပ်မပျက်အောင်ပဲ အဓိကထား နေရတယ်။ အလုပ်ပျက်လို့ အလုပ်မလုပ် နိုင်ဘူးဆိုရင် ဘယ်သူက ထမင်းလာကျွေး မှာလဲ၊ အဓိကနဲ့ သာမညခွဲတတ်ဖို့ အရေး ကြီးတယ်။ ကိုယ့်နိုင်ငံမှာ လုပ်တဲ့ပွဲကိုယ် ကြည့်ချင်တာပေါ့။ ကြည့်နိုင်တဲ့ အခွင့် အရေးရှိခဲ့ရင်ပေါ့။ လောလောဆယ်တော့ ဒီပြိုင်ပွဲထက် အလုပ် မပြုတ်အောင်ပဲ စိတ်ပိုဝင်စားပါတယ်။

ကိုချစ်ကို(အောင်ဘာလေထီရောင်းသူ)

နေပြည်တော်မှာ ဆီးဂိမ်းပြိုင်ပွဲရှိ တယ်ဆိုတာပဲသိတယ်။ ကျန်တာ ဘာမှ တော့ မသိဘူး။ စိတ်ဝင်စားလားဆိုတော့ ကိုယ်တောင်သတိမထားမိဘူး။ ဇီးကွက် ရုပ်တွေနဲ့ ဆိုင်းဘုတ်တွေထောင်ထားတာ တော့ တွေ့တယ်။ အင်္ကျီတွေမှာ ဆီးဂိမ်း တံဆိပ်တွေ ရိုက်ထားတာတွေ့တယ်။ လှုံ့ ဆော်ရေးပွဲကတော့ သတိမထားမိတော့ မသိဘူး။ ဘောလုံးကိုတော့ စိတ်ဝင်စား တယ်။ အခုလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲ တွေ ကြည့်ဖြစ်တယ်။ လက်ဝှေ့ပွဲတွေကြည့် ဖြစ်တယ်။ ကိုယ်တိုင်တော့ မကြည့်ဖြစ် ဘူး။ အခုဆီးဂိမ်းလည်း သွားကြည့်ဖြစ် မယ်မထင်ဘူး။ ကိုယ်တစ်နေ့ ထီဘယ် လောက်ရောင်းရမှာလဲ ဆိုတာပဲသိတယ်။ ထီကတ်များများရောင်း ထွက်မယ်၊ စုံအုပ် တွေ ကုန်အောင်ရောင်းနိုင်ဖို့ အရေးကြီး တယ်။ ဒါတွေကုန်မှ အမြတ်ကျန်မယ်။ ကိုယ်ရောင်းတဲ့ထီ ပေါက်ဂဏန်းပါရင် ဝမ်းသာတယ်။ ပေါက်ဂဏန်းပါဖို့လည်း ဆုတောင်းတယ်။ ဒါပဲ အဓိကကျတယ်။ အိမ်ရှင်ဖြစ်နေတဲ့အတွက် အားတော့ပေး ချင်ပါတယ်။ ကိုယ်သွားအားပေးလိုက်လို့ ထီတွေမရောင်းရဘဲ ကျန်နေရင် ဘယ်သူ ရောင်းပေးမလဲ၊ တီဗီကနေပြရင်တော့ အားပေးသွားမှာပါ။ နိုင်ငံခြားမှာ ဘောပွဲ တွေ ပရိသတ်အားပေးတဲ့ပုံစံကို သဘော ကျတယ်။ ဒီနိုင်ငံမှာလည်း အဲဒီလိုမျိုး ဖြစ်စေချင်ပါတယ်။


Popular Myanmar News Journal

RangonNewsDaily:: September 14, 2013

အိမ်ရှင်အဖြစ် ကျင်းပခွင့်မရခဲ့သည်မှာ နှစ် ၄ဝ ကျော်ကြာခဲ့ပြီ။ ယခုနှစ်မှသာ ဆီးဂိမ်းပြိုင်ပွဲကို အိမ်ရှင်အဖြစ်
မြန်မာတွင် ကျင်းပခွင့်ရခဲ့ သည်။ နေပြည်တော်တွင် ဆီးဂိမ်း အတွက် ကြိုတင်ပြင်ဆင်နေမှုများကို ကြားနေ
ရသည်။ ဆီးဂိမ်းလှုံ့ဆော်သီချင်း များကိုလည်း ကြားနေရသည်။ နိုင်ငံရေးပြောင်းလဲမှုသည် လူထုဆီသို့ သက်ရောက် မှုရှိသည် မရှိသည်အပထား အပြောင်းအလဲမှသည် အပြောင်းအလဲဆီသို့ မျက်နှာမူနေသောကာလတွင် ဆီး
ဂိမ်းပြိုင်ပွဲများကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရ ခဲ့ခြင်း ဖြစ်သည်။ 
 
တစ်ခေတ်တစ်ခါက အိမ်ရှင်အဖြစ် ကျင်းပခွင့်ရခဲ့သော ဆီးဂိမ်းပြိုင်ပွဲကို မြန်မာပြည်သူများ တစ်ခဲနက် အား
ပေးခဲ့ကြသည်ဟု ကြားသိခဲ့ဖူးသည်။ယခုအခါမှာရောဆီးဂိမ်း အပေါ် ရင်ခုန်နှုန်းမှာ ဒီဂရီအနိမ့်အမြင့် မည်သို့ ရှိမည်နည်း။ထို့ကြောင့်အိမ်ရှင်ဆီးဂိမ်းအပေါ် သင်စိတ်ဝင်စားမိလားဟုကျွန်တော်တို့ မေးခွန်း ထုတ်မိသည်။

ကျော်ထက်အောင်(ကျောင်းသား၊ ကျိုက်ဝိုင်းဘုရားလမ်း)
ဆီးဂိမ်းကို ကိုယ့်နိုင်ငံမှာလုပ်တယ် ဆိုတော့ ပျော်တာပေါ့နော်။ ကျွန်တော်က အခုမှဆီးဂိမ်းကိုကြုံဖူးတာလေ
။ ဖြစ်နိုင် မယ်ဆိုရင် ရွှေတံဆိပ်တွေချည်းပဲရစေချင် တယ်။ ဘောလုံးပွဲကိုတော့ ပိုရစေချင် တယ်။ 
 
ရန်ကုန်မှာလုပ်တဲ့ ပွဲစဉ်တွေကို တော့ သွားကြည့်ဖြစ်မှာပါ။ နေပြည်တော် ကတော့ မပြောတတ်ဘူး။ လက်
ရှိအခြေအနေကလည်းဘာမှန်းမသိဘူး။ဆီးဂိမ်းအတွက်ရန်ပုံငွေဖျော်ဖြေပွဲတုန်းကတော့သွားတယ်။ ကောင်း
ပါတယ်။ 
 
ဒီလိုလုပ် ပေးမှ ဆီးဂိမ်းကိုလူတွေသိမှာပါ။ ဒီလို လုပ်ဖို့ဆိုတာက လွယ်တာမဟုတ်ဘူးလေ။ ဘယ်အလုပ်မဆို
ကောင်းတာကြိုက်တဲ့လူရှိသလိုမကောင်းတာကြိုက်တဲ့လူရှိ မှာပါပဲ။ ဆီးဂိမ်းကိုယ့်နိုင်ငံမှာ လုပ်ေ တာ့ နိုင်ငံရဲ့ ဂုဏ်နဲ့ဆိုင်တဲ့ပွဲလို့ မြင်တယ်။ အဲဒီ အတွက် အားကစားသမားတွေကိုလည်း ကြိုးစားစေချင်တယ်။

ကောင်းဆက်လွင်(ဒုတိယနှစ် ကျောင်းသား၊ ကြည့်မြင်တိုင်)
ကိုယ့်နိုင်ငံမှာ ဆီးဂိမ်းကျင်းပတဲ့အ တွက်စိတ်ဝင်စားမှုကတော့ရှိပါတယ်။ဘာလို့လဲဆိုတော့အဲဒီလို ပြိုင်ပွဲကြီး
မျိုး တွေ မြန်မာမှာမလုပ်ဘူးလေ။ခုလုပ်မယ်ဆိုတော့စိတ်လည်းဝင်စားတယ်။ ပြိုင်ပွဲ တချို့ကိုလည်း ကိုယ်တိုင်
သွားကြည့်ချင် တယ်။ ဆီးဂိမ်းအတွက် လှုံ့ဆော်သီချင်း တွေတော့နားထောင်ဖြစ်တယ်။ မကြောက်နဲ့ကျုံး ဆို
တာရယ်၊ င်္Fight For It ဆိုတာ ရယ်ပေါ့။ 
 
Fight For It ကိုတော့ အရမ်းသဘောကျတယ်။ ပြိုင်ပွဲဝင်စိတ်ဓာတ်တွေ ကို တော်တော်လေး လှုံ့ဆော်ပေး
ထား တာ တွေ့ရ တယ်။ အဲဒီလှုံ့ဆော်မှုတွေက ဆီး ဂိမ်းအတွက် သက်ရောက်မှုအနည်းငယ်တော့ ရှိစေ
မယ်လို့ ထင်ပါတယ်။ ကိုယ်ကိုယ်တိုင်တောင် ကစားပွဲတွေ ဝင်ပြိုင်ချ င်မိတယ်။ 
 
ကိုယ့်နိုင်ငံမှာ လုပ်တဲ့အတွက် ကိုယ့်ကစားသမားတွေကို အောင်မြင်စေချင်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေပါ လာပြိုင်မယ်ဆိုတော့ မြန်မာ’ဘာ’ ဆိုတာပြဖို့ အခွင့်အေ ရးကောင်း တစ်ခုလို့တော့ထင်တယ်။

ဦးဇော်ထွန်း(ပန်းပုကျွမ်းကျင်သူ)

ဆီးဂိမ်းလုပ်မယ်ဆိုတာကိုတော့ သိ ပါတယ်။ စိတ်လည်းဝင်စားတယ်။ အားကစားပွဲတွေကို တို့ဆီမှာလာလုပ်
တာဖြစ် တဲ့အတွက် နောက်ပြီးအိမ်ရှင်နိုင်ငံအဖြစ် လက်ခံ ကျင်းပမှာဖြစ်လို့ စိတ်ဝင်စားတာ ပါ။ ပွဲစဉ်တွေကို ခရီးတော့မသွားနိုင်တဲ့ အတွက် တီဗီက လာမယ်ဆိုရင်တော့ တချို့ပွဲစဉ်တွေကို ကြည့်ဖြစ် မယ်ပေါ့။ နေ ပြည်
တော်မှာ ကျင်းပမယ့် ပွဲစဉ်တွေကို လည်း နေပြည်တော်ကြီးတော့ ဘယ်သူမှ တကူးတကဦးတို့အနေနဲ့ မသွား
နိုင်ဘူး လေ။ 
 
ရန်ကုန်မှာဆိုရင်တော့ သုဝဏ္ဏ ကွင်း၊ အောင်ဆန်းကွင်း အဲဒီနေရာတွေမှာ လုပ်ရင်တော့ သွားကြည့်ဖြစ်
လောက်တယ်။ အခု ဆီးဂိမ်းအတွက် တီဗီက သီချင်းတွေ ဘာတွေလာတာတို့၊ ဆီးဂိမ်းအတွက်ပြိုင်ပွဲ တွေ လုပ်နေတာတို့၊ ကြိုးစားနေတာတို့ အဲဒါတွေတော့ ကြည့်ဖြစ်တယ်။ အလုပ် ချိန် အားတယ်ဆိုရင်တော့ ကြည့်ပါတယ်။ စိတ်လည်းဝင်စားပါတယ်။ 
 
ကိုယ့်နိုင်ငံမှာ လာလုပ်တဲ့အတွက် ကြည့် လည်းကြည့်ချင် တယ်။ စိတ်ဝင်စားမိတဲ့အတွက် ဆီးဂိမ်း ရောက်ရ
င်တော့ ကြည့်ဖြစ်အောင်လုပ်မှာပါ။

ကိုမိုးသောက်ကြယ် (သန်လျင် GTC )

ကိုယ့်နိုင်ငံမှာ ဆီးဂိမ်းလုပ်တဲ့အတွက် အရမ်းဂုဏ်ယူမိတာပေါ့နော်။ ကိုယ့်ဗမာ လူမျိုးတွေရဲ့ အရည်အသွေးကိုလည်းပြသ ရာရောက်တယ်။ အရှေ့တောင်အာရှပြိုင် ပွဲတွေ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပြန် ပြီးလက်ခံကျင်းပတဲ့အတွက် ပိုပြီးစိတ်ဝင် စားတာပါ။ ကစားပွဲစဉ်တွေကို သွားပြီး အားပေးမယ်လို့တော့ သူငယ်ချင်းတွေနဲ့ တိုင်ပင် ထားပါတယ်။ 
 
ရန်ကုန်မှာလုပ်မယ့် ပွဲတွေကိုတော့ ကျိန်းသေသွားရောက် အားပေးမှာပါ။ ကျွန်တော်က ကျောင်း တစ်ဖက်နဲ့ဆိုတော့ နေပြည်တော်မှာ လုပ် တဲ့ပွဲတွေ ကိုတော့ သေချာမပြောနိုင်ပါဘူး။ 
 
အခု ဆီးဂိမ်းအတွက် မင်းသား၊ မင်းသမီး တွေ အဆိုတော်တွေ ပါဝင်သရုပ်ဆောင် တဲ့ သီချင်းတွေတော့ ကြည့်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လ ကတောင် ပြည်သူ့ရင်ပြင်မှာ အဆိုတော်တွေ၊ ရုပ်ရှင်မင်းသား၊ မင်း သမီးတွေ၊ ဟာသသရုပ်ဆောင်တွေ ကပြ ဖျော်ဖြေပြီး ရန်ပုံငွေတောင်ရှာခဲ့ကြတယ် လေ။ ဆီးဂိမ်းက ကျွန်တော်တို့ အသက်အ ရွယ်မှာ ပထမဆုံးကြုံရတဲ့အတွက်ကြောင့် ထူးဆန်းတဲ့အတွေး အမြင်သစ်တွေ ဗဟု သုတအသစ်တွေလည်း တွေ့ရမယ်ပေါ့ နော်။ 
 
ဆီးဂိမ်း မရောက်ခင် သုံးလကြိုပြီး ရင်ခုန်ရတာပေါ့နော်။ ကျွန်တော်က ရန် ကုန်ကဖြစ်လို့ ရန်ကုန်မှာကျင်းပတဲ့ပွဲစဉ်တိုင်းကိုတော့ သွားကြည့်နိုင်မှာဖြစ်ေ ပမယ့် နေပြည်ေ တ်ာမှာ ကျင်းပမယ့်ပွဲစဉ်တွေကို မသွားနိုင်တဲ့အတွက် တီဗီကပဲကြည့်ပြီး အားပေးရမှာမို့ အားမလိုအားမရတော့ ဖြစ်ရမှာပေါ့။

ဇော်မျိုးထွန်း(ဒုတိယနှစ် ဆေးကျောင်းသား)

ဆီးဂိမ်းနဲ့ပတ်သက်လို့ကတော့ စိတ် ဝင်စားမှုနည်းနည်းပဲရှိပါတယ်။ ဘာကြောင့် လဲဆိုတော့အားကစားတွေကို ကျွန်တော့ အနေနဲ့ သိပ်နားမလည်ဘူး။ ပြီးတော့ တွက်ြ ကည့်ရသလောက် မြန်မာကနိုင်ဖို့ အခွင့်အရေးနည်းမယ်လို့ထင်တယ်။ 
 
အဲ ဒါကြောင့် ကျွန်တော် သိပ်စိတ်မဝင်စား ဘူး။ ဆီးဂိမ်းပွဲစဉ်တွေကို ကျွန်တော်ဖန် သားပြင်ေ ပ်ါကနေပဲ အားပေးနိုင်မယ်ထင် တယ်။ မြန်မာနိုင်ငံမှာ လာကျင်းပတဲ့အ တွက် အရမ်းပဲဝမ်းသာပါတယ်။ 
 
အဲတစ် ဖက်ကလည်း မြန်မာတွေအကြောင်းကို သိနေတော့ မျက်နှာပျက်မှာကိုလည်း စိုး ရိမ်မိပါတယ်။ အထူးသဖြင့် စည်းကမ်းပိုင်း ဆိုင်ရာတွေပေါ့။ ကျွန်တော်တို့နိုင်ငံကို နိုင်ငံတကာကလာ အကဲခတ်မှာလေ။ အဆိုးမြင် ဝါဒီလို့ပဲ ပြောပြော၊ အခုဆီးဂိမ်း အတွက်ဆိုတဲ့ သီချင်းတွေက ကျွန်တော် ခံစားလို့မရဘူး။ 
 
ဒီလိုအချိန်မှာ တိုင်းသူ ပြည်သားတွေက ဆီးဂိမ်းသီချင်းလာလိုက် တာနဲ့ သွေးေ တွဆူပူပြီး အားမာန်တက်နေ ရမှာလေ။ ငယ်ငယ်ကဆို တီဗီက မြန်မာ နိုင်ပြီ၊ တို့မြန်မာနိုင်ပြီဆိုတဲ့ သီချင်းဆို ကြက်သီးတွေ တောင်ထပါတယ်။ အဲဒီလို ခံစားချက်မျိုးရေ စ မယ့် သီချင်းမျိုးတွေနဲ့ လှုံ့ဆော်သင့်ပါတယ်။ လှုံ့ဆော်မှုတွေကို လှုံ့ဆော်တဲ့ လူကိုယ်တိုင်က လိုအပ်ချက် တွေရှိနေရင်အကျိုးမဖြစ်ဘူးလို့ထင်ပါတယ်။

ဦးတင်ဝင်း(Taxi အငှားကားမောင်းသူ)

ဆီးဂိမ်းရှိတာတော့သိတာပေါ့။ စိတ် လည်းဝင်စားပါတယ်။ ကားမောင်းရင်ဘေ ဘုတ်တွေ ထောင်ထားတာကိုတွေ့နေရ တယ်။ သဘောလည်းကျတယ်။ ဇီးကွက် ရုပ်တွေ ကို အားကစားနည်း ပုံစံအလိုက်ပုံ ဖော်ထားတာ စိတ်ဝင်စားဖို့ ကောင်းပါ တယ်။ 
 
သွားကြည့်ဖြစ်မလားဆိုတာက တော့ အခြေအနေအရပဲ၊ စားဝတ်နေရေး က အဓိက ကျတယ်။ အားကစားပွဲတွေ လိုက်ကြည့်ပြီး အိမ်မှာစားဖို့ စရိတ်မရှိလို့ မဖြစ်ဘူး၊ ဒါကြောင့် အိမ်စားသောက် စရိတ်က အဓိကကျတယ်။ နောက်တစ်ခု က အားက စားပြိုင်ပွဲ အများစုက နေပြည် တော်မှာ ကျင်းပမယ်လို့ သိရတယ်။ 
 
ဘယ် လိုလုပ် နေပြည်တော်အထိ လိုက်ကြည့် နိုင်မှာလဲ၊ အခွင့်အခါသင့်လို့ ကြည့်ဖြစ် ရင်တော့ ဘော လုံးအား ကစားနည်းကို ကြည့်ဖြစ်မှာပါ။ ကိုယ်လည်း ဝါသနာပါ တဲ့ အားကစားဖြစ်နေတဲ့အတွက် ကြည့် ဖြစ်မှာပါ။ တခြားနိုင်ငံတွေ အားကစား ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပတာ စည် ကား တယ်ဆိုတာတော့သိပါတယ်။ 
 
သူ့ နိုင်ငံနဲ့ကိုယ့်နိုင်ငံ တူမှ မတူတာ။ ရှင်းရှင်း ပြောရရင် စိတ်လည်းဝင်စားတယ်။ ကြည့် လည်း ကြည့်ချင်တယ်။ အား လည်းပေးချင် တယ်။ အခြေအနေပေးရင်ပေါ့။ အခု တော့ အိမ်စရိတ်၊ အုံနာခ၊ ဆီဖိုးပြည့် အောင် ကားဆွဲနေပါတယ်။ စည်စည်ကား ကားပြီးမြောက်ပါစေလို့လည်း ဆုေ တာင်း ပေးပါတယ်။

ကိုအသေးလေး(ကားဘော်ဒီလုပ်ငန်းလုပ်ကိုင်သူ)

ဆီးဂိမ်းရှိတယ်လို့တော့သိတယ်။ဘယ်အချိန်ကျင်းပမယ်ဆိုတာတော့မသိဘူး။စိတ်ဝင်စားပါတယ်။ ဘေဘုတ်
တွေ ထောင်ထားတာတော့မတွေ့ဘူး။ကိုယ့် အလုပ်နဲ့ ကိုယ် ဖြစ်နေတာလည်းပါတာ ပေါ့။ဆီးဂိမ်းလှုံ့ဆော်
ရေးပွဲကိုတော့ တီဗီကနေ ကြည့်ဖြစ်တယ်။ သဘောကျ တယ်။ သွားကြည့်ဖြစ်မလားဆိုတာက တော့ မသေ
ချာဘူး၊ ကြည့်ခွင့်ရရင်တော့ ကရာတေးဒို ပြိုင်ပွဲကို ကြည့်ချင်တယ်။ ကိုယ်ကလည်း ဝါသနာပါတယ်။ 
 
သူများနိုင်ငံတွေမှာ ကျင်းပတဲ့ ပြိုင်ပွဲ တွေကို ခဏတဖြုတ်တော့ ကြည့်ဖြစ် တယ်။ ဘောလုံးပြိုင်ပွဲဆိုရင်လူတွေ
ပြည့်ကျပ်နေတယ်။ကျွန်တော်တို့ နိုင်ငံမှာ လည်း ဒီလိုတော့ ဖြစ်စေချင်တယ်။ ကိုယ်မကြည့်နိုင်ပေမယ့် ကြည့်
နိုင်တဲ့ လူတွေ သွားကြည့်စေချင်တယ်။ အား ပေးစေချင်တယ်။ကျွန်တော်ကြည့်နိုင်တဲ့အနေအထားမှာနေနေ
ပြီဆိုရင် ကြည့်ဖြစ် မှာပါ။ 
 
အခုကိုယ်က နယ်ကနေတက် လာပြီး အလုပ် လုပ်နေရတဲ့လူဆိုတော့ ကိုယ့်အလုပ်မပျက်အောင်ပဲ အဓိက
ထား နေရတယ်။ အလုပ်ပျက်လို့ အလုပ်မလုပ် နိုင်ဘူးဆိုရင် ဘယ်သူက ထမင်းလာကျွေး မှာလဲ၊ အဓိကနဲ့ သာမညခွဲတတ်ဖို့ အရေး ကြီးတယ်။ 
 
ကိုယ့်နိုင်ငံမှာ လုပ်တဲ့ပွဲကိုယ် ကြည့်ချင်တာပေါ့။ ကြည့်နိုင်တဲ့ အခွင့်အရေးရှိခဲ့ရင်ပေါ့။ လောလောဆယ်တော့
ဒီပြိုင်ပွဲထက် အလုပ် မပြုတ်အောင်ပဲ စိတ်ပိုဝင်စားပါတယ်။

ကိုချစ်ကို(အောင်ဘာလေထီရောင်းသူ)

နေပြည်တော်မှာ ဆီးဂိမ်းပြိုင်ပွဲရှိ တယ်ဆိုတာပဲသိတယ်။ ကျန်တာ ဘာမှ တော့ မသိဘူး။ စိတ်ဝင်စားလားဆို
တော့ ကိုယ်တောင်သတိမထားမိဘူး။ ဇီးကွက် ရုပ်တွေနဲ့ ဆိုင်းဘုတ်တွေထောင်ထားတာ တော့ တွေ့တယ်။ 
 
အင်္ကျီတွေမှာ ဆီးဂိမ်း တံဆိပ်တွေ ရိုက်ထားတာတွေ့တယ်။ လှုံ့ ဆော်ရေးပွဲကတော့ သတိမထားမိတော့ မ
သိဘူး။ ဘောလုံးကိုတော့ စိတ်ဝင်စား တယ်။ အခုလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲ တွေ ကြည့်ဖြစ်တယ်။ 
 
လက်ဝှေ့ပွဲတွေကြည့် ဖြစ်တယ်။ ကိုယ်တိုင်တော့ မကြည့်ဖြစ် ဘူး။ အခုဆီးဂိမ်းလည်း သွားကြည့်ဖြစ် မယ်မ
ထင်ဘူး။ ကိုယ်တစ်နေ့ ထီဘယ် လောက်ရောင်းရမှာလဲ ဆိုတာပဲသိတယ်။ ထီကတ်များများရောင်း ထွက်
မယ်၊ စုံအုပ် တွေ ကုန်အောင်ရောင်းနိုင်ဖို့ အရေးကြီး တယ်။ 
 
ဒါတွေကုန်မှ အမြတ်ကျန်မယ်။ ကိုယ်ရောင်းတဲ့ထီ ပေါက်ဂဏန်းပါရင် ဝမ်းသာတယ်။ ပေါက်ဂဏန်းပါဖို့လည်း ဆုတောင်းတယ်။ဒါပဲ အဓိကကျတယ်။ အိမ်ရှင်ဖြစ်နေတဲ့အတွက် အားတော့ပေး ချင်ပါတယ်။ ကိုယ်သွားအား
ပေးလိုက်လို့ ထီတွေမရောင်းရဘဲ ကျန်နေရင် ဘယ်သူ ရောင်းပေးမလဲ၊ တီဗီကနေပြရင်တော့ အားပေးသွား
မှာပါ။ နိုင်ငံခြားမှာ ဘောပွဲ တွေပရိသတ်အားပေးတဲ့ပုံစံကို သဘော ကျတယ်။ ဒီနိုင်ငံမှာလည်း အဲဒီလိုမျိုး ဖြစ်
စေချင်ပါတယ်။

Popular Myanmar , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment