Pages

Saturday, September 14, 2013

14 September 2013 ယနေ့ညနေ ၈း၄၅ မိနစ်တွင် မာဒေးကားဖလား ဗိုလ်လုပွဲ အဖြစ် မလေးရှား - မြန်မာ ယှဉ်ပြိုင်ကစားကြမည်

RangonNewsDaily:: September 14, 2013

14 September 2013 နေညနေ 8:45 မှာမာဒေကား ဖလား နောက်ဆုံးဗိုလ်လုပွဲ အဖြစ်အသင်း ၄ သင်းဖြစ်တဲ့
မလေးရှား ၊ ထိုင်း ၊ မြန်မာ ၊ စင်္ကာပူ တို အုပ်စုပွဲစဉ်များ ကန်အပြီးမှာ မလေးရှား နှင့် မြန်မာတို့ ဗိုလ်လုပွဲကို မလေးရှားနိုင်ငံ ကွမ်တမ်းရှိ Darulmakmur Stadium, Kuantan တွင် ယနေ့ညနေ ကျင်းပတော့မည်ဖြစ်သည် ။
ဘောလုံးပွဲကျင်းပမည့် အချိန် ၈ နာရီ ကျော်မှဖြစ်သော်လည်း မြန်မာဘောလုံးချစ်ပရိတ်သတ်တချို့ကားများ
ဖြင့် ကွမ်တမ်းသို့ ယခု သွားရောက်နေပြီဖြစ်သည် ။

အသင်း ၄ ပင်ဖြစ်သော်လည်း မျိုးဆက်သစ် ဘောလုံးသမားများ ကန်မည့်ပွဲစဉ်ဖြစ်တာကြောင့် အုပ်စုပွဲများ
တစ်လျှောက် အားနည်းချက် ၊ အားသာချက်များစွာ ရှိခဲ့သော်လည်း ပွဲကြည့်ပရိတ်သတ်များအဖို့ မိမိနိုင်ငံအ
တွက် မိမိအားပေးမည့်ပွဲ ဖြစ်ကြောင်း လည်းသိရသည် ။

ယခု ဗိုလ်လုပွဲမှာ မလေးရှား အသင်း နှင့် မြန်မာအသင်း ဒုတိယအကြော့ပြန်လည်တွေ့ဆုံသည့်ပွဲ ဖြစ်ပြီး အ
ကြိတ်အနယ် မကြေပွဲနွဲရမည်ဖြစ်သည် ။

လက်မှတ်တစ်စောင် ၄၀ ရင်းဂစ် ၊ ကားခ သွားပြန် ၃၆ ရင်းဂစ် ဖြင့် မြန်မာတို့ မိမိနိုင်ငံအသင်းအား သွား
ရောက် အားပေးကြသည်ကို တွေ့ရမည်ဖြစ်သည် ။

ယနေ့ ပွဲသို့ ကိုယ်တိုင်ကိုယ်ကျ မသွားရောက် နိုင်သူများအတွက်မူ TV9 မှ မလေးရှားနိုင်ငံတွင်း တိုက်ရိုက်
ထုတ်လွင့်ပြသ သွားမည်ဖြစ်ကြောင်း သိရသည် ။

မည်သို့ဖြစ်စေ ယနေ့ကန်မည့် မလေးရှား မြန်မာ မာဒေးကားဖလား ဗိုလ်လုပွဲအတွက် နိုင်မည့်အသင်းအ
တွက် အဖြေကို မလေးရှားရောက် မြန်မာများ အားလုံး ရင်ခုန်စွာ စောင့်ကြည့်နေကြမည်မှ ဧကန်ပင်ဖြစ်ပါ
တော့သည် ။

RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment