Pages

Saturday, September 14, 2013

အပူပိုင်းမုန်တိုင်းကြာင့်မုတ်သုံအထွက်ဟာ ခေတ္တ တန့်သွားနိုင်

Photo: အပူပိုင်းမုန်တိုင်းကြာင့်မုတ်သုံအထွက်ဟာ ခေတ္တ တန့်သွားနိုင်ပါတယ်
Saturday, September 14, 2013

ဆရာ ဒေါက်တာထွန်းလွင် ပြောပြတဲ့ မိုးလေ၀သအခြေအနေပါ။ ဆရာ့ကို ကျေးဇူးတင်ပါတယ်။ 
ပစိဖိတ်သမုဒ္ဒယာထဲက အရှေ့ဖက်ကရွေ့လာနေတဲ့ အပူပိုင်းမုန်တိုင်းကြာင့်
မုတ်သုံအထွက်ဟာ ခေတ္တတန့်သွားနိုင်ပါတယ်။
Weather News Update
14 September 2013
9:52 am

မိုးလေ၀သမှာလည်း အပြင်လောကကြီးလိုဘဲ "လေနဲ့ဝမ်းနဲ့မကွဲတဲ့ ကိစ္စတွေ" ရှိတယ်ဗျ။ ညစ်ပတ်တာတော့ မဟုတ်ပါဘူးဗျာ။ ပြောချင်တာကတော့ မုတ်သုံက ဆုတ်ပြီ၊ မိုးကရွာတုံးလေ။ မုတ်သုံဆိုတာကလေ၊ မိုးကရေလေ။ ဒီနှစ်ခုကို တစ်ခါတစ်ရန် ခွဲခွဲခြားခြား ကွဲကွဲပြားပြား စည်းခြားဖို့ ခက်လှပါတယ်။

ပြီးခဲ့တဲ့ရက်တွေက မုတ်သုံလေဦးဆုတ်သွားတာ အံ့သြလောက်အောင်ကိုမြန် တယ်။ မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေဆီကို ရောက်တဲ့အထိပါဘဲ။ ဟော။။ ဒီနေ့တော့ မြောက်ဖက်(အထက်ဖက်)ပြန်တက်သွားပြန်ပြီ။ အကြောင်းကတော့ ပစိဖိတ်သမုဒ္ဒယာအနောက်ပိုငးမှာဖြစ်နေတဲ့ အပူပိုင်း မုန်တိုင်း MAN-YI ဟာ အနောက်မြောက်ဖက်အာရှတိုက်ဖက်ကို တိုးဝင်လာလို့ဖြစ်ပါတယ်။

ဒီလိုပါဘဲ။ သဘောကတော့ မုတ်သုံရာသီက ကုန်တော့မယ်။ ဒါပေမယ့် မုန်တိုင်းရာသီက အခုမှ အားအကောင်းဆုံးနဲ့ စတော့မှာဖြစ်ပါတယ်။ ဒီအချိန်ဟာ ပင်လယ်ရေမျက်နှာပြင်အပူချိန်တွေ အမြင့်ဆုံးအချိန်မို့ မုန်တိုင်းတွေ အများဆုံး ဖြစ်တတ်တဲ့ အချိန်မို့ပါဘဲ။

တကယ်တော့ ဒီအချိန်ဟာ မိုးလေ၀သမှာမုတ်သုံ နဲ့ မုန်တိုင်း အရောရော အထွေးထွေးနဲ့ လေနဲ့ဝမ်းနဲ့ မကွဲတဲ့ အချိန်ဆိုပါတော့ဗျာ။

ဒေါက်တာထွန်းလွင်
Popular Journal

RangonNewsDaily:: September 14, 2013

ဆရာ ဒေါက်တာထွန်းလွင် ပြောပြတဲ့မိုးလေ၀သအခြေအနေပါ။ ဆရာ့ကို ကျေးဇူးတင်ပါတယ်။ ပစိဖိတ်
သမုဒ္ဒယာထဲက အရှေ့ဖက်ကရွေ့လာနေတဲ့အပူပိုင်းမုန်တိုင်းကြာင့်မုတ်သုံအထွက်ဟာ ခေတ္တတန့်သွားနိုင်
ပါတယ်။ မိုးလေ၀သမှာလည်း အပြင်လောကကြီးလိုဘဲ "လေနဲ့ဝမ်းနဲ့မကွဲတဲ့ ကိစ္စတွေ" ရှိတယ်ဗျ။ ညစ်ပတ်တာတော့ မဟုတ်ပါဘူးဗျာ။ ပြောချင်တာကတော့ မုတ်သုံက ဆုတ်ပြီ၊ မိုးကရွာတုံးလေ။ မုတ်သုံဆိုတာကလေ၊ မိုးကရေလေ။ ဒီနှစ်ခုကို တစ်ခါတစ်ရန် ခွဲခွဲခြားခြား ကွဲကွဲပြားပြား စည်းခြားဖို့ ခက်လှပါတယ်။

ပြီးခဲ့တဲ့ရက်တွေက မုတ်သုံလေဦးဆုတ်သွားတာ အံ့သြလောက်အောင်ကိုမြန် တယ်။ မြန်မာနိုင်ငံအောက်
ပိုင်းဒေသတွေဆီကို ရောက်တဲ့အထိပါဘဲ။ ဟော။။ ဒီနေ့တော့ မြောက်ဖက်(အထက်ဖက်)ပြန်တက်သွားပြန်
Nပီ။ အကြောင်းကတော့ ပစိဖိတ်သမုဒ္ဒယာအနောက်ပိုငးမှာဖြစ်နေတဲ့ အပူပိုင်း မုန်တိုင်း MAN-YI ဟာ အ
နောက်မြောက်ဖက်အာရှတိုက်ဖက်ကို တိုးဝင်လာလို့ဖြစ်ပါတယ်။

ဒီလိုပါဘဲ။သဘောကတော့မုတ်သုံရာသီက ကုန်တော့မယ်။ဒါပေမယ့်မုန်တိုင်းရာသီကအခုမှအားအကောင်း
ဆုံးနဲ့ စတော့မှာဖြစ်ပါတယ်။ ဒီအချိန်ဟာ ပင်လယ်ရေမျက်နှာပြင်အပူချိန်တွေ အမြင့်ဆုံးအချိန်မို့ မုန်တိုင်း
တွေ အများဆုံး ဖြစ်တတ်တဲ့ အချိန်မို့ပါဘဲ။

တကယ်တော့ ဒီအချိန်ဟာ မိုးလေ၀သမှာမုတ်သုံ နဲ့ မုန်တိုင်း အရောရော အထွေးထွေးနဲ့ လေနဲ့ဝမ်းနဲ့ မ
ကွဲတဲ့ အချိန်ဆိုပါတော့ဗျာ။

ဒေါက်တာထွန်းလွင်
Popular Journal , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment