Pages

Saturday, September 14, 2013

နိုင်ငံတော်သမ္မတနှင့် ၈၈ပွင့်လင်းလူ့အဖွဲ့အစည်း တို့ (၃)နာရီကြာတွေ့ဆုံ

RangonNewsDaily:: September 14, 2013
နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ၏ လယ်တော်အိမ်တွင် နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် ၈၈ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းများသည် ယနေ့နံနက် ၁၀နာရီမှစတင်ကာ
နေ့လည် ၁နာရီအချိန်ထိ သုံးနာရီကြာ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သွားရောက်တွေ့ဆုံသော ပွင့်လင်းလူ့အဖွဲ့အစည်းမှ သိရသည်။ “အဓိက အားဖြင့် အပစ်အခတ်ရပ်ဆဲရေး လုပ်ငန်းစဉ်တွေမှာ အရပ်ဖက်လူ့အဖွဲ့စည်းစုံနဲ့ လွှတ်တော်တွင်း ဆောင်ရွက်နေတဲ့ ဥပဒေပြုရေး အဖွဲ့တွေ အားလုံး ပါဝင်နိုင်ဖို့ကို ဆွေးနွေးဖြစ်တယ်။ 
 
ပြီးတော့ လယ်မြေရေးရာကိစ္စတွေ၊ ဥပဒေပြုရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ မတူညီတဲ့ လူမျိုးတွေကြား အတူတကွ ပေါင်းစည်းနေထိုင်ရေးကိစ္စတွေကိုလည်း ဆွေးနွေးဖြစ်ခဲ့ပါတယ်”ဟု
နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံးဆွေးနွေးမှုတွင် ပါဝင်ခဲ့သော ၈၈ပွင့်လင်းလူ့အဖွဲ့
အစည်းမှ ဦးဇော်မင်းက ပြောကြားသည်။

ယင်းသို့ ၈၈ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်၊ ကိုကိုကြီး တို့အပါအဝင် (၁၀)ဦးတို့သည် နိုင်ငံတော် သမ္မနှင့်တွေ့ဆုံရာတွင် နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဦးအောင်မင်း၊ လူ့ဝင်မှု ကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ကြီးဦးခင်ရီ၊ မွေးမြူရေးနှင့်ရေးလုပ်ငန်း ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ ဝန်ကြီးဦးအုန်းမြင့် ပါဝင်ခဲ့ကြောင်း ဆက်လက်သိရသည်။

မြန်မာ့ခေတ် , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment