Pages

Saturday, September 14, 2013

မန်းတွင် နှစ်ဧက မြေကွက် ကျပ်သိန်းပေါင်း ကိုးသောင်း ပေးဝယ်သော်လည်း အရောင်းအဝယ်မဖြစ်

RangonNewsDaily:: September 14, 2013

မန္တလေးမြို့ ၃၅ လမ်း ၆၂ လမ်း အရှေ့ဘက်ခြမ်း တစ်နေရာရှိ နှစ်ဧက အကျယ်ရှိ မြေကွက် တစ်ကွက်အား ကျပ် သိန်းကိုးသောင်း အထိ ဈေးပေး သော်လည်း ပိုင်ရှင်က ကျပ်သိန်း တစ်သိန်း ခွဲရမှရောင်းမည် ဆိုသောကြောင့် အရောင်း အဝယ် မဖြစ်ခဲ့ကြောင်း ရွှေမန္တလေး အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ သိရ သည်။

ယခုနှစ် သင်္ကြန် ပြီးစတွင် မြို့တွင်း တစ်ဧက အကွက် တစ်ကွက်အား ကျပ် သိန်းပေါင်း လေးသောင်းခွဲဖြင့် အရောင်း အဝယ် ဖြစ်ဖူးကြောင်း သိရသည်။

ယခုတွင်နှစ်ဧကတွဲ အား ကျပ်သိန်း ပေါင်း ကိုးသောင်းပေးခြင်းမှာေ ပါက်ဈေး အတိုင်းသာပေးခြင်း ဖြစ်သော်လည်း ပိုင် ရှင်မှာ သိန်းပေါင်း တစ်သိန်းခွဲ ဆိုထားပြီး သိန်း တစ်သိန်းကျော် မှသာ စကားပြောမည် ဆိုသောကြောင့် အရောင်းအဝယ် ဖြစ်နိုင်ခြေ နည်းပါးကြောင်း ရွှေမန္တလေး အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ ဦးနေ လင်းအောင် က ပြောသည်။

”ပြည်တွင်း ကပဲ ဝယ်တာပါ။ နောက်က ဘယ်သူ ရှိတယ်တော့ မသိဘူး။ သိန်းတစ်သိန်းကျော် ပေးနိုင်မှပဲ အရောင်း အဝယ် လုပ်မယ် ဆိုတော့ အရောင်း အဝယ် ဖြစ် မသွားဘူး။ ကျွန်တော်တို့ သက်တမ်း တစ်လျှောက်မှာ ဒီလောက်ကြီး ဈေးမြင့်တာတော့ မတွေ့သေးဘူး။ လုပ် သက် နှစ်နှစ်ဆယ်ကျော် ပြီ။ ကိုယ့်ဆန္ဒ အရ ဆိုရင်တော့ ဒီလောက်ကြီး ဈေး မဖြစ်သင့်ဘူးပေါ့။ ဒါပေမဲ့လည်း ဖြစ်နေ တော့လည်း ဘာမှ မတတ်နိုင်ဘူး။ ဒီလို သိန်းပေါင်း တစ်သိန်းခွဲအထိ ဖြစ်တာ လည်း ဖြစ် လည်း ဖြစ်သင့် တယ်။ မြို့ထဲမှာ အဲဒီလို နှစ်ဧက တွဲရက်လည်း မရှိဘူးလေ။ အဲဒါကြောင့် အဲလောက် ဈေးဖြစ်သွားတာပါ။ သိန်းပေါင်းသောင်း ချီ အထိတော့ ဖြစ်ဖူးပါတယ်။ ဒီလို သိန်း ချီတော့ မဖြစ်ဖူးသေးဘူး။ ဒါပထမဆုံး ပဲ။ အခုမှလည်း ဈေးကလည်း အဲလောက် ဖြစ်လာတာ” ဟု ဦးနေလင်းအောင် က သုံးသပ်သည်။

မန္တလေးမြို့ ပတ်ဝန်းကျင်တွင် လယ် မြေများ အများစု အရောင်းအဝယ် ဖြစ်နေပြီး မန္တလေးမြို့နှင့် နီးပြီး အမြန်လမ်း အနီးတွင် ရှိသော အကွက် များမှာ တစ်ကွက်လျှင် သိန်းနှစ်ထောင် အထက်ဈေး ပေါက်နေကြောင်း သိရသည်။ အများစုမှာ လုပ်ငန်းရှင်များမှ မြေဝယ်စုသည့် သဘောဖြစ်ကာ မန္တလေး မြို့တွင်းနှင့် စက် မှုဇုန်တွင် တစ်ဧက လျှင် သိန်းသုံးသောင်း လေးသောင်းဈေး ပေါက်နေသော ကြောင့် ကျပ်သိန်း ၁၅ဝဝ၊ ၂ဝဝဝ ခန့် ဖြင့် ဝယ်စု၍ ရသော လယ်မြေများကို လိုက်လံဝယ်ယူ စုဆောင်းလျက် ရှိကြောင်း မန္တလေးမြို့ခံ အိမ်ခြံမြေ ပွဲစား များထံမှ သိရသည်။

”နဂို အော်ရီဂျင်နယ် လယ်မြေ တော် တော်များကလည်း လယ်သမားတွေဆီ မှာ မရှိတော့ဘူး။ အကုန်လုံးက ဝယ် ရောင်းတွေ ဝယ်သိမ်း ထားတဲ့လူတွေ လက်ထဲ မှာ ရောက်သွားပြီ။ စက်မှု ထဲမှာ ဆိုရင် မြေတစ်ဧက သောင်းချီ ဖြစ်သွားပြီ။ သိန်းကို သုံးသောင်း၊ လေးသောင်း ဖြစ်သွားတဲ့ အခါကျတော့ ဒီလယ်မြေက ကျပ်သိန်း ၁၅ဝဝ၊ ၂ဝဝဝ လောက် နဲ့တင် ဝယ်လို့ရတယ်လေ။ နောက်ပြီး လယ် မြေကလည်း လူနေမြေ ပုံစံမျိုး လန-၃၉ လိုမျိုး ပြောင်းသွားရင် ဈေးနှုန်းက အများ ကြီးကွာ သွားတယ် ။


။မြန်မာပြည်ရဲ့ အလယ် ဗဟိုတည့်တည့်မှာ ဆိုတော့ဗျာ ဘယ်သွားသွား ဒီကပဲ ဖြတ်သန်း သွားရတာ ဆိုတော့ စီးပွားရေး သမားတွေက ဝင် ဦးထားတဲ့ သဘောပါ။ ပြည်ပ ရင်းနှီးမြှုပ် နှံမှုတွေ ဝင်လာရင် မြို့ထဲက အကွက်တွေ က ဈေးကြီး တယ်လေ။ အဲတော့ လို သလောက် မဝယ်နိုင်ရင် မြို့ပြင်တွေမှာ ထပ် ဝယ်ရမယ်။ အဲဒီလိုမျိုးမှာ မန္တလေး မြို့နဲ့ နီးစပ်တဲ့ နေရာတွေကို ဝယ်ကြတဲ့ သဘောပါ”ဟု မန္တလေးမြို့ခံ အိမ်ခြံမြေ ပွဲစားတစ်ဦးက ပြောသည်။

ဖိုးလပြည့်
Popular Myanmar , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment