Pages

Friday, September 6, 2013

Samsung, Apple တို့အတွက် ယှဉ်ဘက်ဖြစ်လာမည့် Lenovo Vibe X

Photo: Samsung, Apple တို့အတွက် ယှဉ်ဘက်ဖြစ်လာမည့် Lenovo Vibe X 
Friday, September 6, 2013

Apple, Samsung, HTC, Sony အစရှိသဖြင့် အပြန်အလှန် ယှဉ်ပြိုင် နေချိန် နောက်ထပ် တိုးလာတဲ့ ပြိုင်ဘက်များကတော့ တရုတ်ပြည်က စမတ်ဖုန်းတွေ ဖြစ်ပါတယ်။ Huawei အပြင် အခြားသော စမတ်ဖုန်း ကုမ္မဏီကြီးများအရှိန်အဟုန်နဲ့ နေရာရလာပြီး ဈေးကွက်မှာ ထပ်မံအောင်မြင်လာသူက Lenovo ဖြစ်ပါတယ်။ 

လပ်တော့၊ ကွန်ပြူတာလောက်ပဲ အများစု သိထားပေမယ့် ကုမ္မဏီအတွက် အဓိက ဝင်ငွေ ရှာဖွေမှုမှာ စမတ်ဖုန်းလည်း ပါဝင်လာနေပါပြီ။ ဘာလင်က IFA 2013 မှာလည်း ပရိတ်သတ်ကို အံ့သြစေမယ့် စမတ်ဖုန်း အသစ် မိတ်ဆက်ပေးခဲ့ပါတယ်။ Lenovo Vibe X လို့ အမည်ရပါတယ်။ 

ထူးခြားချက်က ကင်မရာပါ။ နောက်မှာ 13 Megapixel ပါဝင်တာချည်း High end smartphone တို့ တူညီပေမယ့် ရှေ့ မှာ 5 megapixel ပါဝင်တာတော့ ခပ်ရှားရှားရယ်ပါ။ Lenovo ကတော့ Front Facing ကင်မရာကိုလည်း 5 Megapixel နဲ့ ထုတ်လုပ်ဖန်တီးလိုက်ပါတယ်။ Self photo shooting လုတ်တတ်သူများအတွက် ဝမ်းသာစရာ ပါပဲ။ Feature စုံလင်စွာနဲ့ ရှေ့ ကင်မရာကိုလည်း ခပ်ကောင်းကောင်း အသုံးပြုနိုင်စေမှာ ဖြစ်ကြောင်း မိတ်ဆက်ပါမှာ Lenovo က ရှင်းပြ သွားပါတယ်။ 

ကျန်တဲ့ Specification များကတော့ အခြား ဈေးကြီးစမတ်ဖုန်းများနဲ့ သိပ်မကွာပါဘူး။ ဖန်သား မျက်နှာပြင်က ၅ လက်မ၊ အရည်အသွေးက 1920x1280 ဖြစ်ပါတယ်။ Apple က လက်ရှိ အသုံးပြုနေတဲ့ အကောင်းဆုံးပါ ဆိုတဲ့ Retina Display Resolution ကိုပေးနိုင်တယ်လို့ ဆိုပါတယ်။ Pixel density မြင့်လို့ပါ။ Gorilla Glas 3 အသားနဲ့ ဖြစ်ပါတယ်။ နောက်ထပ် ထူးခြားတာ တစ်ခုက ဝိတ်ပါ။ ၁၂၁ ဂရမ်ပဲ ရှိတာမို့ ကမ္ဘာ့ အပေါ့ပါးဆုံး စမတ်ဖုန်း စာရင်းထဲတောင် ပါဝင်ဖို့ ရည်ရွယ်ထားပုံ ရပါတယ်။ ၆.၉ မီလီမီတာ အထူမို့ ခပ်ပါးပါး စမတ်ဖုန်း ပါပဲ။ Quad Core MTK Processor ကို အသုံးပြုပြီး RAM ကတော့ 2GB 1.5 GHz ပါပဲ။ internet storage ကို 16 GB ဗားရှင်းပဲ ထုတ်လုပ်အုံးမှာ ဖြစ်ပါတယ်။ micro SD ကဒ်ထပ်ဆိုက် နိုင်ပါတယ်။ 

Android 4.2 Jelly Bean နဲ့ပဲ ထွက်ရှိမှာ ဖြစ်ပါတယ်။ လာမယ့် အောက်တို ဘာလဆိုရင် တရုတ်ပြည်မှာ စဖြန့်ပါပြီ။ ကမ္ဘာ့ဈေးကွက်ကိုလည်း လာမယ့် ဒီဇင်ဘာလကစလို့ ဖြန့်ချိရောာင်းချမှာလို့ ဆိုပါတယ်။ ဈေးနှုန်းကို တရားဝင်တော့ မကြေညာရသေးပါဘူး။ အများစု ခန့်မှန်းချက်အရ အမေရိကန်ဒေါ်လာ ၃၀၀ နဲ့ ၄၀၀ ကြား ဖြစ်ပါတယ်။ ဒီတော့ မြန်မာကျပ်ငွေနဲ့ ၃ သိန်းခွဲလောက်တော့ ပေါက်ဈေးရှိနိုင်မယ့် ဖုန်းပါ။ အကယ်၍သာ ၃ သိန်းခွဲပဲဆိုရင်လည်း တော်တော်ကြီးကို တန်ပါတယ်။ ဒါကြောင့် လက်ရှိ Apple, Samsung, Sony, Hawei , HTC တို့အတွက် Lenovo Vibe X ဟာ ယှဉ်ဘက် စမတ်ဖုန်း ဖြစ်လာနိုင်တယ်လို့ ခန့်မှန်း ထားကြကြောင်း သိရပါတယ်။
.
Ref:phonearena
www.mmsocialsky.com
အောင်ခမ်း ( MM Social Sky )
.

RangonNewsDaily:: September 6, 2013

Apple, Samsung, HTC, Sony အစရှိသဖြင့် အပြန်အလှန် ယှဉ်ပြိုင် နေချိန် နောက်ထပ် တိုးလာတဲ့ ပြိုင်ဘက်
များကတော့ တရုတ်ပြည်က စမတ်ဖုန်းတွေ ဖြစ်ပါတယ်။ Huawei အပြင် အခြားသော စမတ်ဖုန်း ကုမ္မဏီကြီး
များအရှိန်အဟုန်နဲ့ နေရာရလာပြီး ဈေးကွက်မှာ ထပ်မံအောင်မြင်လာသူက Lenovo ဖြစ်ပါတယ်။ လပ်တော့၊ ကွန်ပြူတာလောက်ပဲ အများစု သိထားပေမယ့် ကုမ္မဏီအတွက် အဓိက ဝင်ငွေ ရှာဖွေမှုမှာ စမတ်
ဖုန်းလည်းပါဝင်လာနေပါပြီ။ဘာလင်က IFA 2013 မှာလည်း ပရိတ်သတ်ကို အံ့သြစေမယ့် စမတ်ဖုန်း အသစ်
 မိတ်ဆက်ပေးခဲ့ပါတယ်။ Lenovo Vibe X လို့ အမည်ရပါတယ်။

ထူးခြားချက်က ကင်မရာပါ။ နောက်မှာ 13 Megapixelပါဝင်တာချည်းHigh end smartphone တို့ တူညီပေမယ့်
ရှေ့ မှာ 5 megapixel ပါဝင်တာတော့ ခပ်ရှားရှားရယ်ပါ။ Lenovo ကတော့ Front Facing ကင်မရာကိုလည်း 5 Megapixel နဲ့ ထုတ်လုပ်ဖန်တီးလိုက်ပါတယ်။ 
 
Self photo shooting လုတ်တတ်သူများအတွက် ဝမ်းသာစရာ ပါပဲ။ Feature စုံလင်စွာနဲ့ ရှေ့ ကင်မရာကိုလည်း ခပ်ကောင်းကောင်း အသုံးပြုနိုင်စေမှာ ဖြစ်ကြောင်း မိတ်ဆက်ပါမှာ Lenovo က ရှင်းပြ သွားပါတယ်။

ကျန်တဲ့ Specification များကတော့ အခြား ဈေးကြီးစမတ်ဖုန်းများနဲ့ သိပ်မကွာပါဘူး။ ဖန်သား မျက်နှာပြင်က ၅ လက်မ၊ အရည်အသွေးက 1920x1280 ဖြစ်ပါတယ်။ Apple က လက်ရှိ အသုံးပြုနေတဲ့ အကောင်းဆုံးပါ ဆိုတဲ့ Retina Display Resolution ကိုပေးနိုင်တယ်လို့ ဆိုပါတယ်။ 
 
Pixel density မြင့်လို့ပါ။ Gorilla Glas 3 အသားနဲ့ ဖြစ်ပါတယ်။ နောက်ထပ် ထူးခြားတာ တစ်ခုက ဝိတ်ပါ။ ၁၂၁ ဂရမ်ပဲ ရှိတာမို့ ကမ္ဘာ့ အပေါ့ပါးဆုံး စမတ်ဖုန်း စာရင်းထဲတောင် ပါဝင်ဖို့ ရည်ရွယ်ထားပုံ ရပါတယ်။ ၆.၉ မီလီ
မီတာ အထူမို့ ခပ်ပါးပါး စမတ်ဖုန်း ပါပဲ။ Quad Core MTK Processor ကို အသုံးပြုပြီး RAM ကတော့ 2GB 1.5 GHz ပါပဲ။ internet storage ကို 16 GB ဗားရှင်းပဲ ထုတ်လုပ်အုံးမှာ ဖြစ်ပါတယ်။ micro SD ကဒ်ထပ်ဆိုက် နိုင်
ပါတယ်။

Android 4.2 Jelly Bean နဲ့ပဲ ထွက်ရှိမှာ ဖြစ်ပါတယ်။ လာမယ့် အောက်တို ဘာလဆိုရင် တရုတ်ပြည်မှာ စဖြန့်
ပါပြီ။ ကမ္ဘာ့ဈေးကွက်ကိုလည်း လာမယ့် ဒီဇင်ဘာလကစလို့ ဖြန့်ချိရောာင်းချမှာလို့ ဆိုပါတယ်။ ဈေးနှုန်းကို တ
ရားဝင်တော့ မကြေညာရသေးပါဘူး။ အများစု ခန့်မှန်းချက်အရ အမေရိကန်ဒေါ်လာ၃၀၀ နဲ့၄၀၀ ကြား ဖြစ်ပါ
တယ်။ 
 
ဒီတော့ မြန်မာကျပ်ငွေနဲ့ ၃ သိန်းခွဲလောက်တော့ ပေါက်ဈေးရှိနိုင်မယ့် ဖုန်းပါ။ အကယ်၍သာ ၃ သိန်းခွဲပဲဆို
ရင်လည်း တော်တော်ကြီးကို တန်ပါတယ်။ ဒါကြောင့် လက်ရှိ Apple, Samsung, Sony, Hawei , HTC တို့အ
တွက် Lenovo Vibe X ဟာ ယှဉ်ဘက် စမတ်ဖုန်း ဖြစ်လာနိုင်တယ်လို့ ခန့်မှန်း ထားကြကြောင်း သိရပါတယ်။
.
Ref:phonearena
အောင်ခမ်း , RangonNewsDaily
kolatt (Pabedan)

.

0 comments:

Post a Comment