Pages

Friday, September 6, 2013

Living Color Media မန္တလေးရုံး ဖောက်ထွင်းခံရ

Photo: Living Color Media မန္တလေးရုံး ဖောက်ထွင်းခံရ
Friday, September 6, 2013

Living Color မဂ္ဂဇင်း၊ အပတ်စဉ်ထုတ်နှင့် နေ့စဉ်ထုတ် The Voice စာစောင်များ ထုတ်ဝေ ဖြန့်ချိလျက်ရှိသော Living Color Media ၏ မန္တလေးရုံးခွဲတွင် စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၆ နာရီခန့်က ငွေကျပ် ၉၆၇,၄၃၀ ကျပ်ခန့် ခိုးယူဖောက်ထွင်းခံခဲ့ရသည်။

ယင်းရုံးတွင် နေထိုင်သော ဖြန့်ချိရေး ဝန်ထမ်းများသည် ရုံးခန်းပိတ်ချိန် ညပိုင်းများတွင် အပြင်သို့ သတင်းစာဖြန့်ချိရေးအတွက် နေ့စဉ်သွားရောက်လေ့ ရှိကြောင်း၊ အဆိုပါနေ့ နံနက် ၆ နာရီခန့်က သတင်းစာတိုက်သို့ ဖြန့်ချိရေး ဝန်ထမ်းများ ပြန်လည် ရောက်ရှိချိန်တွင် ခြံတံခါးကို ခတ်ထားသော သော့ပွင့်နေသည်ကို တွေ့ရကြောင်း၊ ရုံးခန်းအတွင်း ကွန်ပျူတာ တင်ထားသောစားပွဲ အံဆွဲ ပျက်နေပြီး အတွင်းတွင် ထည့်ထားသော ငွေကျပ် ၉၆၇,၄၃၀ ကျပ်ခန့် ပျောက်ဆုံးသွားခဲ့ကြောင်း ဖြန့်ချိရေးတာဝန်ခံ ဦးဂျက်တူးတူးက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၂၄x၂၅ လမ်း၊ ၆၃x၆၄ လမ်းကြား၊ မြသီတာလမ်းသွယ်ရှိ The Voice နေ့စဉ်ထုတ် သတင်းစာတိုက်မှ ငွေများခိုးယူ ဖောက်ထွင်းခံရမှုနှင့် ပတ်သက်၍ သတင်းစာတိုက်ရုံး အနီးဝန်းကျင်ရှိ CCTV ကင်မရာမှတစ်ဆင့် စုံစမ်းစစ်ဆေးမှု ပြုလုပ်လျက်ရှိသည်။

“မီဒီယာရုံးခန်းမှာ အဖောက်ခံရတယ်ဆိုတော့ ကျွန်တော်တို့ ရုံးမှာလည်း ရှိတဲ့ပိုက်ဆံ ဘဏ်အပ်ထားလို့ ပြောထားတယ်” ဟု မန္တလေးမြို့တော်ရှိ သတင်းထောက်တစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်နေ့ကလည်း မြသီလမ်းသွယ်နှင့် ၂၄ လမ်းထောင့်ရှိ မိုဘိုင်းလ်ဖုန်း အရောင်းဆိုင် ဖောက်ထွင်းခံရပြီး ဟန်းဆက်သုံးလုံး၊ ငွေကျပ်တစ်သောင်းနှင့် မန်မိုရီစတစ်အချို့ ပျောက်ဆုံးသွားကြောင်း အဆိုပါဆိုင် တာဝန်ရှိသူထံမှ သိရသည်။

အဆိုပါ ဖောက်ထွန်းမှုနှင့် ပတ်သက်၍ အောင်မြေသာစံမြို့နယ်ရှိ အမှတ် (၁) ရဲခစန်းတွင် တရားလို ဦးဂျက်တူးတူးက တရားလိုပြု တိုင်တန်း၍ နယ်မြေရဲစခန်းမှ (ပ) ၁၇၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်စစ်ဆေးအရေးယူ ဆောင်ရွက်လျက် ရှိကြောင်း ယင်းရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

မန္တလေးတွင် ယခုနှစ်အတွင်း သတင်းစာတိုက် များဖြစ်သော မြနန္ဒာနှင့် ပေါ်ပြူလာဂျာနယ်တိုက်တို့တွင်လည်း ဖောက်ထွင်းခံရမှုများ ဖြစ်ပွားခဲ့သည်။

The Voice Weekly

RangonNewsDaily:: September 6, 2013

Living Color မဂ္ဂဇင်း၊ အပတ်စဉ်ထုတ်နှင့် နေ့စဉ်ထုတ် The Voice စာစောင်များ ထုတ်ဝေ ဖြန့်ချိလျက်ရှိသော Living Color Media ၏ မန္တလေးရုံးခွဲတွင် စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၆ နာရီခန့်က ငွေကျပ် ၉၆၇,၄၃၀ ကျပ်ခန့် ခိုးယူဖောက်ထွင်းခံခဲ့ရသည်။ ယင်းရုံးတွင် နေထိုင်သော ဖြန့်ချိရေး ဝန်ထမ်းများသည် ရုံးခန်းပိတ်ချိန် ညပိုင်းများတွင် အပြင်သို့ သတင်းစာဖြန့်ချိရေးအတွက် နေ့စဉ်သွားရောက်လေ့ ရှိကြောင်း၊ အဆိုပါနေ့ နံနက် ၆ နာရီခန့်က သတင်းစာတိုက်သို့ ဖြန့်ချိရေး ဝန်ထမ်းများ ပြန်လည် ရောက်ရှိချိန်တွင် ခြံတံခါးကို ခတ်ထားသော သော့ပွင့်နေသည်ကို တွေ့ရကြောင်း၊ ရုံးခန်းအတွင်း ကွန်ပျူတာ တင်ထားသောစားပွဲ အံဆွဲ ပျက်နေပြီး အတွင်းတွင် ထည့်ထားသော ငွေကျပ် ၉၆၇,၄၃၀ ကျပ်ခန့် ပျောက်ဆုံးသွားခဲ့ကြောင်း ဖြန့်ချိရေးတာဝန်ခံ ဦးဂျက်တူးတူးက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၂၄x၂၅ လမ်း၊ ၆၃x၆၄ လမ်းကြား၊ မြသီတာလမ်းသွယ်ရှိ The Voice နေ့စဉ်ထုတ် သတင်းစာတိုက်မှ ငွေများခိုးယူ ဖောက်ထွင်းခံရမှုနှင့် ပတ်သက်၍ သတင်းစာတိုက်ရုံး အနီးဝန်းကျင်ရှိ CCTV ကင်မရာမှတစ်ဆင့် စုံစမ်းစစ်ဆေးမှု ပြုလုပ်လျက်ရှိသည်။

“မီဒီယာရုံးခန်းမှာ အဖောက်ခံရတယ်ဆိုတော့ ကျွန်တော်တို့ ရုံးမှာလည်း ရှိတဲ့ပိုက်ဆံ ဘဏ်အပ်ထားလို့ ပြောထားတယ်” ဟု မန္တလေးမြို့တော်ရှိ သတင်းထောက်တစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်နေ့ကလည်း မြသီလမ်းသွယ်နှင့် ၂၄ လမ်းထောင့်ရှိ မိုဘိုင်းလ်ဖုန်း အရောင်းဆိုင် ဖောက်ထွင်းခံရပြီး ဟန်းဆက်သုံးလုံး၊ ငွေကျပ်တစ်သောင်းနှင့် မန်မိုရီစတစ်အချို့ ပျောက်ဆုံးသွားကြောင်း အဆိုပါဆိုင် တာဝန်ရှိသူထံမှ သိရသည်။

အဆိုပါ ဖောက်ထွန်းမှုနှင့် ပတ်သက်၍ အောင်မြေသာစံမြို့နယ်ရှိ အမှတ် (၁) ရဲခစန်းတွင် တရားလို ဦးဂျက်တူးတူးက တရားလိုပြု တိုင်တန်း၍ နယ်မြေရဲစခန်းမှ (ပ) ၁၇၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်စစ်ဆေးအရေးယူ ဆောင်ရွက်လျက် ရှိကြောင်း ယင်းရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

မန္တလေးတွင် ယခုနှစ်အတွင်း သတင်းစာတိုက် များဖြစ်သော မြနန္ဒာနှင့် ပေါ်ပြူလာဂျာနယ်တိုက်တို့တွင်လည်း ဖောက်ထွင်းခံရမှုများ ဖြစ်ပွားခဲ့သည်။

The Voice Weekly , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment