Pages

Friday, September 6, 2013

အုပ်စုဖွဲ့ မတရားချုပ်နှောင်မှုဖြင့် ဖက်ရှင်ဆိုင်ပိုင်ရှင်က လပြည့်ဝန်းပလာဇာ ပိုင်ရှင်ကို အမှုဖွင့်

Photo: အုပ်စုဖွဲ့ မတရားချုပ်နှောင်မှုဖြင့် ဖက်ရှင်ဆိုင်ပိုင်ရှင်က လပြည့်ဝန်းပလာဇာ ပိုင်ရှင်ကို အမှုဖွင့်
Friday, September 6, 2013

လပြည့်ဝန်းပလာဇာ ဒုတိယထပ်တွင် အခန်းငှားရမ်းဖွင့်လှစ် ရောင်း ချနေ သော Super Action ဖက်ရှင်ဆိုင်၌ အတွင်းတွင် လူများရှိနေစဉ် ပလာဇာလုံခြုံရေး ဝန်ထမ်းသုံးဦးက စက်တင်ဘာလ ၂ ရက် နေ့တွင် လာရောက်သော့ခတ်ခဲ့သဖြင့် ဖက်ရှင်ဆိုင်ပိုင်ရှင်က ဒဂုံမြို့နယ်ရဲတပ်ဖွဲ့ စခန်းသို့ စက်တင်ဘာလ ၄ ရက်နေ့ ညနေ ပိုင်းတွင် သွားရောက်တိုင်တန်းရာ ရဲတပ်ဖွဲ့စခန်းက လပြည့်ဝန်းပလာဇာ ပိုင်ရှင်ကို အုပ်စုဖွဲ့ မတရားချုပ်နှောင်မှုဖြင့် အမှုဖွင့် ခဲ့ကြောင်း ဖက်ရှင်ဆိုင်ပိုင်ရှင် ဦးကျော်ရဲမင်း က ပြောကြားသည်။

ဒဂုံမြို့နယ် ရဲတပ်ဖွဲ့စခန်းက ပ-၁၉၅/ ၂၀၁၃၊ အုပ်စုဖွဲ့ မတရားချုပ်နှောင်မှု ဆိုင်ရာ ပြစ်မှုပုဒ်မ ၃၄၁/၁၁၄ ဖြင့် အမှုဖွင့်ခဲ့ပြီး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ စခန်းထံမှ စုံစမ်းသိရှိရသည်။

သတ်မှတ်ငှားရမ်းရက် ကျော်လွန်ပြီဖြစ်သည် ဟုဆိုကာ ဖက်ရှင်ဆိုင်၏ ဝင်ထွက် တံခါးပေါက်တစ်ခုကို သော့ခတ်ခြင်းဖြင့် လည်းကောင်း၊ ကျန်တံခါးတစ်ခုကို သံခုံများ ဖြင့်လည်းကောင်း ပလာဇာလုံခြုံရေး များက လာရောက် ပိတ်ဆို့ခဲ့ရာ ဖက်ရှင်ဆိုင် အတွင်းရှိ ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းစုစုပေါင်း သုံးဦးတို့မှာ ဆိုင်အတွင်း သုံးနာရီခန့်ကြာ ပိတ်မိနေခဲ့သောကြောင့် အမှုဖွင့်ခြင်း ဖြစ်ကြောင်း ဖက်ရှင်ဆိုင်ပိုင်ရှင် ဦးကျော်ရဲမင်း က ပြောကြားသည်။
"ပြဿနာကို ဥပဒေအရ ဖြေရှင်းသွားဖို့ ပြောပေမယ့် ပလာဇာဘက်က အခုလိုအပြင်က သော့လာပိတ်သွားတာဟာ ဥပဒေမဲ့ လူမိုက်ဆန်ဆန် လုပ်ရပ်ဖြစ်တယ်" ဟု ၄င်းက ဆိုသည်။

ဆိုင်ခန်းငှားရမ်းမှု သတ်မှတ်ရက်ထက် နှစ်ရက်ခန့် ကျော်လွန်နေ ပြီ ဖြစ်သောကြောင့် ဖက်ရှင်ဆိုင်ကို ဆက်လက် မငှားရမ်း လိုသဖြင့် ပြောင်းရွှေ့ပေးရန် ဆိုင်ပိုင်ရှင်ကို အကြိမ်ကြိမ် အကြောင်းကြားခဲ့သော် လည်း ဖယ်ပေးခြင်း မရှိသောကြောင့် လုံခြုံရေးများကို သော့ခတ်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း လပြည့်ဝန်းပလာဇာ မန်နေဂျင်း ဒါရိုက်တာဦးသိန်းရွှေက ပြောကြား သည်။

ပလာဇာလုံခြုံရေးများက မွန်းလွဲ တစ်နာရီခွဲ အချိန်ခန့်တွင် ဆိုင်ရှိဝင်ပေါက် နှစ်ခုကို လာရောက် ပိတ်ဆို့ထားသဖြင့် ဒဂုံမြို့နယ် ရဲအရာရှိများ ရောက်ရှိလာချိန်တွင်မှ လွတ်မြောက် ခဲ့ကြကြောင်း ပလာဇာ အတွင်း ဆိုင်ခန်းအချို့ရှိ မျက်မြင်များက ပြောကြားသည်။

ဒဂုံမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင်း ဖက်ရှင်ဆိုင်ပိုင်ရှင်က အမှုဖွင့်ထားသည်ကို လပြည့်ဝန်းပလာဇာ မန်နေဂျင်းဒါရိုက်တာ ဦးသိန်းရွှေက မသိရှိသေးကြောင်း ၄င်း၏ ရုံးဝန်ထမ်းမှတစ်ဆင့် The Voice ၏ မေးမြန်းချက်ကို စက်တင်ဘာလ ၅ ရက် ညနေ ၄ နာရီ ၃၀ မိနစ်ခန့်က ပြန်လည် ဖြေကြားသည်။

အဆိုပါပလာဇာတွင် ရုံးခန်း၊ ဆိုင်ခန်း ငှားရမ်းသူများနှင့် ပလာဇာပိုင်ရှင် တို့အကြား မကြာခဏဆိုသလို ပြဿနာများ ဖြစ်ပွားလေ့ ရှိကြောင်း၊ ပလာဇာပိုင်ရှင်နှင့် လုံခြုံရေး ဝန်ထမ်းများသည် ငှားရမ်းသူများကို မချေမငံ ဆက်ဆံလေ့ ရှိတတ်ကြောင်း ယင်းပလာဇာတွင် ရုံးခန်းဖွင့်လှစ်ခဲ့ဖူးသူ တစ်ဦးက ပြောကြားသည်။

The Voice Weekly

RangonNewsDaily:: September 6, 2013

လပြည့်ဝန်းပလာဇာ ဒုတိယထပ်တွင် အခန်းငှားရမ်းဖွင့်လှစ် ရောင်း ချနေ သော Super Action ဖက်ရှင်ဆိုင်၌ အတွင်းတွင်လူများရှိနေစဉ်ပလာဇာလုံခြုံရေး ဝန်ထမ်းသုံးဦးက စက်တင်ဘာလ ၂ ရက် နေ့တွင် လာရောက်
သော့ခတ်ခဲ့သဖြင့် ဖက်ရှင်ဆိုင်ပိုင်ရှင်က ဒဂုံမြို့နယ်ရဲတပ်ဖွဲ့စခန်းသို့စက်တင်ဘာလ ၄ ရက်နေ့ ညနေ ပိုင်း
တွင် သွားရောက်တိုင်တန်းရာ ရဲတပ်ဖွဲ့စခန်းက လပြည့်ဝန်းပလာဇာ ပိုင်ရှင်ကို အုပ်စုဖွဲ့ မတရားချုပ်နှောင်
မှုဖြင့် အမှုဖွင့် ခဲ့ကြောင်း ဖက်ရှင်ဆိုင်ပိုင်ရှင် ဦးကျော်ရဲမင်း က ပြောကြားသည်။ ဒဂုံမြို့နယ် ရဲတပ်ဖွဲ့စခန်းက ပ-၁၉၅/ ၂၀၁၃၊အုပ်စုဖွဲ့မတရားချုပ်နှောင်မှု ဆိုင်ရာ ပြစ်မှုပုဒ်မ ၃၄၁/၁၁၄ ဖြင့်
အမှုဖွင့်ခဲ့ပြီး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ စခန်းထံမှ စုံစမ်းသိရှိရသည်။

သတ်မှတ်ငှားရမ်းရက် ကျော်လွန်ပြီဖြစ်သည် ဟုဆိုကာ ဖက်ရှင်ဆိုင်၏ ဝင်ထွက် တံခါးပေါက်တစ်ခုကို သော့
ခတ်ခြင်းဖြင့် လည်းကောင်း၊ ကျန်တံခါးတစ်ခုကို သံခုံများ ဖြင့်လည်းကောင်း ပလာဇာလုံခြုံရေး များက လာ
ရောက် ပိတ်ဆို့ခဲ့ရာဖက်ရှင်ဆိုင် အတွင်းရှိ ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းစုစုပေါင်း သုံးဦးတို့မှာ ဆိုင်အတွင်း သုံးနာ
ရီခန့်ကြာ ပိတ်မိနေခဲ့သောကြောင့် အမှုဖွင့်ခြင်း ဖြစ်ကြောင်း ဖက်ရှင်ဆိုင်ပိုင်ရှင် ဦးကျော်ရဲမင်း က ပြော
ကြားသည်။

"ပြဿနာကို ဥပဒေအရ ဖြေရှင်းသွားဖို့ ပြောပေမယ့် ပလာဇာဘက်က အခုလိုအပြင်က သော့လာပိတ်သွားတာ
ဟာ ဥပဒေမဲ့ လူမိုက်ဆန်ဆန် လုပ်ရပ်ဖြစ်တယ်" ဟု ၄င်းက ဆိုသည်။

ဆိုင်ခန်းငှားရမ်းမှု သတ်မှတ်ရက်ထက် နှစ်ရက်ခန့် ကျော်လွန်နေ ပြီ ဖြစ်သောကြောင့် ဖက်ရှင်ဆိုင်ကို ဆက်
လက်မငှားရမ်းလိုသဖြင့် ပြောင်းရွှေ့ပေးရန် ဆိုင်ပိုင်ရှင်ကို အကြိမ်ကြိမ် အကြောင်းကြားခဲ့သော် လည်း ဖယ်
ပေးခြင်း မရှိသောကြောင့် လုံခြုံရေးများကို သော့ခတ်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း လပြည့်ဝန်းပလာဇာ မန်နေဂျင်း ဒါရိုက်တာဦးသိန်းရွှေက ပြောကြား သည်။

ပလာဇာလုံခြုံရေးများက မွန်းလွဲ တစ်နာရီခွဲ အချိန်ခန့်တွင် ဆိုင်ရှိဝင်ပေါက် နှစ်ခုကို လာရောက် ပိတ်ဆို့ထား
သဖြင့် ဒဂုံမြို့နယ် ရဲအရာရှိများ ရောက်ရှိလာချိန်တွင်မှ လွတ်မြောက် ခဲ့ကြကြောင်း ပလာဇာ အတွင်း ဆိုင်
ခန်းအချို့ရှိ မျက်မြင်များက ပြောကြားသည်။

ဒဂုံမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင်း ဖက်ရှင်ဆိုင်ပိုင်ရှင်က အမှုဖွင့်ထားသည်ကို လပြည့်ဝန်းပလာဇာ မန်နေဂျင်း
ဒါရိုက်တာ ဦးသိန်းရွှေက မသိရှိသေးကြောင်း ၄င်း၏ ရုံးဝန်ထမ်းမှတစ်ဆင့် The Voice ၏ မေးမြန်းချက်ကို စက်တင်ဘာလ ၅ ရက် ညနေ ၄ နာရီ ၃၀ မိနစ်ခန့်က ပြန်လည် ဖြေကြားသည်။

အဆိုပါပလာဇာတွင်ရုံးခန်း၊ဆိုင်ခန်းငှားရမ်းသူများနှင့်ပလာဇာပိုင်ရှင်တို့အကြားမကြာခဏဆိုသလို ပြဿ
နာများ ဖြစ်ပွားလေ့ ရှိကြောင်း၊ ပလာဇာပိုင်ရှင်နှင့် လုံခြုံရေး ဝန်ထမ်းများသည် ငှားရမ်းသူများကို မချေမငံ ဆက်ဆံလေ့ ရှိတတ်ကြောင်း ယင်းပလာဇာတွင် ရုံးခန်းဖွင့်လှစ်ခဲ့ဖူးသူ တစ်ဦးက ပြောကြားသည်။

The Voice Weekly , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment