Pages

Friday, September 6, 2013

"ကန့်ဘလူမြို့နယ်၊ ထန်းကုန်းမြို့တွင် အဓမ္မကျင့်ရန်ကြံစည်မှုဖြင့် ထောင်ဒဏ်(၇)နှစ် ချမှတ်"

RangonNewsDaily:: September 6, 2013

ပြီးခဲ့သည့် သြဂုတ်လ (၂၄)ရက်နေ့က ဖြစ်ပွားခဲ့သည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်မြို့တွင် 
ဇီးပင်သာကျေးရွာနေ မလှပြုံး (၂၅)နှစ် သည် ထန်းကုန်းမှ အလုပ်သိမ်းအပြန် အစ္စလာမ်ဘာသာဝင် စိတ်မမှန်သည့်ရောဂါခံစားနေသူ မောင်ဆန်းမင်း(၁၅)နှစ်မှ အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြင့် မနေ့က စက်တင်ဘာလ(၄)ရက်နေ့တွင် ထောင်ဒဏ်(၇)နှစ် ချမှတ်ခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါ စိတ်မမှန်သည့်ရောဂါခံစားနေရသူ မောင်ဆန်းမင်း အသက်(၁၅)နှစ်အား ကန့်လူမြို့နယ်တရားရုံးက ပုဒ်မ ၃၇၆ (မိန်းကလေးတစ်ယောက်အား အဓမ္မကျင့်မှု)မြောက်သဖြင့် ထောက်ဒဏ်(၅)နှစ်နှင့် ပုဒ်မ ၅၁၁ (အဓမ္မကျင့်ရန်ကြံစည်မှု) ဖြင့် ထောင်ဒဏ်(၂)နှစ် စုစုပေါင်း ထောင်ဒဏ်(၇)နှစ် ချမှတ်ခဲ့ပြီး မန္တလေးအိုးဘို အကျဉ်းထောင်သို့ မနေ့က (၄)ရက်နေ့ ညနေ (၃း၃၀)မိနစ်အချိန်တွင် ပို့ဆောင်လိုက်ကြောင်း တရားခံ၏ မိသားစုဝင်များနှင့် ရင်နှီးသည့် လူတစ်ဦးမှသိရှိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းမြို့တွင် သြဂုတ်လ(၂၄)ရက်နေ့က စိတ်မမှန်သည့် ရောဂါ
ခံစားနေရသူ အစ္စလာမ်ဘာသာဝင် မောင်ဆန်းမင်(၁၅)နှစ်မှ မလှပြုံး အသက် (၂၅)နှစ်အား အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သည်ဟု အကြောင်းပြ၍ ဗုဒ္ဓဘာသာဝင် အကြမ်းဖက်လူအုပ်စုများမှ ထန်းကုန်းဒေသခံ အစ္စလာမ်ဘာသာဝင် အိုးအိမ်များအား အကြမ်းဖက်မီးရှို့လုယက်မှုများ ပြုလုပ်ခဲ့သည့် လူအုပ်စုများမှ (၁၁)ဦးကို ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးခဲ့ပြီး အဆိုပါ (၁၁)ဦးထဲ တစ်ဦးဖြစ်သူ ဦးဆန်းချိုမှာ ရွှေဘိုမြို့နယ်ဆေးရုံတွင် ၀မ်းလျှောရောဂါဖြင့် သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။

အဆိုပါ တရားခံ စိတ်မမှန်သည့်ရောဂါခံစားနေရသူ မောင်ဆန်းမင်း အသက်(၁၅)နှစ်အား ထောင်ဒဏ်(၇)နှစ်ချမှတ်လိုက်တာနဲ့ ပတ်သက်၍ လေ့လာသူများရဲ့ ပြောပြချက်အရ “ ထောင်ဒဏ်ခုနှစ်ဟာ အရမ်းများပါတယ် ဘာလို့ဆိုတော့ဗျာ တရားခံကောင်လေးက စိတ်လည်းမမှန်ဘူး အသက်လည်း မပြည့်သေးဘူး လျှော့ပေါ့ပေးသင့်တယ်လို့ ထင်ပါတယ်။
 ပြီးတော့ မိတ္ထီလာ ကိစ္စတွေမှာကျတော့ အစ္စလာမ်ဘာသာဝင် အိမ်တွေကို မီးရှို့ဖျက်ဆီးလူသတ် ခဲ့တဲ့လူတွေကိုကျတော့ ထောင်ဒဏ် (၂)နှစ် ဖြစ်နေတယ်။ ဒါဟာ လုံးဝတရားမျှတမှုမရှိဘူး၊ ပြီးတော့ ဒီ ပုဒ်မ ၃၇၆ ဆိုတဲ့ပုဒ်မက မိန်းကလေး တစ်ယောက်ကို အဓမ္မပြုကျင့် လိုက်တယ် ဆိုမှ အဲ့ဒိ ပုဒ်မမြောက်တာပါ၊ ဒီကောင်လေးက အသက်(၂၅)နှစ် အမျိုးသမီးကို အဓမ္မမကျင့်ခဲ့ပါဘူး” လေ့လာသုံးသပ် ပြောဆိုနေကြပါတယ်။

RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment