Pages

Monday, September 2, 2013

ITPEC စာမေးပွဲ၏ Level 2 အောင်မြင်ရုံ ဖြင့် ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့် ရရှိမည်

RangonNewsDaily:: September 2, 2013

နိုင်ငံပေါင်း ခုနစ်နိုင်ငံ ပူးပေါင်းစီစဉ်သည့် စာမေးပွဲ တစ်ခုဖြစ်သော ITPEC စာမေးပွဲ၏
Level 2 အောင်မြင်ရုံ ဖြင့် ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့် ရရှိရန် ထောက်ခံချက်ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်များ အသင်းမှ စာမေးပွဲ ကျင်းပရေး ကော်မတီ၏ သတင်း ထုတ်ပြန်ချက် အရသိရသည်။ အဆိုပါ စာမေးပွဲများ အတွက် နိုင်ငံပေါင်း ခုနစ်နိုင်ငံ ပူးပေါင်းပြီး ITPEC (Information Technology Professional Examination Council) အဖွဲ့ကို ဖွဲစည်းထားပြီး Level 7 အထိ ရှိသော်လည်း ဒုတိယ အဆင့် အောင်မြင်ရုံဖြင့် ဂျပန်နိုင်ငံတွင် အလုပ် လုပ်ကိုင်နိုင်ရန် ထောက်ခံချက် ရရှိမည် ဖြစ်ကြောင်း ဂျပန်နိုင်င Information Technology Promotion Agency မှ Mr.To Shinari Miyazawa က ပြောကြားခဲ့သည်။

ထိုစာမေးပွဲတွင် ပထမအဆင့် အနေဖြင့် အိုင်တီနှင့် ပတ်သက်သည့် အခြေခံ သဘောတရားများ ဖြစ်သည့် IP (IT Passport) စာမေးပွဲကို ဦးစွာ ဖြေဆိုရမည် ဖြစ်ပြီး ခြောက်လတစ်ကြိမ် စစ်ဆေးပေးလေ့ရှိကာ ဒုတိယအဆင့် ဖြစ်သည့် FE နှင့် တတိယ အဆင့်ဖြစ်သည့် Ap (Applied Information Technology Engineer) စာမေးပွဲကို တစ်နှစ်တစ်ကြိမ် ဖြေဆိုနိုင်ပြီး ဖြေဆို အောင်မြင်ပါက နိုင်ငံတကာတွင် အလုပ် အကိုင် အခွင့်အလမ်း ကောင်းများ ရရှိနိုင်ကြောင်း သိရသည်။

နိုင်ငံတကာ အသိအမှတ်ပြု အိုင်တီ ပညာရှင် စာမေးပွဲကို တရုတ်၊ အိန္ဒိယ၊ စင်ကာပူ၊ တရုတ်(တိုင်ပေ)နှင့် ကိုရီးယားနိုင်ငံ တို့တွင် အသီးသီး ကျင်းပလျက်ရှိပြီး မြန်မာ၊ မွန်ဂိုလီးယား၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်း၍ ITPEC အဖြစ် ဖွဲ့စည်းကာ ကျင်းပလျက်ရှိသည်။ ၂ဝဝ၆ ခုနှစ်မှ စတင်၍ နိုင်ငံပေါင်း ခုနစ်နိုင်ငံတွင် အဆိုပါ စာမေးပွဲများကို ဖြေဆိုသူဦးရေ ၃၆ဝဝဝ နီးပါး ရှိခဲ့ပြီး ယခုနှစ်မှ စတင်ကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌လည်း အဆိုပါ စာမေးပွဲကို စတင်တော့မည် ဖြစ်ကြောင်း သိရသည်။

Aသူ ,RangonNewsDaily
kolatt (Pabedan)
 

0 comments:

Post a Comment