Pages

Monday, September 2, 2013

ဖခင်မှ သားဖြစ်သူအား ခြေဖ၀ါး(၂)ဖက်ကိုဓါးဖြင့်လှီးကာ ဆားသိပ်ပြီး ဆုံးမ

RangonNewsDaily:: September 2, 2013

၃၁.၈.၂၀၁၃ရက်နေ့ ၁၈၀၀အချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်နေ ဒေါ်မြင့်မြင့်ဦးသည် နေအိမ်၌ ရှိနေစဉ် မြေးဖြစ်သူ မောင်ဝေယံထက်၊ (၁၁)နှစ်မှာရောက်ရှိလာပြီး ၄င်းအား၃၀.၈.၂၀၁၃ရက်နေ့ ၁၄၃၀ အချိန်ခန့်က ရပ်ကွက်အတွင်းရှိ ရေကန်တွင် ရေဆင်းကူးသဖြင့် အတူနေဖခင်အရင်းဖြစ်သူ ဦးဇော်မင်းဦးမှ ခြေဖ၀ါး(၂)ဖက်အား ဓါးဖြင့်လှီးပြီးဆားသိပ်ခဲ့ကြောင်း၊ ယင်းသို့ပြုလုပ်သည်ကို မိထွေးဖြစ်သူ လည်းတွေ့ မြင်ကြောင်း ပြောပြသဖြင့် ဝေယံထက်၏ခြေဖ၀ါးများ အားကြည့်ရာ ဓါးဒဏ်ရာ(၁)ချက်စီ ရရှိထားသည်ကို တွေ့ရှိရ၍ ဆေးကုသပေးပြီး ဦးဇော်မင်းဦးအားအရေးယူပေးပါရန် ၁.၉.၂၀၁၃ရက်နေ့တွင် ဒေါ်မြင့်မြင့်ဦးမှ တိုင်ကြားခဲ့သဖြင့် ရွှေပြည်သာမြို့မရဲစခန်း(ပ) ၆၃၈/၂၀၁၃၊ ပုဒ်မ ၃၂၆ ဖြင့်အမှုဖွင့် အရေးယူကာ ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment