Pages

Monday, September 2, 2013

ကာတာ နိုင်ငံ၏ ပထမဦးဆုံး ဂြိုဟ်တုလွှတ်တင်

Photo: ကာတာ နိုင်ငံ၏ ပထမဦးဆုံး ဂြိုဟ်တုလွှတ်တင်
Monday, September 2, 2013

ကာတာ နိုင်ငံသည် Sohail 1 အမည်ရှိ နိုင်ငံ၏ ပထမ ဆုံးသော ရုပ်မြင် သံကြားနှင့် ဆက်သွယ်ရေး ဂြိုဟ်တုကို French Guiana ရှိ အခြေစိုက် စခန်း တစ်ခုမှ Ariane 5 ဥရောပ ဒုံးကျည်၏ အကူအညီဖြင့် ကမ္ဘာပတ် လမ်းကြောင်း အတွင်းသို့ အောင်မြင်စွာ လွှတ်တင် နိုင်ခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

Sohail 1 ဂြိုဟ်တုကို Korou မြို့အနီးရှိ အာကာသ စခန်းမှ အာရပ်ဂြိုဟ်တု အနီးရှိ ဂြိုဟ်ပတ် လမ်းအတွင်းသို့ လွှတ်တင် ခဲ့သည်ဟု Es'hail Sat ဂြိုဟ်တု ကုမ္ပဏီက ပြောကြား ထားသည်။

အဆိုပါ Sohail 1 ဂြိုဟ်တုသည် သုံးလကြာ စမ်းသပ်မှု ခံယူပြီးနောက် ဒီဇင်ဘာ လမှစ၍ ရုပ်သံလိုင်း များကို ထုတ်လွှင့်သွားမည် ဖြစ်သည်။

ယင်းအစီအစဉ် ဖြစ်မြောက်ရေး အတွက် Es'hail Sat ကုမ္ပဏီသည် ၎င်း၏ ဥရောပ စီးပွားဖက် ကုမ္ပဏီ ဖြစ်သည့် Eutelsat ကုမ္ပဏီဖြင့် ပူးပေါင်းလုပ်ဆောင် ခဲ့သည်ဟု သိရသည်။ အဆိုပါ Sohail 1 ရုပ်မြင်သံကြား ဂြိုဟ်တုသည် အလေးချိန် ခြောက်တန်ကျော် ရှိပြီး ၁၅ နှစ် သက်တမ်းကြာ တာဝန် ထမ်းဆောင်သွားမည် ဖြစ်သည်။ ကာတာ နိုင်ငံသည် သုံးနှစ် အတွင်း Sohail 2 ဂြိုဟ်တု လွှတ်တင်ရန် စီစဉ်လျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ

http://www.myanmaronlinenews.net/2013/09/blog-post_1882.html

RangonNewsDaily:: September 2, 2013

ကာတာ နိုင်ငံသည် Sohail 1 အမည်ရှိ နိုင်ငံ၏ ပထမ ဆုံးသော ရုပ်မြင် သံကြားနှင့် ဆက်သွယ်ရေး ဂြိုဟ်တုကို French Guiana ရှိ အခြေစိုက် စခန်း တစ်ခုမှ Ariane 5 ဥရောပ ဒုံးကျည်၏ အကူအညီဖြင့် ကမ္ဘာပတ် လမ်းကြောင်း အတွင်းသို့ အောင်မြင်စွာ လွှတ်တင် နိုင်ခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။ Sohail 1 ဂြိုဟ်တုကို Korou မြို့အနီးရှိ အာကာသ စခန်းမှ အာရပ်ဂြိုဟ်တု အနီးရှိ ဂြိုဟ်ပတ် လမ်းအတွင်းသို့ လွှတ်တင် ခဲ့သည်ဟု Es'hail Sat ဂြိုဟ်တု ကုမ္ပဏီက ပြောကြား ထားသည်။

အဆိုပါ Sohail 1 ဂြိုဟ်တုသည် သုံးလကြာ စမ်းသပ်မှု ခံယူပြီးနောက် ဒီဇင်ဘာ လမှစ၍ ရုပ်သံလိုင်း များကို ထုတ်လွှင့်သွားမည် ဖြစ်သည်။

ယင်းအစီအစဉ် ဖြစ်မြောက်ရေး အတွက် Es'hail Sat ကုမ္ပဏီသည် ၎င်း၏ ဥရောပ စီးပွားဖက် ကုမ္ပဏီ ဖြစ်သည့် Eutelsat ကုမ္ပဏီဖြင့် ပူးပေါင်းလုပ်ဆောင် ခဲ့သည်ဟု သိရသည်။ အဆိုပါ Sohail 1 ရုပ်မြင်သံကြား ဂြိုဟ်တုသည် အလေးချိန် ခြောက်တန်ကျော် ရှိပြီး ၁၅ နှစ် သက်တမ်းကြာ တာဝန် ထမ်းဆောင်သွားမည် ဖြစ်သည်။ ကာတာ နိုင်ငံသည် သုံးနှစ် အတွင်း Sohail 2 ဂြိုဟ်တု လွှတ်တင်ရန် စီစဉ်လျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ , RangonNewsDaily
kolatt (Pabedan)


0 comments:

Post a Comment