Pages

Monday, September 2, 2013

မန္တလေးစက်မှုဇုန်ကော်မတီသင်းဖွဲ့စည်းမျဉ်း အောက်တိုဘာလ အတွင်း ပြဋ္ဌာန်းမည်ဟုဆို

Photo: မန္တလေးစက်မှုဇုန်ကော်မတီသင်းဖွဲ့စည်းမျဉ်း အောက်တိုဘာလ အတွင်း ပြဋ္ဌာန်းမည်ဟုဆို
Monday, September 2, 2013

မန္တလေးစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီက အပြီးသတ်ရေးဆွဲ ပြီးစီးပြီဖြစ်သော သင်းဖွဲ့စည်းမျဉ်းမူကြမ်းကို အောက်တိုဘာလဆန်းပိုင်းတွင် ဥပဒေပညာ ရှင်များ၊ စက်မှုဇုန် လုပ်ငန်းရှင်များ၊ ဇုန်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့် တိုင်ပင်ညှိနှိုင်းပြဋ္ဌာန်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ အတွင်းရေးမှူး ဦးမောင်ဦးက ပြောကြားသည်။

အဆိုပါ ဥပဒေမူကြမ်းကို သြဂုတ်လ ၇ ရက်နေ့က မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ အသစ်ပြန်လည် မရွေးချယ်မီက ရေးဆွဲထားပြီး သြဂုတ်လ ၂၁ ရက်နေ့တွင် စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌက သင်းဖွဲ့ဆိုင်ရာ စည်းမျဉ်းများကို ပြန်လည် သုံးသပ်ရန်အတွက် ဒုတိယဥက္ကဋ္ဌ ဦးဆန်းဝင်း ဦးဆောင်သော ခုနစ်ဦးပါအဖွဲ့ကို သင်းဖွဲ့စည်းမျဉ်း အပြီးသတ်ရန် တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“စီမံခန့်ခွဲရေးဇုန် ကော်မတီအသစ် ပြန်လည် မရွေးချယ်မီကတည်းက ဥပဒေက အစပျိုးထားပြီးသား ရှိပါတယ်။ အခုတော့ မူကြမ်းအားလုံးကို အပြီးသတ် အချောကိုင်ပြီး ဥက္ကဋ္ဌလက်ထဲကို မူကြမ်းပေးဖို့ ရုံးအဖွဲ့ကို တာဝန်ပေးလိုက်ပါပြီ” ဟု သင်းဖွဲ့စည်းမျဉ်းကို ဦးဆောင်ကြီးကြပ် ရေးဆွဲသူ ဒုတိယဥက္ကဋ္ဌ ဦးဆန်းဝင်းက ဆိုသည်။

ပြီးခဲ့သည့် ကာလများက မန္တလေးစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ရာထူးကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က နှစ်အကန့်အသတ်မရှိ တိုက်ရိုက် ခန့်အပ်ခဲ့သော်လည်း လက်ရှိဥပဒေမူကြမ်းတွင် မန္တလေးစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌရာထူးကို ပထမသက်တမ်းအတွက် သုံးနှစ်၊ ဒုတိယ သက်တမ်းအတွက် သုံးနှစ်သာ ရွေးချယ်ခံနိုင်ပြီး ဥက္ကဋ္ဌတစ်ဦးလျှင် ခြောက်နှစ်အထိသာ ရွေးကောက်ခံနိုင်ကြောင်း သင်းဖွဲ့စည်းမျဉ်းကို ကြီးကြပ်ရေးဆွဲသူ ဦးဆန်းဝင်းက ထပ်လောင်းပြော ကြားသည်။

မန္တလေး စက်မှုဇုန်စီမံခန့်ခွဲမှု ကော်မတီကို သြဂုတ်လ ၇ ရက်နေ့က အသစ်ပြန်လည် ရွေးချယ်ခဲ့ပြီး အလုပ်အမှုဆောင် ၁၇ ဦး၊ အမှုဆောင် ၃၆ ဦးတို့ဖြင့် ပြန်လည် ဖွဲ့စည်းထားကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။ 

မိုးကြိုး (MDY)
The Voice Weekly

RangonNewsDaily:: September 2, 2013

မန္တလေးစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီက အပြီးသတ်ရေးဆွဲ ပြီးစီးပြီဖြစ်သော သင်းဖွဲ့စည်းမျဉ်းမူကြမ်းကို အောက်တိုဘာလဆန်းပိုင်းတွင် ဥပဒေပညာ ရှင်များ၊ စက်မှုဇုန် လုပ်ငန်းရှင်များ၊ ဇုန်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့် တိုင်ပင်ညှိနှိုင်းပြဋ္ဌာန်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ အတွင်းရေးမှူး ဦးမောင်ဦးက ပြောကြားသည်။ အဆိုပါ ဥပဒေမူကြမ်းကို သြဂုတ်လ ၇ ရက်နေ့က မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ အသစ်ပြန်လည် မရွေးချယ်မီက ရေးဆွဲထားပြီး သြဂုတ်လ ၂၁ ရက်နေ့တွင် စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌက သင်းဖွဲ့ဆိုင်ရာ စည်းမျဉ်းများကို ပြန်လည် သုံးသပ်ရန်အတွက် ဒုတိယဥက္ကဋ္ဌ ဦးဆန်းဝင်း ဦးဆောင်သော ခုနစ်ဦးပါအဖွဲ့ကို သင်းဖွဲ့စည်းမျဉ်း အပြီးသတ်ရန် တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“စီမံခန့်ခွဲရေးဇုန် ကော်မတီအသစ် ပြန်လည် မရွေးချယ်မီကတည်းက ဥပဒေက အစပျိုးထားပြီးသား ရှိပါတယ်။ အခုတော့ မူကြမ်းအားလုံးကို အပြီးသတ် အချောကိုင်ပြီး ဥက္ကဋ္ဌလက်ထဲကို မူကြမ်းပေးဖို့ ရုံးအဖွဲ့ကို တာဝန်ပေးလိုက်ပါပြီ” ဟု သင်းဖွဲ့စည်းမျဉ်းကို ဦးဆောင်ကြီးကြပ် ရေးဆွဲသူ ဒုတိယဥက္ကဋ္ဌ ဦးဆန်းဝင်းက ဆိုသည်။

ပြီးခဲ့သည့် ကာလများက မန္တလေးစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ရာထူးကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က နှစ်အကန့်အသတ်မရှိ တိုက်ရိုက် ခန့်အပ်ခဲ့သော်လည်း လက်ရှိဥပဒေမူကြမ်းတွင် မန္တလေးစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌရာထူးကို ပထမသက်တမ်းအတွက် သုံးနှစ်၊ ဒုတိယ သက်တမ်းအတွက် သုံးနှစ်သာ ရွေးချယ်ခံနိုင်ပြီး ဥက္ကဋ္ဌတစ်ဦးလျှင် ခြောက်နှစ်အထိသာ ရွေးကောက်ခံနိုင်ကြောင်း သင်းဖွဲ့စည်းမျဉ်းကို ကြီးကြပ်ရေးဆွဲသူ ဦးဆန်းဝင်းက ထပ်လောင်းပြော ကြားသည်။

မန္တလေး စက်မှုဇုန်စီမံခန့်ခွဲမှု ကော်မတီကို သြဂုတ်လ ၇ ရက်နေ့က အသစ်ပြန်လည် ရွေးချယ်ခဲ့ပြီး အလုပ်အမှုဆောင် ၁၇ ဦး၊ အမှုဆောင် ၃၆ ဦးတို့ဖြင့် ပြန်လည် ဖွဲ့စည်းထားကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။

မိုးကြိုး (MDY)
The Voice, RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment