Pages

Tuesday, July 2, 2013

သံတွဲ အကြမ်းဖက်များကို ကြိုးကိုင်ထားသူမှာ RNDP ပါတီဖြစ်ကြောင်း ဒေသခံများပြော




“အကြမ်းဖက်အုပ်စုကြောင့် သံတွဲမွတ်စလင်မ်အိမ် ၆လုံးမီးရှိုခံရပြီး ၂၀ ကျော်ဖျက်ဆီးခံရ”
သံတွဲမြို့၊ ဒွါရ၀တီမြို့သစ်တွင် အစ္စလာမ်ဘာသာဝင် အိမ်ခြေ ၆ လုံးကို မီးရှို့ခြင်း၊ အစ္စလာမ် ဘာသာဝင်
များပိုင် နေအိမ် ၂၀ ကျော်ကို အိမ်တွင်းပစ္စည်းများမကျန်ဖျက်ဆီးခြင်းတို့ကိုရခိုင်အမျိုးသားတိုးတက်ရေးပါတီ
(RNDP)၀င်များ ကြိုးကိုင်ထားသည့်အကြမ်းဖက်အဖွဲ့ဝင်များကဇွန်လ၃၀ ရက်နေ့တွင်ကျုးလွန်ခဲ့ကြကြောင်း
ဒေသခံများ သတင်းပေးပို့ချက်အရ သိရသည်။
“ကျနော်တို့ ရပ်ကွက်ထဲမှာ လုံးဝ အဖျက်မခံရတာဆိုလို့ ၂ အိမ်ပဲရှိတယ် ကျန်တဲ့ အိမ်တွေအားလုံး အနည်း
နဲ့အများ အဖျက်ခံရတာချည်းပါပဲ”ပာု အိမ်ဖျက်ဆီးခံရသည့် အစ္စလာမ် ဘာသာဝင်တစ်ဦးက မြန်မာမွတ်စ
လင်မ် မီဒီယာသို့ ပြောသည်။

ဒွါရ၀တီမြို့သစ်တွင်အစ္စလာမ်ဘာသာဝင်အိမ်ခြေ ၃၀ ကျော်ရှိသည့်အနက်အိမ်၂ လုံးမှအပ အခြားအိမ်ခြေ
အားလုံး ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

“ရဲစခန်းက လူစုခွဲလိုက်တဲ့ သူတွေက ည ၆ နာရီလောက်မှာ လာဖျက်ကြတာပါ။ ရခိုင်ပါတီ (RNDP) က သူ
တွေ အများဆုံး ပါပါတယ်။ ကားဂိတ်ကို စဖျက်တယ်၊ ကား ၂ စီးကို မှန်တွေရိုက်ခွဲတယ်။ ဦးဆောင်တဲ့သူက ရဲအောင်လံ ကားဂိတ်က ကျော်ကျော်ပါ။ ကောင်းကင်သစ္စာ မွတ်စလင်မ် ကားဂိတ်ကို ဖျက်ပြီးတော့မှ အိမ်
တွေကို ဖျက်တာပါ။ အစပိုင်းမှာ ဖျက်ပဲဖျက်တာ။ နောက်ပိုင်းမှ မီးရှို့တာ” ပာု ဒေသခံ အစ္စလာမ် ဘာသာဝင် တစ်ဦးက မြန်မာမွတ်စလင်မ် မီဒီယာသို့ ပြောသည်။


ယမန်နေ့ည ၆ နာရီကျော်မှ စတင်ခဲ့သည့် အစ္စလာမ် ဘာသာဝင်များအား ပစ်မှတ်ထား တိုက်ခိုက်သည့် အ
ကြမ်းဖက်မှုများ အရှိန်ရလာချိန် ည ၈ နာရီတွင် ပုဒ်မ ၁၈၈ ထုတ်ပြန်ခဲ့ပြီးနောက် မွတ်စလင်မ်အိမ်များကို မီး
ရှိုမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဒွါရ၀တီမြို့သစ်ရှိ အစ္စလာမ် ဘာသာဝင်များပိုင် နေအိမ်များကို မီးရှို့မှုဖြစ်ပွား
ပြီးနောက် ယမန်နေ့ည ၁၂ နာရီတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည်။

ယမန်နှစ်တွင် ရခိုင်ဗုဒ္ဓဘာသာများက ရိုပာင်ဂျာ မွတ်စလင်များအား အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့
ပြီးနောက်တွင်လည်း သံတွဲတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ဖူးပြီး၊ အထက်ပါ ပုဒ်မ ၁၄၄ ထုတ်ပြန်မှုသည် တစ်နှစ်
အတွင်း သံတွဲတွင် ဒုတိယအကြိမ် ထုတ်ပြန်ခဲ့ရခြင်းဖြစ်သည်။


ရခိုင်အမျိုးသား တိုးတက်ရေး ပါတီဝင်များ ကြိုးကိုင်ထားသည့် အကြမ်းဖက်များ၏ ဇွန်လ ၃၀ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခြင်းခံရသည့် ဒွါရ၀တီမြို့သစ်မှ မွတ်စလင်မ်အိမ် ၆ လုံးမှာ -

၁။ ဦးမျိုးသစ် (သံတွဲသားကားဂိတ်မှုး)
၂။ ကိုညီညီ
၃။ ဒေါ်ဝင်းကြည်
၎။ ဦးထွန်းတင်
၅။ ဦးဖိုးဖေ
၆။ ဦးသန်းထွန်း + ဒေါ်တင်တင်မြင့်

အထက်ပါ အကြမ်းဖက်အုပ်စုများသည် ဇူလိုင် ၁ ရက်နေ့ ည ၉ နာရီဝန်းကျင်တွင်လည်း ဒွါရ၀တီမြို့သစ် ၄ လမ်းရှိမွတ်စလင်မ်အိမ်တစ်လုံးကိုထပ်မံ မီးရှို အကြမ်းဖက်ခဲ့ကြောင်း သိရသည်။ အဆိုပါ အကြမ်းဖက် အဖွဲ့
အား လုံခြုံရေးများက သေနတ် ပစ်ခတ်နှိမ်နင်းခဲ့ရကြောင်း သိရသည်။


(ဓာတ်ပုံအားလုံး - ဇွန်လ ၃၀ ရက်နေ့ညပိုင်းက သံတွဲမြို့၊ ဒွါရာဝတီ အံတော် ကွက်သစ်တွင် အကြမ်းဖက်မီး
ရှို့ ဖျက်ဆီးခြင်းခံခဲ့ရသော မွတ်စလင်မ်များပိုင် နေအိမ်များ၊ မော်တော်ယာဉ် အပျက်အစီးတချို့)

Myanmar Muslim.Net , RangonNewsDaily
kolatt(PBDN): 2.7.2013

0 comments:

Post a Comment