Pages

Tuesday, July 2, 2013

Breaking News : သံတွဲမြို့ အံတော်မြို့သစ်တွင် ထပ်မံ၍ မီးရှို့မှုများပြုလုပ်နေ

ဇွန် ၂၊ ၂၀၁၃

သံတွဲ ။ ။ ရခိုင်ပြည်နယ်၊ သံတွဲမြို့ အံတော်မြို့သစ်တွင် အကြမ်းဖက်သမားများမှ ယနေ့ညပိုင်းတွင် ထပ်မံ၍ မီးရှို့မှုများပြုလုပ်နေသည်ဟုသိရပါသည်။ယနေ့ပိုင်းတွင်အကြမ်းဖက်သမားများမှအံတော်မြို့သစ်ရှိ ကောင်း

ကင်သစ္စာကားဂိတ်အား မီးရှို့မှုပြုလုပ်ခဲ့ကြောင်း၊ မီးသတ်ကား(၃)စီး သွားရောက်မီးငြိမ်းသတ်ရာမှ ပြန်လာ
ကြောင်းသိရသည်။
အဆိုပါ မီးရှို့မှုနှင့်ပတ်သက်၍ ဆက်သွယ်စုံစမ်းရာ "ဟုတ်တယ်။ ကောင်းကင်သစ္စာကားဂိတ်ကို မီးရှို့တာ။ အခုတော့လည်း မီးငြိမ်းသွားပြီ။ အကုန်လောင်သွားလား၊ ဘယ်လောက်လောင်သွားလဲဆိုတာ ကျွန်တော် အ
တိအကျမပြောနိုင်ဘူးခင်ဗျ။ အဲ့ဒီဘက်ခြမ်းမှာ ကျွန်တော်တို့ မွတ်စလင်မ်တော်တော်များများမရှိတော့ဘူး။ မီးရှို့တယ်ဆိုတာတော့ အတိအကျသိရတယ်။ သို့သော် ဘယ်လောက်ထိ လောင်သွားတယ်ဆိုတာ မသိရ
ဘူး။ မီးသတ်ကား ၃-စီးသွားတယ်ဆိုတာသိရတယ်။ မီးငြိမ်းသွားပြီဆိုတာလည်း သိရတယ်။

တစ်ခု ကျွန်တော်သိရတာကို ပြောချင်တာက ဒီဖြစ်စဉ်မှာ ပထမဦးဆုံးဖြစ်တဲ့ မုဒိမ်းမှုဆိုပြီးပြောရာမှာ အဲ့ဒီအ

မှုတရားခံလို့စွပ်စွဲခံထားရတဲ့ နိုင်သူဆိုတဲ့ကောင်လေးဟာဘင်္ဂါအစ္စလာမလုံးဝမဟုတ်ပဲရခိုင်ဗုဒ္ဓတစ်ယောက်
ဖြစ်နေပါတယ်။ ဟုတ်ပါတယ် သူ့အမေကိုယ်တိုင်က သူ့သားဟာ ဗုဒ္ဓဘာသာပါလို့ပြောပါတယ်။

နောက်ပြီးတော့ အခု သံတွဲမြို့ပေါ်တင် မဟုတ်ပဲ တစ်ခြားမွတ်စလင်မ်ရွာတွေရှိသေးတယ်။ နှင်းဆီ၊ ပေါက်

တော၊ သဗြုချိုင်၊ မင်းစိုင်မော၊ ပြင်ယောင်းတို့ဆိုတာတွေက တောင်ကုတ်နယ်စပ်နားမှာရှိတဲ့ မွတ်စလင်မ်ရွာ
တွေပါ။ အဲဒီရွာတွေမှာလည်း အကြမ်းဖက်မှုပြဿနာ ဖြစ်နိုင်ချေတွေ များနေတယ်။

ခုနကပဲ ကျွန်တော်တို့အိမ်ရှေ့က အိမ် ၁-အိမ်ကို ခဲနဲ့ထုသွားတယ်။ ဒီမီးက တစ်ခြားကိုလည်း ဆက်ပြီးကူးမယ့်

သဘောကျွန်တော်တို့တွေ့နေရတယ်။အခုက သံတွဲပေါ်မှာလည်း လှုပ်နေပြီလေ။ အခုပဲအံတော်ဘက်မှာ မီး
လောင်လို့ဆိုပြီး ပြေးလိုက်လွှားလိုက်၊ ခဏနေ ဗောဓိကုန်းဆို ဗောဓိကုန်းဘက်ပြေးလိုက်နဲ့ဆို အားလုံး ကျီး
လန့်စာစားဖြစ်နေတယ်။ 

အဲဒါတွေ ဆက်ပြီးမဖြစ်အောင် နိုင်ငံတော် အစိုးရအနေနဲ့ ကြပ်ကြပ်မတ်မတ် ထိန်းသိမ်းပေးနိုင်ရင်ကောင်း
မယ်။ နိုင်ငံတော်အစိုးရက ထိန်းသိမ်းပေးစေချင်ပါတယ်"လို့ M-Media ကို ယနေ့ည သံတွဲမြို့အခြေအနေ
အား ဆက်သွယ်မေးမြန်းစဉ်တွင် သံတွဲမြို့ခံမှ ပြောပြလာပါတယ်။

M-Media , RangonNewsDaily
kolatt(PBDN): 2.7.2013

0 comments:

Post a Comment