Pages

Tuesday, July 2, 2013

အလဲဗင်းနှင့် မြန်မာမီဒီယာများ ကိုလံဘို တယ်လီဂရပ်၏ တိုင်းမ်မဂ္ဂဇင်း ပိတ်ပင်သည့်သတင်းအား ကိုးကားတင်ပြကြသော်လည်း အစွန်းရောက်ဆိုသည့် စကားလုံးကိုမူ ပြည်သူအားချပြရန် ပျက်ကွက်ခဲ့ကြ

အလဲဗင်းနှင့် မြန်မာမီဒီယာများ ကိုလံဘို တယ်လီဂရပ်၏ တိုင်းမ်မဂ္ဂဇင်း ပိတ်ပင်သည့်သတင်းအား ကိုးကားတင်ပြကြသော်လည်း အစွန်းရောက်ဆိုသည့် စကားလုံးကိုမူ ပြည်သူအားချပြရန် ပျက်ကွက်ခဲ့ကြ

မြန်မာပြည်၏ နာမည်ကြီးမီဒီယာ ကြီးများသည် မြန်မာနိုင်ငံနည်းတူ သီရိလင်္ကာ၌လည်း ဇူလိုင်လထုတ် တိုင်းမ်မဂ္ဂဇင်းကို ပိတ်ပင်ရန်ရှိကြောင်း သတင်း တင်ပြခဲ့ကြသည်။ ထိုသတင်းတွင် အလဲဗင်းမီဒီယာဂရုက Colombo Telegraph နှင့် Srilanka Mirror တို့၏ ဇွန်လ ၂၈ ရက်နှင့် ၂၉ ရက်သတင်း များကို ကိုးကား၍ သီရိလင်္ကာတွင်လည်း တိုင်းမ်ကို ပိတ်ပင်ဖို့ ရှိကြောင်းနှင့် ပိတ်ပင်လိုက်ကြောင်း ယနေ့ ဇူလိုင် ၁ တွင် သတင်းထုတ်ပြန်ခဲ့ရာ ထိုသတင်းစာ နှစ်ခုစလုံးတွင် “Myanmar’s extremist monk Wirathu” (အစွန်းရောက် မြန်မာဘုန်းကြီး ၀ီရသူ) ဟု ဦးဝီရသူအား ရည်ညွှန်း သုံးစွဲဖော်ပြထားသည်။

သီရိလင်္ကာသတင်းစာများ၏ အသုံးအနှုံးတွင် ဦးဝီရသူအတွက် အနောက်နိုင်ငံသတင်းစာများကဲ့သို့ “အရှင်” ပင်တပ်၍ ခေါ်ထားခြင်း မရှိကြောင်း တွေ့ရှိ ရ ပါသည်။

ထို့ပြင် ဇွန်လ ၃၀ ရက်နေ့၌ Colombo Telegraph တွင် "The Marriage Made in Hell" (ငရဲ၌ ထိမ်းမြားခြင်း) ခေါင်းစဉ်ဖြင့် Bodu Bala Sena (BBS) အဖွဲ့အစည်းသည် လူနည်းစုများအား နှိပ်ကွပ်ဖို့ ဆောင်ရွက်နေသည့် အဖွဲ့ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။ ထိုဆောင်းပါးတွင် ဖော်ပြထားသည်မှာ

"သီရိလင်္ကာ၏ ဗုဒ္ဓဘာသာအစွန်းရောက်များကို "Our own Wirathus" (ကျွန်ုပ်တို့၏ ၀ီရသူများ) ဟု ရည်ညွှန်းသုံးစွဲထားသလို သီရိလင်္ကာတွင်လည်း ကွန်ဆာဗေးတစ် ဗုဒ္ဓဘာသာအစိုးရ ကြီးစိုးနေသလို ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီများက မွတ်စလင်နှင့် ခရစ်ယာန်များ၏ ပိုင်ဆိုင်မှုများကို ခိုးယူဖျက်ဆီး ယူငင်ကြကာ နိုင်ငံ၏ ၉ ရာနှုန်းသော မွတ်စလင်များအပေါ် ပိတ်ပင်တားဆီးခြင်းများပြုလုပ် ဖို့ ဆော်သြနေသည့် နေကြကြောင်း ဖော်ပြ ထားသည်။"

ထို့ပြင် ယင်းဆောင်းပါးက တိုင်းမ်၏ဆောင်းပါးသည် မြန်မာနှင့် သီရိလင်္ကာတို့ကို နှိုင်းယှဉ်ထားသဖြင့် သီရိလင်္ကာကလည်း မြန်မာအတိုင်း လိုက်၍ ပိတ်ပင်ခြင်းဖြစ်ကြောင်း သုံးသပ်ထားပါသည်။

ယခုကဲ့သို့ မြန်မာပြည်၏ တံခါးဖွင့်ဝါဒ သက်တမ်းနုစဉ် အချိန်တွင် မြန်မာမီဒီယာများမှာ ၄င်းတို့အကျိုးစီးပွားကိုသာ ရည်စူးပြီး ပြည်သူများအား အမှန် မချပြ သည်မှာ အထူးစိုးရိမ်ဖွယ်ပင်ဖြစ်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

"သူတို့(သီရိလင်္ကာကို ရည်ညွှန်း) က စာဖတ်တတ်ပုံရတယ်။ ဆောင်းပါးက ဗုဒ္ဓဘာသာကို စော်ကားတာလား၊ ဗုဒ္ဓဘာသာကို အသုံးချတဲ့ လူတွေ ရှိတယ် ဆိုတာကို ပွင့်ပွင့်လင်းလင်းရေးတာလားဆိုတာ သိပုံရတယ်။ " ဟု ဖေ့စ်ဘုတ် နာမည်ကြီး ကိုထိုက်က သုံးသပ်ဖော်ပြသည်။

အလဲဗင်းက ယခင်အားကစားဂျာနယ်တစ်မျိုးတည်း ထုတ်ဝေစဉ်ကတည်းက မြန်မာဘောလုံးသမား စင်ကာပူ ပရိသတ်ဖက်လှည့်၍ မဖွယ်မရာပြုလုပ်ပြသည့် ကိစ္စအား ထိမ်ချန်ပြီး ထိုဘောလုံးပွဲအား ကြီးကြပ်သူ ဂျပန်ကွင်းလယ်ဒိုင်၏ ကိုယ်ရေးအချက်များ၊ ဆက်သွယ်ရန် မေးလ်များ ကို ဖော်ပြပေး ကာ မြန်မာ လူထုအား သွေးကြွစေခဲ့ဖူးသည်။ 

ထို့ကြောင့် မြန်မာဘောလုံးအသင်း စင်ကာပူသို့ လာရောက်တိုင်း စင်ကာပူပရိသတ်က "မြန်မာ ခရေဇီ" ဟု လှောင်ပြောင်လေ့ ရှိကြကြောင်း ဘောလုံးပရိသတ် တစ်ဦးက ဆိုပါသည်။

http://www.m-mediagroup.com/news/15477

မြန်မာပြည်၏ နာမည်ကြီးမီဒီယာ ကြီးများသည် မြန်မာနိုင်ငံနည်းတူ သီရိလင်္ကာ၌လည်း ဇူလိုင်လထုတ်တိုင်း
မ်မဂ္ဂဇင်းကို ပိတ်ပင်ရန်ရှိကြောင်းသတင်းတင်ပြခဲ့ကြသည်။ထိုသတင်းတွင် အလဲဗင်းမီဒီယာဂရုက ColomboTelegraph နှင့် Srilanka Mirror တို့၏ ဇွန်လ ၂၈ ရက်နှင့် ၂၉ ရက်သတင်းများကိုကိုးကား၍ သီရိလင်္ကာတွင်လည်းတိုင်းမ်ကိုပိတ်ပင်ဖို့ ရှိကြောင်းနှင့် ပိတ်ပင်လိုက်ကြောင်း
 ယနေ့ ဇူလိုင် ၁ တွင် သတင်းထုတ်ပြန်ခဲ့ရာ ထိုသတင်းစာ နှစ်ခုစလုံးတွင် “Myanmar’s extremist monk Wirathu” (အစွန်းရောက် မြန်မာဘုန်းကြီး ၀ီရသူ) ဟု ဦးဝီရသူအား ရည်ညွှန်း သုံးစွဲဖော်ပြထားသည်။
သီရိလင်္ကာသတင်းစာများ၏ အသုံးအနှုံးတွင် ဦးဝီရသူအတွက် အနောက်နိုင်ငံသတင်းစာများကဲ့သို
့ “အရှင်” ပင်တပ်၍ ခေါ်ထားခြင်း မရှိကြောင်း တွေ့ရှိ ရ ပါသည်။

ထို့ပြင်ဇွန်လ၃၀ ရက်နေ့၌Colombo Telegraphတွင် "The Marriage Made in Hell" (ငရဲ၌ ထိမ်းမြားခြင်း) ခေါင်း
စဉ်ဖြင့် Bodu Bala Sena (BBS) အဖွဲ့အစည်းသည် လူနည်းစုများအား နှိပ်ကွပ်ဖို့ ဆောင်ရွက်နေသည့်အဖွဲ့ဖြစ်
ကြောင်း ဖော်ပြခဲ့ပါသည်။ ထိုဆောင်းပါးတွင် ဖော်ပြထားသည်မှာ

"သီရိလင်္ကာ၏ ဗုဒ္ဓဘာသာအစွန်းရောက်များကို "Our own Wirathus" (ကျွန်ုပ်တို့၏ ၀ီရသူများ) ဟု ရည်ညွှန်း
သုံးစွဲထားသလိုသီရိလင်္ကာတွင်လည်းကွန်ဆာဗေးတစ် ဗုဒ္ဓဘာသာအစိုးရ ကြီးစိုးနေသလို ဗုဒ္ဓဘာသာ အမျိုး
သားရေးဝါဒီများက မွတ်စလင်နှင့် ခရစ်ယာန်များ၏ ပိုင်ဆိုင်မှုများကို ခိုးယူဖျက်ဆီး ယူငင်ကြကာ နိုင်ငံ၏ ၉ ရာနှုန်းသောမွတ်စလင်များအပေါ်ပိတ်ပင်တားဆီးခြင်းများပြုလုပ် ဖို့ ဆော်သြနေသည့် နေကြကြောင်း ဖော်
ပြ ထားသည်။"

ထို့ပြင် ယင်းဆောင်းပါးက တိုင်းမ်၏ဆောင်းပါးသည် မြန်မာနှင့် သီရိလင်္ကာတို့ကို နှိုင်းယှဉ်ထားသဖြင့် သီရိ
လင်္ကာကလည်း မြန်မာအတိုင်း လိုက်၍ ပိတ်ပင်ခြင်းဖြစ်ကြောင်း သုံးသပ်ထားပါသည်။

ယခုကဲ့သို့ မြန်မာပြည်၏ တံခါးဖွင့်ဝါဒ သက်တမ်းနုစဉ် အချိန်တွင် မြန်မာမီဒီယာများမှာ ၄င်းတို့အကျိုးစီးပွား
ကိုသာ ရည်စူးပြီး ပြည်သူများအား အမှန် မချပြ သည်မှာ အထူးစိုးရိမ်ဖွယ်ပင်ဖြစ်ကြောင်း သုံးသပ်မှုများ ရှိ
နေသည်။

"သူတို့(သီရိလင်္ကာကို ရည်ညွှန်း) က စာဖတ်တတ်ပုံရတယ်။ ဆောင်းပါးက ဗုဒ္ဓဘာသာကို စော်ကားတာလား
၊ ဗုဒ္ဓဘာသာကို အသုံးချတဲ့ လူတွေ ရှိတယ် ဆိုတာကို ပွင့်ပွင့်လင်းလင်းရေးတာလားဆိုတာ သိပုံရတယ်။ " ဟု ဖေ့စ်ဘုတ် နာမည်ကြီး ကိုထိုက်က သုံးသပ်ဖော်ပြသည်။

အလဲဗင်းက ယခင်အားကစားဂျာနယ်တစ်မျိုးတည်းထုတ်ဝေစဉ်ကတည်းက မြန်မာဘောလုံးသမားစင်ကာ
ပူ ပရိသတ်ဖက်လှည့်၍ မဖွယ်မရာပြုလုပ်ပြသည့် ကိစ္စအား ထိမ်ချန်ပြီး ထိုဘောလုံးပွဲအား ကြီးကြပ်သူ ဂျပန်
ကွင်းလယ်ဒိုင်၏ ကိုယ်ရေးအချက်များ၊ ဆက်သွယ်ရန် မေးလ်များ ကို ဖော်ပြပေး ကာ မြန်မာလူထုအား သွေး
ကြွစေခဲ့ဖူးသည်။

ထို့ကြောင့် မြန်မာဘောလုံးအသင်း စင်ကာပူသို့ လာရောက်တိုင်း စင်ကာပူပရိသတ်က "မြန်မာ ခရေဇီ" ဟု
လှောင်ပြောင်လေ့ ရှိကြကြောင်း ဘောလုံးပရိသတ် တစ်ဦးက ဆိုပါသည်။

M-Media , RangonNewsDaily
kolatt(PBDN): 2.7.2013

0 comments:

Post a Comment