Pages

Tuesday, July 2, 2013

ဇူလိုင်လ ၂ ရက်; ကမ္ဘာ့ယူအက်ဖ်အိုနေ့

ဇူလိုင်လ ၂ ရက်; ကမ္ဘာ့ယူအက်ဖ်အိုနေ့
(World UFO Day)

ကမ္ဘာ့ယူအက်ဖ်အိုနေ့ကို ဇူလိုင်လ ၂ရက် နေ့တိုင်း ကျင်းပလေ့ရှိပါတယ်။ UFO ရဲ့ အရှည်က Unidentified Flying Object ပါ။ Channel 7 ကနေ ထုတ်လွှင့် တင်ဆက်နေတဲ့ ဉာဏ်ရည်နဲ့ခွန်အား အစီအစဉ်မှာ အစီအစဉ် တင်ဆက်သူ တစ်ယောက်က Unknown Flying Object လို့ မှားယွင်းစွာ သုံးနှုန်း ဖော်ပြသွားတာကို ကြည့်လိုက်ရဖူးပါတယ်။

ဇူလိုင်လ ၂ရက်နေ့ကို ရွေးချယ် ကျင်းပရတဲ့ အကြောင်းက ဂြိုဟ်သားတွေဟာ ကမ္ဘာမြေကို ရောက်ရှိ လာခဲ့ဖူးတယ်လို့ မှန်းဆခဲ့ကြရတဲ့ ‘ရော့စ်ဝဲလ် ဖြစ်ရပ်’ ကြောင့်ပါ။ ရော့စ်ဝဲလ် ဖြစ်ရပ်ဆိုတာ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၂ရက်နေ့က နယူးမက်စီကို၊ ရော့စ်ဝဲလ်မြို့ရဲ့ အနောက်မြောက်ပိုင်းမှာရှိတဲ့ မွေးမြူရေး ခြံပိုင်ရှင် မက်ဘရက် ဇယ်လ်ရဲ့ မွေးမြူရေး ခြံထဲမှာ သတ္တုယာဉ် အပျက်အစီးတွေကို ရှာဖွေတွေ့ရှိ ခဲ့ကြတဲ့ ဖြစ်ရပ်ကို ခေါ်တာပါ။ အဲဒီမှာ တွေ့ရှိရတဲ့ သတ္တုသားတွေကို ထူးဆန်းတယ်လို့ ယူဆခဲ့ကြ ပါတယ်။ မက်ဘရက် ဇယ်လ်က စစ်တပ် အာဏာပိုင်တွေကို ဆက်သွယ်ပြီး လာရောက် စစ်ဆေးစေ ခဲ့ပါတယ်။ နောက်တော့ စစ်တပ်ကပဲ ရွှေ့ပြောင်း သယ်ယူသွားခဲ့ပါတယ်။ စစ်တပ်က ထုတ်ပြန်တဲ့ ပထမဦးဆုံး သတင်းပြန်တမ်းမှာ အဲဒီအပျက်အစီးတွေကို ‘လျှို့ဝှက်ဆန်းကြယ် ပဟေဠိဆန်သော အမျိုးအစား သတ်မှတ်၍ မရသေးသည့် ပျံသန်းနေသော အရာဝတ္ထု’ လို့ ညွှန်းဆိုခဲ့ပါတယ်။ နောက် တော့ အဲဒီညွှန်းဆိုချက်ကို ပယ်ဖျက်ခဲ့ပြန်ပါတယ်။

ပန်းကန်ပြားပျံလို ယာဉ်တွေနဲ့ ပတ်သက်တဲ့ သတင်းပေါင်းများစွာကို အစိုးရတွေက ယခုကာလအထိ ပွင့်ပွင့်လင်းလင်း ထုတ်ပြန် ဖော်ပြတာမျိုး မရှိသေးပါဘူး။ ဒါပေမဲ့ ၁၉၄၇ ခုနှစ်ပြီး နောက်ပိုင်းမှာ ပြင်ပ ဂြိုဟ်တွေက ဂြိုဟ်သားတွေဟာ ပန်းကန်ပြားပျံ ယာဉ်တွေစီးပြီး ကမ္ဘာမြေကို ကျူးကျော်လာနိုင်တယ် ဆိုတဲ့ ယူဆချက်တွေ တော်တော်လေး ခိုင်မာနေပါတယ်။

တစ်ချိန်တုန်းကတော့ ကမ္ဘာ့ ယူအက်ဖ်အိုနေ့ကို ဇွန်လ ၂၄ရက်နေ့နဲ့ ဇူလိုင်လ ၂ရက်နေ့တို့မှာ ကျင်းပခဲ့ကြပါတယ်။ နောက်တော့ ကမ္ဘာ့ ယူအက်ဖ်အိုနေ့ အဖွဲ့အစည်းကြီး WUFODO က ဇူလိုင်လ ၂ရက်နေ့ကိုသာ တရားဝင်နေ့အဖြစ် သတ်မှတ် ကြေညာခဲ့ပါတယ်။ ပထမဦးဆုံး တရားဝင် ကမ္ဘာ့ ယူအက်ဖ်အိုနေ့ကို ၂၀၀၁ ခုနှစ် ဇူလိုင်လ ၂ရက်နေ့မှာ စတင် ကျင်းပဖြစ်ခဲ့ပါတယ်။

ဇွန်လ ၂၄ရက်နေ့မှာ ကျင်းပဖြစ်ခဲ့တဲ့ အကြောင်းကတော့ ကန်နက်သ်အာနားလ်ဆိုတဲ့ လေယာဉ်မှူးက အမေရိကန် ပြည်ထောင်စုရဲ့ ဝေဟင်မှာ ပန်းကန်ပြားပျံ ယာဉ်ကို တွေ့ရှိခဲ့ဖူးလို့ပါ။
 
ဒီနေ့ကို ကျင်းပရတဲ့ ရည်ရွယ်ချက်က ရော့စ်ဝဲလ် တွေ့ရှိမှုကို သတိရကြဖို့နဲ့ ‘စောစောပိုင်း ကာလ တွေတုန်းက ပန်းကန်ပြားပျံ ယာဉ်တွေနဲ့ ပတ်သက်တဲ့ သတင်း ရင်းမြစ်တွေကို အစိုးရတွေ အမှန်အတိုင်း ထုတ်ပြောလာအောင်’ ဖိအားပေးဖို့ပဲ ဖြစ်ပါတယ်။

ဒီနေ့ကို အမေရိကန် ပြည်ထောင်စု၊ ယူကေ၊ ဂျာမနီ၊ ကနေဒါ၊ တရုတ်၊ ထိုင်း၊ ဘယ်လ်ဂျီယမ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ နယ်သာလန်၊ တောင်အာဖရိက၊ ထိုင်ဝမ်၊ တူရကီ၊ ချက်၊ သြစတြေးလျ၊ စပိန်၊ ကိုရီးယား၊ ဘရာဇီး၊ အီတလီ၊ ပြင်သစ်၊ နိုက်ဂျီးရီးယား၊ ဖင်လန်၊ သြစတြီးယား၊ ပိုလန် စတဲ့ ၂၆ နိုင်ငံမှာ စည်စည်ကားကား ကျင်းပလေ့ရှိပါတယ်။ တခြား ဂြိုဟ်တွေမှာ သက်ရှိတွေ ရှိနေကြတယ်လို့ ယုံကြည်တဲ့ သူတွေက ပိုမို ပါဝင် ဆင်နွှဲကြပါတယ်။

ဆရာဝန်တင်ရွှေနဲ့ မသက်သက်ရွှေတို့ ဘာသာပြန်ဆို ထုတ်ဝေထားတဲ့ ‘မှတ်တမ်းဝင် စိတ်နယ်လွန် ဖြစ်ရပ်များ အတွဲ-၅’ မှာ UFO နဲ့ ပတ်သက်တဲ့ ကမ္ဘာအနှံ့က ဖြစ်ရပ် အထောက်အထားတွေကို ဓာတ်ပုံတွေနဲ့တကွ တင်ပြထားကြောင်း ညွှန်းဆိုလိုက်ပါရစေ။

(လူသာမန်)

(World UFO Day)
ကမ္ဘာ့ယူအက်ဖ်အိုနေ့ကို ဇူလိုင်လ ၂ရက် နေ့တိုင်း ကျင်းပလေ့ရှိပါတယ်။ UFO ရဲ့ အရှည်က Unidentified Flying Object ပါ။ Channel 7 ကနေ ထုတ်လွှင့် တင်ဆက်နေတဲ့ ဉာဏ်ရည်နဲ့ခွန်အား အစီအစဉ်မှာ အစီအစဉ် တင်ဆက်သူ တစ်ယောက်က Unknown Flying Object လို့မှားယွင်းစွာသုံးနှုန်း ဖော်ပြသွားတာကို ကြည့်လိုက်
ရဖူးပါတယ်။ ဇူလိုင်လ ၂ရက်နေ့ကို ရွေးချယ် ကျင်းပရတဲ့ အကြောင်းက ဂြိုဟ်သားတွေဟာ ကမ္ဘာမြေကို ရောက်ရှိ လာခဲ့
ဖူးတယ်လို့ မှန်းဆခဲ့ကြရတဲ့ ‘ရော့စ်ဝဲလ် ဖြစ်ရပ်’ ကြောင့်ပါ။ ရော့စ်ဝဲလ် ဖြစ်ရပ်ဆိုတာ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၂ရက်နေ့က နယူးမက်စီကို၊ ရော့စ်ဝဲလ်မြို့ရဲ့ အနောက်မြောက်ပိုင်းမှာရှိတဲ့ မွေးမြူရေး ခြံပိုင်ရှင် မက်ဘရက် ဇယ်လ်ရဲ့ မွေးမြူရေး ခြံထဲမှာ သတ္တုယာဉ် အပျက်အစီးတွေကို ရှာဖွေတွေ့ရှိ ခဲ့ကြတဲ့ ဖြစ်ရပ်ကို ခေါ်တာပါ။ 
 
အဲဒီမှာ တွေ့ရှိရတဲ့ သတ္တုသားတွေကို ထူးဆန်းတယ်လို့ ယူဆခဲ့ကြ ပါတယ်။ မက်ဘရက် ဇယ်လ်က စစ်တပ် အာဏာပိုင်တွေကို ဆက်သွယ်ပြီး လာရောက် စစ်ဆေးစေ ခဲ့ပါတယ်။ နောက်တော့ စစ်တပ်ကပဲ ရွှေ့ပြောင်း သယ်ယူသွားခဲ့ပါတယ်။ စစ်တပ်က ထုတ်ပြန်တဲ့ ပထမဦးဆုံး သတင်းပြန်တမ်းမှာ အဲဒီအပျက်အစီးတွေကို ‘လျှို့ဝှက်ဆန်းကြယ်ပဟေဠိဆန်သောအမျိုးအစားသတ်မှတ်၍ မရသေးသည့် ပျံသန်းနေသော အရာဝတ္ထု’
 လို့ ညွှန်းဆိုခဲ့ပါတယ်။ နောက် တော့ အဲဒီညွှန်းဆိုချက်ကို ပယ်ဖျက်ခဲ့ပြန်ပါတယ်။

ပန်းကန်ပြားပျံလို ယာဉ်တွေနဲ့ ပတ်သက်တဲ့ သတင်းပေါင်းများစွာကို အစိုးရတွေက ယခုကာလအထိ ပွင့်ပွင့်
လင်းလင်း ထုတ်ပြန် ဖော်ပြတာမျိုး မရှိသေးပါဘူး။ ဒါပေမဲ့ ၁၉၄၇ ခုနှစ်ပြီး နောက်ပိုင်းမှာ ပြင်ပ ဂြိုဟ်တွေက ဂြိုဟ်သားတွေဟာပန်းကန်ပြားပျံ ယာဉ်တွေစီးပြီး ကမ္ဘာမြေကို ကျူးကျော်လာနိုင်တယ် ဆိုတဲ့ ယူဆချက်တွေ
တော်တော်လေး ခိုင်မာနေပါတယ်။

တစ်ချိန်တုန်းကတော့ ကမ္ဘာ့ ယူအက်ဖ်အိုနေ့ကို ဇွန်လ ၂၄ရက်နေ့နဲ့ ဇူလိုင်လ ၂ရက်နေ့တို့မှာ ကျင်းပခဲ့ကြ
ပါတယ်။ နောက်တော့ ကမ္ဘာ့ ယူအက်ဖ်အိုနေ့ အဖွဲ့အစည်းကြီး WUFODO က ဇူလိုင်လ ၂ရက်နေ့ကိုသာ တရားဝင်နေ့အဖြစ် သတ်မှတ် ကြေညာခဲ့ပါတယ်။ ပထမဦးဆုံး တရားဝင် ကမ္ဘာ့ ယူအက်ဖ်အိုနေ့ကို ၂၀၀၁ ခုနှစ် ဇူလိုင်လ ၂ရက်နေ့မှာ စတင် ကျင်းပဖြစ်ခဲ့ပါတယ်။

ဇွန်လ၂၄ရက်နေ့မှာကျင်းပဖြစ်ခဲ့တဲ့အကြောင်းကတော့ ကန်နက်သ်အာနားလ်ဆိုတဲ့ လေယာဉ်မှူးက အမေ
ရိကန် ပြည်ထောင်စုရဲ့ ဝေဟင်မှာ ပန်းကန်ပြားပျံ ယာဉ်ကို တွေ့ရှိခဲ့ဖူးလို့ပါ။

ဒီနေ့ကို ကျင်းပရတဲ့ ရည်ရွယ်ချက်က ရော့စ်ဝဲလ် တွေ့ရှိမှုကို သတိရကြဖို့နဲ့ ‘စောစောပိုင်း ကာလ တွေတုန်း
က ပန်းကန်ပြားပျံ ယာဉ်တွေနဲ့ ပတ်သက်တဲ့ သတင်း ရင်းမြစ်တွေကို အစိုးရတွေ အမှန်အတိုင်း ထုတ်ပြော
လာအောင်’ ဖိအားပေးဖို့ပဲ ဖြစ်ပါတယ်။

ဒီနေ့ကို အမေရိကန် ပြည်ထောင်စု၊ ယူကေ၊ ဂျာမနီ၊ ကနေဒါ၊ တရုတ်၊ ထိုင်း၊ ဘယ်လ်ဂျီယမ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ နယ်သာလန်၊ တောင်အာဖရိက၊ ထိုင်ဝမ်၊ တူရကီ၊ ချက်၊ သြစတြေးလျ၊ စပိန်၊ ကို
ရီးယား၊ဘရာဇီး၊ အီတလီ၊ ပြင်သစ်၊ နိုက်ဂျီးရီးယား၊ ဖင်လန်၊ သြစတြီးယား၊ ပိုလန် စတဲ့ ၂၆ နိုင်ငံမှာ စည်စည်
ကားကား ကျင်းပလေ့ရှိပါတယ်။ တခြား ဂြိုဟ်တွေမှာ သက်ရှိတွေ ရှိနေကြတယ်လို့ ယုံကြည်တဲ့ သူတွေက ပို
မို ပါဝင် ဆင်နွှဲကြပါတယ်။

ဆရာဝန်တင်ရွှေနဲ့ မသက်သက်ရွှေတို့ ဘာသာပြန်ဆို ထုတ်ဝေထားတဲ့ ‘မှတ်တမ်းဝင် စိတ်နယ်လွန် ဖြစ်ရပ်
များ အတွဲ-၅’ မှာ UFO နဲ့ ပတ်သက်တဲ့ ကမ္ဘာအနှံ့က ဖြစ်ရပ် အထောက်အထားတွေကို ဓာတ်ပုံတွေနဲ့တကွ တင်ပြထားကြောင်း ညွှန်းဆိုလိုက်ပါရစေ။

(လူသာမန်)
The Voice ,  RangonNewsDaily
kolatt(PBDN): 2.7.2013

0 comments:

Post a Comment