ရန်ကုန်- ဇွန် ၂
အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ စက်တွင်းလမ်း၊ ဒေါ်--နေအိမ်တွင်သမီးခင်ငြိမ်းချမ်း၊ယမင်းအေး၊ အိမ်အကူ
ဒေါ်အေးမှုန်၊ကိုဖြိုးတို့ ရှိနေစဉ် ၁.၇.၂၀၁၃ရက်နေ့ ၂၀၃၀အချိန်အမည်မသိ လူ(၅)ဦးမှ မောင်ဝမ်းကွဲ ပူးလေး
အားမေးပြီးပြန်ထွက်သွားကာ သမီးကြီး ခင်ငြိမ်းချမ်းနှင့်
ကိုဖြိုးတို့သီရိမင်္ဂလာဈေးသို့ ထွက်သွားခဲ့ရာ ယမင်း
အေးနှင့်ဒေါ်အေးမှုန်တို့(၂)ဦးတည်းရှိနေစဉ်ပထမလာမေးသူ(၅)ဦးအနက်မှ(၂)ဦး အိမ်တံခါးလာခေါက်သဖြင့်
ဖွင့်ပေး ခဲ့ရာအိမ်အတွင်းတို့အတင်းတက်လာပြီးမီးခလုတ်များပိတ်၍ဗီဒိုအတွင်းမှ ရွှေဆွဲကြိုး(၁)ကုံး၊ရွှေလက်
ကောက် (၁)ကွင်း၊ ရွှေလက်စွပ်(၁)ကွင်း၊ဆွဲပြား(၁)ခု၊ နားကပ်(၁)ဘက်၊နားဆွဲ(၁)ရံနှင့်ငွေ ၁၅၀၀၀၀ကျပ်၊ စုစု
ပေါင်း ၁၈၃၅၀၀၀အား လုယက်ပြီး ဒေါ်အေးမှုန်နောက်ကျောကိုဒါးနှင့်ထိုးထွက်ပြေးသွားသည်။ အလုံမြို့မရဲစခန်း(ပ)၁၁၄/၂၀၁၃၊ပုဒ်မ၃၉၇ဖြင့်အရေးယူခဲ့ပြီးရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးအစီအမံဖြင့်
အမှုဖြစ်ပွားကြောင်းသတင်းရရှိသည်နှင့်တိုင်/ခရိုင်/ အထူးအဖွဲ့များ၊ မြို့နယ်များမှချိတ်ဆက်ပိတ်ဆို့မှုများပြု
လုပ်ြ ပီးရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊အကူတပ်ဖွဲ့ခွဲမှတပ်ဖွဲ့ဝင်များသည်လုယက်သူများ၏ ပုံသဏ္ဍန်
ကို စစ်မေးပြီးအဖွဲ့များခွဲ၍ ဆောင်ရွက်ခဲ့ရာပြစ်မှုကျူးလွန်သည်ဟု မသင်္ကာသောကို---------အား ဖမ်းဆီးရ
မိရေး၎င်းနေထိုင်သော လှိုင်သာယာ(၆)ရပ်ကွက်သို့ သွားရောက်စုံစမ်းရာ-ကို-----ပါ( ၃)ဦးသည် ဆိုင်ကယ်
အနီဖြင့် ၂၂၃၀အချိန်က လှိုင်မြို့နယ်ဘက်သို့ထွက်သွာြးေ ကာင်းသိရသဖြင့် လှိုင်အမှတ်(၄)ရပ်ကွက်၊ ၄င်း
တို့ထိုင်နေကျ ---ဘီယာဆိုင်အား စုံစမ်းရာဘုရင့်နောင်ပွဲရုံတန်းဘက် ထွက်သွားကြောင်း၊
သိရှိရသဖြင့် ဆက်လက်လိုက်လံဖမ်းဆီးဆောင်ရွက်ခဲ့ရာဒုရဲမှူး အောင်မြတ်စိုး၊ရဲအုပ် ညိုပု၊ ရဲအုပ် သန်းဇော်
ထိုက်တို့အဖွဲ့မှဘုရင့်နောင်ပွဲရုံတန်း ရိုးကြီးပတ်လမ်းတွင်အနီရောင်ဆိုင်ကယ်အားစီးပြီး ထွက်ပြေးရန်ပြုလုပ်
စဉ်---တို့ (၃)ဦးအား လုံးထွေးသတ်ပုတ်ဖမ်းဆီးရမိပြီး စစ်ဆေးဖေါ်ထုတ်ခဲ့ရာ လုယက်ရာတွင်အသုံးပြုသော
အရှည် (၁၃)လက်မရှိ နှစ်ဘက်သွားဒါး(၁)ချောင်း၊အရှည်(၁၂)လက်မရှိဒါး(၁)ချောင်းနှင့်အတူပါဆုံးရွှေထည်
ပစ္စည်းများအားမူလပုံစံမပျက်၎င်းတို့၏အဆောင်မှသိမ်းဆည်းရမိခဲ့ပြီးအလုံမြို့မရဲစခန်း(ပ)၁၄၄/၂၀၁၃၊ပုဒ်
မ ၃၉၇ဖြင့်အရေးယူခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည်ယခုလုယက်မှု အား အချင်းဖြစ်ပြီး (၄)နာရီအတွင်းကျူး
လွန်သူ(၃)ဦးအား ပါဆုံးသက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။
Yangon Police , RangonNewsDaily
kolatt(PBDN): 2.7.2013

သိရှိရသဖြင့် ဆက်လက်လိုက်လံဖမ်းဆီးဆောင်ရွက်ခ

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မ
လွန်သူ(၃)ဦးအား ပါဆုံးသက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။
Yangon Police , RangonNewsDaily
kolatt(PBDN): 2.7.2013
Yangon Police , RangonNewsDaily
kolatt(PBDN): 2.7.2013
0 comments:
Post a Comment