Pages

Wednesday, July 10, 2013

Nissanက Micraကားအသစ် မိတ်ဆက်

Photo: Nissanက Micraကားအသစ် မိတ်ဆက်
Wednesday, 10 July 2013

ဂျပန် ကားကုမ္ပဏီကြီး တစ်ခု ဖြစ်တဲ့ Nissanဟာ လက်ရှိ ဈေးကွက် မှာအောင်မြင်နေတဲ့ မော်ဒယ်လ် တစ်မျိုး ဖြစ်တဲ့ Micraရဲ့ မော်ဒယ်လ်သစ် တစ်မျိုးကို ထပ်မံ မိတ်ဆက်လိုက်ကြောင်း သိရပါတယ်။ 

အဆိုပါ မော်ဒယ်လ်သစ်ဟာ အတွင်းပိုင်း ဖွဲ့စည်းမှု ပိုမိုကောင်းမွန်လာ တာ တွေ့ရပြီး အသက်ကယ် စနစ် အပိုင်းမှာလည်း ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။ ကားရဲ့ အလျားကိုတော့ ယခင်ထုတ်လုပ် ဖြန့်ချိထားတဲ့ မော်ဒယ်လ်တွေထက် ၄၅ မီလီမီတာ ပိုမို ရှည်လျားအောင် ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။

ကား တံခါးရွက်တွေရဲ့ အနားသတ်ကို ငွေရောင်နဲ့ ဘောင်ကွပ် အလှဆင်ထားတာ တွေ့ရပြီး ထိုင်ခုံတွေရဲ့ ပုံစံကိုလည်း ယခင်ထက် သက်တောင့် သက်သာဖြစ်အောင် ပြန်လည် ပုံပြောင်းထားတာ တွေ့ ရပါတယ်။ Audioပိုင်းကိုလည်း အဆင်မြှင့်ထားတာ တွေ့ရပြီး ရှေ့ဖက် ကင်မရာ တစ်လုံးပါ ထပ်မံထည့်သွင်းတပ်ဆင်ထားတာ တွေ့ရပါဘ တယ်။

နောက်ထွက်လာမယ့် Micraသစ်ဟာ ဓာတ်ဆီနဲ့ ဒီဇယ် အင် ဂျင်နှစ်မျိုးနဲ့ ဈေးကွက်တင် ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပြီး ဓာတ်ဆီ အင် ဂျင် အတွက်ကိုတော့ ၁.၂ လီတာသုံး အင်ဂျင် တပ်ဆင်ထားမှာ ဖြစ်ကာ ဒီဇယ် အင်ဂျင် အတွက်ကိုတော့ ၁.၅ လီတာသုံး အင်ဂျင် တပ်ဆင်ရောင်းချသွားမယ်လို့ ဆိုပါတယ်။ ဈေးနှုန်းကိုတော့ Micraမော်ဒယ်လ်တွေ အထူးအောင်မြင်မှု ရနေတဲ့ အိန္ဒိယဈေးကွက် အတွက်သာ ကြေညာသေးတာ တွေ့ရပြီး မကြာခင်မှာ ဈေးကွက်တင် သွားတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Ref : www.dnaindia.com
Myanmar ICT

Wednesday, 10 July 2013

ဂျပန်ကားကုမ္ပဏီကြီး တစ်ခု ဖြစ်တဲ့ Nissanဟာ လက်ရှိ ဈေးကွက် မှာအောင်မြင်နေတဲ့ မော်ဒယ်လ် တစ်မျိုး
 ဖြစ်တဲ့ Micraရဲ့ မော်ဒယ်လ်သစ် တစ်မျိုးကို ထပ်မံ မိတ်ဆက်လိုက်ကြောင်း သိရပါတယ်။ အဆိုပါ မော်ဒယ်လ်သစ်ဟာ အတွင်းပိုင်း ဖွဲ့စည်းမှု ပိုမိုကောင်းမွန်လာ တာ တွေ့ရပြီး အသက်ကယ် စနစ် အ
ပိုင်းမှာလည်း ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။ ကားရဲ့ အလျားကိုတော့ ယခင်
ထုတ်လုပ် ဖြန့်ချိထားတဲ့ မော်ဒယ်လ်တွေထက် ၄၅ မီလီမီတာ ပိုမို ရှည်လျားအောင် ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။

ကား တံခါးရွက်တွေရဲ့ အနားသတ်ကို ငွေရောင်နဲ့ ဘောင်ကွပ် အလှဆင်ထားတာ တွေ့ရပြီး ထိုင်ခုံတွေရဲ့ ပုံ
စံကိုလည်းယခင်ထက်သက်တောင့်သက်သာဖြစ်အောင် ပြန်လည် ပုံပြောင်းထားတာ တွေ့ ရပါတယ်။ Audio
ပိုင်းကိုလည်းအဆင်မြှင့်ထားတာ တွေ့ရပြီး ရှေ့ဖက်ကင်မရာတစ်လုံးပါ ထပ်မံထည့်သွင်းတပ်ဆင်ထားတာ
 တွေ့ရပါဘ တယ်။

နောက်ထွက်လာမယ့် Micraသစ်ဟာဓာတ်ဆီနဲ့ဒီဇယ်အင် ဂျင်နှစ်မျိုးနဲ့ ဈေးကွက်တင် ရောင်းချသွားမှာ ဖြစ်
တယ်လို့ သိရပြီး ဓာတ်ဆီ အင် ဂျင် အတွက်ကိုတော့ ၁.၂ လီတာသုံးအင်ဂျင်တပ်ဆင်ထားမှာ ဖြစ်ကာဒီဇယ်
အင်ဂျင် အတွက်ကိုတော့၁.၅ လီတာသုံးအင်ဂျင်တပ်ဆင်ရောင်းချသွားမယ်လို့ ဆိုပါတယ်။ ဈေးနှုန်းကိုတော့
Micraမော်ဒယ်လ်တွေ အထူးအောင်မြင်မှု ရနေတဲ့ အိန္ဒိယဈေးကွက် အတွက်သာ ကြေညာသေးတာ တွေ့ရ
ပြီး မကြာခင်မှာ ဈေးကွက်တင် သွားတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Myanmar ICT , RangonNewsDaily
kolatt(PBDN): 10.7.2013

0 comments:

Post a Comment