Pages

Wednesday, July 10, 2013

နိုင်ငံတကာ ကုမ္ပဏီ များက စိတ်ဝင်စား နေသော မြန်မာ့ မီးရထား ဌာန တစ်နှစ်ကို ငွေကျပ် သိန်း ၉ဝဝဝ ကျော် အရှုံးပေါ်နေ

Photo: နိုင်ငံတကာ ကုမ္ပဏီ များက စိတ်ဝင်စား နေသော မြန်မာ့ မီးရထား ဌာန တစ်နှစ်ကို ငွေကျပ် သိန်း ၉ဝဝဝ ကျော် အရှုံးပေါ်နေ 

Wednesday, 10 July 2013
မြန်မာနိုင်ငံ၏ လမ်းပန်း ဆက်သွယ်ရေး လုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှံရန်နိုင်ငံတကာက စိတ်ဝင်စားနေပြီး မြန်မာ့ မီးရထား ဌာန အနေဖြင့် တစ်နှစ်လျှင် ငွေကျပ်သိန်း ၉ဝဝဝ ကျော် အရှုံးပေါ် နေကြောင်း သိရသည်။

ပြည်တွင်း ခရီးသွား လုပ်ငန်းများတွင် ရင်းနှီး မြုပ်နှံရန် တောင်ကိုရီးယား ရင်းနှီး မြုပ်နှံသူများ အနေဖြင့် စိတ်ဝင်စားလျက် ရှိပြီး လုပ်ကိုင်ခွင့် ရပါက လုပ်ကိုင်လိုကြောင်း သိရသည်။ ထိုသို့ ခရီးသွား လုပ်ငန်းကို နိုင်ငံတကာက ရင်းနှီးမြှုပ်နှံ ချင်သော အကြောင်းရင်း များထဲတွင် မြန်မာနိုင်ငံ၌ နှစ်စဉ် တိုးတက် လာသော နိုင်ငံတကာ ခရီးသွား အရေအတွက်ကြောင့် အဓိက ဖြစ်ကြောင်းသိရသည်။

တောင်ကိုရီးယား ရင်းနှီး မြုပ်နှံသူများ အနေဖြင့် အကျိုးအမြတ် ရရန် သေချာသော လုပ်ငန်း များကိုသာ အဓိက ရင်းနှီး မြုပ်နှံရန် စိတ်ဝင်စား ကြပြီး မြန်မာနိုင်ငံ၏ ရှေးဟောင်း အမွေအနှစ်များ ရှိရာမြို့များသို့ နိုင်ငံတကာ ခရီးသွားများကို ပို့ဆောင် ပေးခြင်းဖြင့် လမ်းပန်း ဆက်သွယ်ရေး လုပ်ငန်းမှ အကျိုးအမြတ် များစွာ ရရှိနိုင်မည် ဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံမှ ရင်းနှီး မြှုပ်နှံသူ တစ်ဦးက ပြောကြားခဲ့သည်။

နိုင်ငံတကာ ရင်းနှီး မြှုပ်နှံသူများ၏ အဓိက အခက်အခဲမှာ ပြည်တွင်း လုပ်ငန်းရှင် များနှင့် ပူးပေါင်း လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း သိရသည်။ ထိုသို့ ပူးပေါင်း လုပ်ဆောင်ရာတွင် နည်းပညာ အရ ကွာဟချက်များ ရှိသောကြောင့် နိုင်ငံတကာ ကုမ္ပဏီ များကို အခက် တွေ့စေကြောင်း သိရသည်။

ပြည်ထောင်စု အစိုးရ အနေဖြင့် နိုင်ငံတော်ပိုင် လုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်း ပေးအပ်လျက် ရှိပြီး နိုင်ငံ ဖွံ့ဖြိုးရေးကို ဦးစားပေး ဆောင်ရွက်နေကြောင်း သိရသည်။ ပြည်တွင်း လုပ်ငန်းရှင်များနှင့် အတတ် ပညာရှင် များကို နိုင်ငံတကာ လုပ်ငန်းရှင်များ၏ လုပ်ငန်းများတွင် ပူးပေါင်း လုပ်ဆောင် စေခြင်းကြောင့် နည်းပညာ ရရှိနိုင်မည် ဖြစ်ကြောင်း ပုဂ္ဂလိက လုပ်ငန်းရှင်ကြီး တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာ နိုင်ငံသည် နိုင်ငံတကာ ခရီးသွားများ နှစ်စဉ် ၄ဝ ရာခိုင်နှုန်းခန့် တိးုတက် လာနေပြီး လာမည့် ခရီးသွားနှစ်တွင် မျှော်မှန်းထားသော ဦးရေထက် မြင့်တက် လာနိုင်စရာ ရှိနေကြောင်း ခရီးသွား ကုမ္ပဏီများ ထံမှ စုံစမ်း သိရှိရသည်။

ယင်းသို့ ခရီးသွား ဦးရေ တိုးတက် လာမှုကြောင့် လမ်းပန်း ဆက်သွယ်ရေး လုပ်ငန်းသည်လည်း  ဖွံ့ဖြိုးလာရန် လိုအပ်နေပြီး ဈေးနှုန်း ချိုသာသော ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းသည် ခရီးသွားများကို အဓိက ဆွဲဆောင်စေမည် ဖြစ်ကြောင်း ခရီးသွား ကုမ္ပဏီ၏ မန်နေဂျာ တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာ့ မီးရထား လုပ်ငန်းမှာ တစ်နေ့လျှင် ငွေကျပ် ၂၅ သိန်း အရှုံး ပေါ်နေသောကြောင့် တစ်နှစ်လျှင် ငွေကျပ် ၉၁၂၅ သိန်းခန့် ရှိပြီး နိုင်ငံတော်၏ ဘတ်ဂျက်မှ ပြည်သူများ အတွက် အနစ်နာခံကာ ဖြည့်ဆည်း ပေးနေခြင်း ဖြစ်ကြောင်းသိရသည်။

တချို့သော ပြည်ပ လုပ်ငန်းရှင်များသည် မြန်မာ နိုင်ငံတွင် ဝင်ရောက်ရင်းနှီး မြှုပ်နှံကြသော်လည်း ၎င်းတို့၏ အကျိုးအမြတ် ကိုသာ ကြည့်ပြီး မြန်မာ ပြည်တွင်းရှိ လုပ်ငန်းရှင် များကို နည်းပညာများ ဝေငှခြင်း မရှိကြောင်းလည်း သိရသည်။
မြ၀တီ

Wednesday, 10 July 2013
မြန်မာနိုင်ငံ၏ လမ်းပန်း ဆက်သွယ်ရေး လုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှံရန်နိုင်ငံတကာက စိတ်ဝင်စားနေပြီး
 မြန်မာ့ မီးရထား ဌာန အနေဖြင့် တစ်နှစ်လျှင် ငွေကျပ်သိန်း ၉ဝဝဝ ကျော် အရှုံးပေါ် နေကြောင်း သိရသည်။ ပြည်တွင်း ခရီးသွား လုပ်ငန်းများတွင် ရင်းနှီး မြုပ်နှံရန် တောင်ကိုရီးယား ရင်းနှီး မြုပ်နှံသူများ အနေဖြင့် စိတ်
ဝင်စားလျက် ရှိပြီး လုပ်ကိုင်ခွင့် ရပါက လုပ်ကိုင်လိုကြောင်း သိရသည်။ ထိုသို့ ခရီးသွား လုပ်ငန်းကို နိုင်ငံတ
ကာက ရင်းနှီးမြှုပ်နှံ ချင်သော အကြောင်းရင်း များထဲတွင် မြန်မာနိုင်ငံ၌ နှစ်စဉ် တိုးတက် လာသော နိုင်ငံ
တကာ ခရီးသွား အရေအတွက်ကြောင့် အဓိက ဖြစ်ကြောင်းသိရသည်။

တောင်ကိုရီးယား ရင်းနှီး မြုပ်နှံသူများ အနေဖြင့် အကျိုးအမြတ် ရရန် သေချာသော လုပ်ငန်း များကိုသာ အဓိ
က ရင်းနှီး မြုပ်နှံရန် စိတ်ဝင်စား ကြပြီး မြန်မာနိုင်ငံ၏ ရှေးဟောင်း အမွေအနှစ်များ ရှိရာမြို့များသို့ နိုင်ငံတ
ကာခရီးသွားများကိုပို့ဆောင် ပေးခြင်းဖြင့် လမ်းပန်း ဆက်သွယ်ရေး လုပ်ငန်းမှ အကျိုးအမြတ် များစွာ ရရှိနိုင်
မည် ဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံမှ ရင်းနှီး မြှုပ်နှံသူ တစ်ဦးက ပြောကြားခဲ့သည်။

နိုင်ငံတကာ ရင်းနှီး မြှုပ်နှံသူများ၏ အဓိက အခက်အခဲမှာ ပြည်တွင်း လုပ်ငန်းရှင် များနှင့် ပူးပေါင်း လုပ်
ဆောင်ရခြင်း ဖြစ်ကြောင်း သိရသည်။ ထိုသို့ ပူးပေါင်း လုပ်ဆောင်ရာတွင် နည်းပညာ အရ ကွာဟချက်များ ရှိသောကြောင့် နိုင်ငံတကာ ကုမ္ပဏီ များကို အခက် တွေ့စေကြောင်း သိရသည်။

ပြည်ထောင်စု အစိုးရ အနေဖြင့် နိုင်ငံတော်ပိုင် လုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်း ပေးအပ်လျက် ရှိပြီး
 နိုင်ငံ ဖွံ့ဖြိုးရေးကို ဦးစားပေး ဆောင်ရွက်နေကြောင်း သိရသည်။ ပြည်တွင်း လုပ်ငန်းရှင်များနှင့် အတတ် ပညာရှင် များကို နိုင်ငံတကာ လုပ်ငန်းရှင်များ၏ လုပ်ငန်းများတွင် ပူးပေါင်း လုပ်ဆောင် စေခြင်းကြောင့် နည်းပညာ ရရှိနိုင်မည် ဖြစ်ကြောင်း ပုဂ္ဂလိက လုပ်ငန်းရှင်ကြီး တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာ နိုင်ငံသည် နိုင်ငံတကာ ခရီးသွားများ နှစ်စဉ် ၄ဝ ရာခိုင်နှုန်းခန့် တိးုတက် လာနေပြီး လာမည့် ခရီး
သွားနှစ်တွင် မျှော်မှန်းထားသော ဦးရေထက် မြင့်တက် လာနိုင်စရာ ရှိနေကြောင်း ခရီးသွား ကုမ္ပဏီများ ထံမှ စုံစမ်း သိရှိရသည်။

ယင်းသို့ ခရီးသွား ဦးရေ တိုးတက် လာမှုကြောင့် လမ်းပန်း ဆက်သွယ်ရေး လုပ်ငန်းသည်လည်း ဖွံ့ဖြိုးလာရ
န် လိုအပ်နေပြီး ဈေးနှုန်း ချိုသာသော ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းသည်ခရီးသွားများကို အဓိက ဆွဲဆောင်
စေမည် ဖြစ်ကြောင်း ခရီးသွား ကုမ္ပဏီ၏ မန်နေဂျာ တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာ့ မီးရထား လုပ်ငန်းမှာ တစ်နေ့လျှင် ငွေကျပ် ၂၅ သိန်း အရှုံး ပေါ်နေသောကြောင့် တစ်နှစ်လျှင် ငွေ
ကျပ် ၉၁၂၅ သိန်းခန့် ရှိပြီး နိုင်ငံတော်၏ ဘတ်ဂျက်မှ ပြည်သူများ အတွက် အနစ်နာခံကာ ဖြည့်ဆည်း
 ပေးနေခြင်း ဖြစ်ကြောင်းသိရသည်။

တချို့သော ပြည်ပ လုပ်ငန်းရှင်များသည် မြန်မာ နိုင်ငံတွင် ဝင်ရောက်ရင်းနှီး မြှုပ်နှံကြသော်လည်း ၎င်းတို့၏ အကျိုးအမြတ်ကိုသာ ကြည့်ပြီး မြန်မာ ပြည်တွင်းရှိ လုပ်ငန်းရှင် များကို နည်းပညာများ ဝေငှခြင်း မရှိကြောင်း
လည်း သိရသည်။

မြ၀တီ , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၁၀.၇.၂၀၁၃

0 comments:

Post a Comment