Pages

Wednesday, July 10, 2013

အကြမ်းဖက် လုပ်ရပ်တွေကြောင့် အနံထွက်နေတဲ့ ဗုဒ္ဓဘာသာ ကို အမျိုးစောင့်ဥပဒေကြောင့် ထပ် မနံစေချင်တဲ့ ၈၈မျိုးဆက်ကျောင်းသား ကိုကိုကြီး

မျိုးစောင့်ဥပဒေကြောင့် နာလည်းနာ နံလည်းနံ အခြေအနေ ဖြစ်သွားမည်ကို စိုးရိမ်ဟု ကိုကိုကြီးဆို

ဗုဒ္ဓဘာသာအား နိုင်ငံတကာအလယ်၌ အကြမ်းဖက်မှုဘာသာအဖြစ် ပုံရိပ်ထင်ဟပ် နေချိန်တွင် သာသနာနှင့်ပတ်သက်၍ စိုးရိမ်မှု လွန်ကဲပြီး ကြိုတင်ကာကွယ်မှုများ တစ်ချိန် တည်း၌ လုပ်ဆောင်မည်ဆိုလျှင် နာလည်းနာ၊ နံလည်းနံ အခြေအနေ ဖြစ်သွားမည်ကို စိုးရိမ် ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုကိုကြီး က ပြောသည်။

ဇူလိုင်လ ၉ ရက်က အင်းစိန်မြို့နယ် ရွာမပရိယတ္တိစာသင်တိုက် ၌ ပြုလုပ်ခဲ့သော အမျိုးဘာသာ သာသနာနှင့် ဗုဒ္ဓဘာသာ အပါ အဝင် တိုင်းရင်းသားပေါင်းစုံအတွက် လိုအပ် လျက်ရှိသော ကာကွယ်စော င့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းနိုင်ရန် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသော ၄င်းက မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာ၊ သာသနာ ပျောက်ကွယ်သွားမည် စိုးရိမ်စိတ်ဖြင့် မျိုးစောင့် ဥပဒေ ပြ ဋ္ဌာန်းနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေမှုအပေါ် ယခုလိုသုံး သပ် ပြောကြားခဲ့ခြင်းဖြစ်သည်။

''ပထမအဆင့်က စိုးရိမ်ဖွယ်ဖြစ်နေပြီ။ ကိုယ့်ဘာသာသာသနာနဲ့ ပတ်သက်လို့အန္တရာယ် ရှိနေပြီဆိုတာကို အားလုံးက လေး လေးနက်နက် ခံယူပြီလား၊ အဲဒီမှာကို သဘောတူညီမှုတစ်ခု ရအောင် အခြေခံအကျဆုံး အဆင့်ကနေ စပြီး ကိုင်ကွယ်ဖို့ လိုပါတယ်''ဟု ကိုကိုကြီးက ပြော သည်။

လက်ရှိအချိန်၌ ယင်းကိစ္စထက် နိုင်ငံ တကာအလယ်၌ လူမျိုးတုံး သတ်ဖြတ်ခြင်း၊ လူမျိုးစုရှင်းလင်းခြင်း၊ အကြမ်းဖက်ဘာသာ အဖြစ် ကျဆင်းနေသော ဗုဒ္ဓဘာသာ၏ ပုံရိပ်ကို ပြန်လည်မြှင့်တင် ရန်လုပ်ဆောင်ရမည်ဖြစ် ကြောင်း၊ ဗုဒ္ဓဘာသာသည် အကြမ်းဖက်
သတ် ဖြတ်မှုကို လိုလားသောဘာသာမဟုတ်ကြောင်း ပုံရိပ်ကို ပြန်လည်ပြသနိုင်ရန် လိုအပ် ကြောင်း ၄င်းကဆိုသည်။

အမျိုးဘာသာ သာသနာ ပျောက် ကွယ်မည် စိုးရိမ်၍ ဥပဒေပြဋ္ဌာန်းရန် စီစဉ်လျက်ရှိသော မျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ သဘောထားကွဲလွဲ မှုများ ဖြစ်ပေါ်လျက်ရှိပြီး ယခုကဲ့သို့ မတူညီ သော သဘောထားများ ထွက်ပေါ်လာ ခြင်းအပေါ် ကြိုဆိုကြောင်း၊ ဥပဒေသည် အမျိုးသမီးများ၏ လွတ်လပ်စွာဆုံးဖြတ် ချက်ကို ဟန့်တားခြင်း မဟုတ်ဘဲ၊ အကာအကွယ်မဲ့ အမျိုးသမီးများအတွက် အရေးကြုံလျင် အကာအကွယ်တစ်ခုဖြစ် ရန်သာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း အင်းစိန် ရွာမပရိယတ္တိစာသင်တိုက်
ကျောင်းတိုက်ဆရာတော်က မိန့်ကြား သည်။

''အားလုံး ညီညီညွှတ်ညွှတ်နဲ့ ငြိမ်း ချမ်းရေးကို လိုချင်ပါတယ်။ ဘာသာရေး ပဋိပက္ခ စတင်မှုကနေ နောက်ဆုံး ဗုဒ္ဓဘာသာနှစ်ခြမ်းကွဲမယ့် အနေအ ထားဖြစ်လာတာ အရမ်းဝမ်းနည်းဖို့ ကောင်းပါတယ်'' ဟု နာရေးကူညီမှုအ သင်း အလုပ်အမှုဆောင် ဆရာမ သန်း မြင့်အောင် က ပြောသည်။

မျိုးစောင့်ဥပဒေနှင့် ပတ်သက်ပြီး ကန့်ကွက်သူနှင့် ထောက်ခံသူကြား အမျိုးဘာသာသာသနာကို စောင့် ရှောက်သူနှင့် မစောင့်ရှောက်သူအဖြစ် အမြင်သဘောထားများဖြစ်ပေါ်လျက် ရှိပြီး ယင်းသို့မဟုတ်ဘဲ မြန်မာနိုင်ငံအ တွင်းရှိ ဗုဒ္ဓဘာသာဝင်အားလုံးငြိမ်းငြိမ်း ချမ်းချမ်း ညီညီညွတ်ညွတ် ရှိစေချင် ကြောင်း ၄င်းကထပ်လောင်းပြောကြား သည်။

''ပဋိပက္ခအသွင်ဆောင်နေတာကို ကျွန်မ မကြည့်နိုင်ပါဘူး ။ ဆွေးနွေးငြင်း ခုံခြင်းဖြင့် အဖြေမှန်ထွက်သွားစေချင်ပါ တယ်''ဟု ဆရာမသန်းမြင့်အောင်က ဆိုသည်။

အငြင်းပွားဖွယ်ဖြစ်လျက်ရှိသော မျိုးစောင့်ဥပဒေနှင့်ပတ်သက်ပြီး ကျွမ်း ကျင်ဥပဒေပညာရှင်၊ အတတ်ပညာရှင် များ၊ အမျိုးသမီးများ၊ အမျိုးသမီးအခွင့်အရေးကာကွယ်စောင့်ရှောက်သူများ၊ နိုင်ငံရေးအင်အားစုများ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများပါဝင်သည့် အလုပ်ရုံ ဆွေးနွေးပွဲ များ ပြုလုပ်သွားရန်ရှိကြောင်း သိရသည်။

ဉာဏ်လင်းအောင်
ပေါ်ပြုလာမြန်မာ

မျိုးစောင့်ဥပဒေကြောင့် နာလည်းနာ နံလည်းနံ အခြေအနေ ဖြစ်သွားမည်ကို စိုးရိမ်ဟု ကိုကိုကြီးဆို ဗုဒ္ဓဘာသာအား နိုင်ငံတကာအလယ်၌ အကြမ်းဖက်မှုဘာသာအဖြစ် ပုံရိပ်ထင်ဟပ် နေချိန်တွင် သာသနာနှင့်ပတ်သက်၍ စိုးရိမ်မှု လွန်ကဲပြီး ကြိုတင်ကာကွယ်မှုများ တစ်ချိန် တည်း၌ လုပ်ဆောင်မည်ဆိုလျှင် နာလည်းနာ၊ နံလည်းနံ အခြေအနေ ဖြစ်သွားမည်ကို စိုးရိမ် ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုကိုကြီး က ပြောသည်။ ဇူလိုင်လ ၉ ရက်က အင်းစိန်မြို့နယ် ရွာမပရိယတ္တိစာသင်တိုက် ၌ ပြုလုပ်ခဲ့သော အမျိုးဘာသာ သာသနာနှင့် ဗုဒ္ဓဘာသာ အပါ အဝင် တိုင်းရင်းသားပေါင်းစုံအတွက် လိုအပ် လျက်ရှိသော ကာကွယ်စော င့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းနိုင်ရန် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသော ၄င်းက မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာ၊ သာသနာ ပျောက်ကွယ်သွားမည် စိုးရိမ်စိတ်ဖြင့် မျိုးစောင့် ဥပဒေ ပြ ဋ္ဌာန်းနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေမှုအပေါ် ယခုလိုသုံး သပ် ပြောကြားခဲ့ခြင်းဖြစ်သည်။

''ပထမအဆင့်က စိုးရိမ်ဖွယ်ဖြစ်နေပြီ။ ကိုယ့်ဘာသာသာသနာနဲ့ ပတ်သက်လို့အန္တရာယ် ရှိနေပြီဆိုတာကို အားလုံးက လေး လေးနက်နက် ခံယူပြီလား၊ အဲဒီမှာကို သဘောတူညီမှုတစ်ခု ရအောင် အခြေခံအကျဆုံး အဆင့်ကနေ စပြီး ကိုင်ကွယ်ဖို့ လိုပါတယ်''ဟု ကိုကိုကြီးက ပြော သည်။

လက်ရှိအချိန်၌ ယင်းကိစ္စထက် နိုင်ငံ တကာအလယ်၌ လူမျိုးတုံး သတ်ဖြတ်ခြင်း၊ လူမျိုးစုရှင်းလင်းခြင်း၊ အကြမ်းဖက်ဘာသာ အဖြစ် ကျဆင်းနေသော ဗုဒ္ဓဘာသာ၏ ပုံရိပ်ကို ပြန်လည်မြှင့်တင် ရန်လုပ်ဆောင်ရမည်ဖြစ် ကြောင်း၊ ဗုဒ္ဓဘာသာသည် အကြမ်းဖက်
သတ် ဖြတ်မှုကို လိုလားသောဘာသာမဟုတ်ကြောင်း ပုံရိပ်ကို ပြန်လည်ပြသနိုင်ရန် လိုအပ် ကြောင်း ၄င်းကဆိုသည်။

အမျိုးဘာသာ သာသနာ ပျောက် ကွယ်မည် စိုးရိမ်၍ ဥပဒေပြဋ္ဌာန်းရန် စီစဉ်လျက်ရှိသော မျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ သဘောထားကွဲလွဲ မှုများ ဖြစ်ပေါ်လျက်ရှိပြီး ယခုကဲ့သို့ မတူညီ သော သဘောထားများ ထွက်ပေါ်လာ ခြင်းအပေါ် ကြိုဆိုကြောင်း၊ ဥပဒေသည် အမျိုးသမီးများ၏ လွတ်လပ်စွာဆုံးဖြတ် ချက်ကို ဟန့်တားခြင်း မဟုတ်ဘဲ၊ အကာအကွယ်မဲ့ အမျိုးသမီးများအတွက် အရေးကြုံလျင် အကာအကွယ်တစ်ခုဖြစ် ရန်သာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း အင်းစိန် ရွာမပရိယတ္တိစာသင်တိုက်
ကျောင်းတိုက်ဆရာတော်က မိန့်ကြား သည်။

''အားလုံး ညီညီညွှတ်ညွှတ်နဲ့ ငြိမ်း ချမ်းရေးကို လိုချင်ပါတယ်။ ဘာသာရေး ပဋိပက္ခ စတင်မှုကနေ နောက်ဆုံး ဗုဒ္ဓဘာသာနှစ်ခြမ်းကွဲမယ့် အနေအ ထားဖြစ်လာတာ အရမ်းဝမ်းနည်းဖို့ ကောင်းပါတယ်'' ဟု နာရေးကူညီမှုအ သင်း အလုပ်အမှုဆောင် ဆရာမ သန်း မြင့်အောင် က ပြောသည်။

မျိုးစောင့်ဥပဒေနှင့် ပတ်သက်ပြီး ကန့်ကွက်သူနှင့် ထောက်ခံသူကြား အမျိုးဘာသာသာသနာကို စောင့် ရှောက်သူနှင့် မစောင့်ရှောက်သူအဖြစ် အမြင်သဘောထားများဖြစ်ပေါ်လျက် ရှိပြီး ယင်းသို့မဟုတ်ဘဲ မြန်မာနိုင်ငံအ တွင်းရှိ ဗုဒ္ဓဘာသာဝင်အားလုံးငြိမ်းငြိမ်း ချမ်းချမ်း ညီညီညွတ်ညွတ် ရှိစေချင် ကြောင်း ၄င်းကထပ်လောင်းပြောကြား သည်။

''ပဋိပက္ခအသွင်ဆောင်နေတာကို ကျွန်မ မကြည့်နိုင်ပါဘူး ။ ဆွေးနွေးငြင်း ခုံခြင်းဖြင့် အဖြေမှန်ထွက်သွားစေချင်ပါ တယ်''ဟု ဆရာမသန်းမြင့်အောင်က ဆိုသည်။

အငြင်းပွားဖွယ်ဖြစ်လျက်ရှိသော မျိုးစောင့်ဥပဒေနှင့်ပတ်သက်ပြီး ကျွမ်း ကျင်ဥပဒေပညာရှင်၊ အတတ်ပညာရှင် များ၊ အမျိုးသမီးများ၊ အမျိုးသမီးအခွင့်အရေးကာကွယ်စောင့်ရှောက်သူများ၊ နိုင်ငံရေးအင်အားစုများ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများပါဝင်သည့် အလုပ်ရုံ ဆွေးနွေးပွဲ များ ပြုလုပ်သွားရန်ရှိကြောင်း သိရသည်။

ဉာဏ်လင်းအောင်
ပေါ်ပြုလာမြန်မာ , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၁၀.၇.၂၀၁၃

0 comments:

Post a Comment