Pages

Wednesday, July 10, 2013

သမ္မတ ဦးသိန်းစိန် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ မကြာမီ ရက်ပိုင်းအတွင်း သွားရောက်မည်

Photo: သမ္မတ ဦးသိန်းစိန် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ မကြာမီ ရက်ပိုင်းအတွင်း သွားရောက်မည်
Wednesday, 10 July 2013

သမ္မတ ဦးသိန်းစိန်၏ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ လေးရက်ကြာ ခရီးစဉ်ကို မကြာမီ ရက်ပိုင်းအတွင်း သွားရောက်မည်ဖြစ်ကြောင်း အမည်မဖော်လိုသော သမ္မတရုံး တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီကို ဇူလိုင် ၉ ရက်တွင် ပြောကြားသည်။

"သမ္မတဟာ ဇူလိုင် ၁၄ ရက်ကနေ ၁၈ ရက်ထိ ဗြိတိန်နဲ့ ပြင်သစ်ကို သွားပါလိမ့်မယ်" ဟု သမ္မတရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ပြီး ခရီးစဉ်နှင့် ပတ်သက်သည့် အသေးစိတ်ကို ပြောကြားခဲ့ခြင်း မရှိချေ။ သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ခရီးစဉ်နှင့် ပတ်သက်၍ သွားမည့်ရက်ကို အတည်ပြုနိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

သမ္မတ၏ ယခုခရီးစဉ်သည် လအနည်းငယ်အတွင်း ဥရောပသို့ ဒုတိယမြောက် ခရီးစဉ် ဖြစ်မည်ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်သည် မတ်လက ဥရောပနိုင်ငံများသို့ သွားရောက်လည်
ပတ်ခဲ့သော်လည်း ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့ မပါဝင်ခဲ့ပေ။ မြန်မာနိုင်ငံ
ကို ကုန်သွယ်မှု ဦးစားပေး အစီအစဉ်တွင် ပြန်လည်ထည့်သွင်း သွား
မည်ဖြစ်ပြီး ပြုပြင်ပြောင်းလဲမှုများကို အားပေးသွားမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂက ပြီးခဲ့သည့်လက ကြေညာခဲ့သည်။

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူမှု အားလုံးနီးပါး ဖယ်ရှားပေးထားပြီး ဖြစ်သည်။

eleven media group

Wednesday, 10 July 2013

သမ္မတဦးသိန်းစိန်၏ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ လေးရက်ကြာ ခရီးစဉ်ကို မကြာမီ ရက်ပိုင်းအတွင်း သွား
ရောက်မည်ဖြစ်ကြောင်း အမည်မဖော်လိုသော သမ္မတရုံး တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီကို ဇူလိုင် ၉ ရက်တွင် ပြောကြားသည်။ "သမ္မတဟာ ဇူလိုင် ၁၄ ရက်ကနေ ၁၈ ရက်ထိ ဗြိတိန်နဲ့ ပြင်သစ်ကို သွားပါလိမ့်မယ်" ဟု သမ္မတရုံး တာဝန်ရှိ
သူ တစ်ဦးက ပြောကြားခဲ့ပြီး ခရီးစဉ်နှင့် ပတ်သက်သည့် အသေးစိတ်ကို ပြောကြားခဲ့ခြင်း မရှိချေ။ သမ္မတ၏
 ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ခရီးစဉ်နှင့် ပတ်သက်၍ သွားမည့်ရက်ကို အတည်ပြုနိုင်ခဲ့ခြင်း မရှိကြောင်း သိ
ရသည်။

သမ္မတ၏ ယခုခရီးစဉ်သည် လအနည်းငယ်အတွင်း ဥရောပသို့ ဒုတိယမြောက် ခရီးစဉ် ဖြစ်မည်ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်သည် မတ်လက ဥရောပနိုင်ငံများသို့ သွားရောက်လည်ပတ်ခဲ့သော်လည်း ဗြိတိန်နှင့် ပြင်
သစ်နိုင်ငံတို့ မပါဝင်ခဲ့ပေ။ မြန်မာနိုင်ငံကို ကုန်သွယ်မှု ဦးစားပေး အစီအစဉ်တွင် ပြန်လည်ထည့်သွင်း သွား
မည်ဖြစ်ပြီး ပြုပြင်ပြောင်းလဲမှုများကိုအားပေးသွားမည်ဖြစ်ကြောင်းဥရောပသမဂ္ဂက ပြီးခဲ့သည့်လကကြေညာ
ခဲ့သည်။

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူမှု အားလုံးနီးပါး ဖယ်ရှားပေးထားပြီး ဖြစ်သည်။

eleven media , RangonNewsDaily
kolatt(PBDN): 10.7.2013

0 comments:

Post a Comment