Pages

Wednesday, July 17, 2013

ဆက်သွယ်ရေးတင်ဒါ မအောင်သဖြင့် ခန့်အပ်ဝန်ထမ်း ပြန်ဖြုတ်ခြင်းသတင်း Digicel ငြင်းဆို

Wednesday, July 17, 2013

ဆက်သွယ်ရေးတင်ဒါ မအောင် သဖြင့် Digicel တွင် ခန့်အပ်ထားပြီး သား ဝန်ထမ်းများကို ထုတ်ပယ်ပစ်သည် ဆိုသည့် သတင်းများထွက်ပေါ်နေ မှုကို ကုမ္ပဏီက ငြင်းဆိုလိုက်သည်။ ”ကျွန်မတို့ကုမ္ပဏီက ခန့်အပ်ထား ပြီး

သားဝန်ထမ်း ၈ဝဝ ကျော်ရှိပါတယ်။ တင်ဒါမအောင်ပေမယ့် မြန်မာနိုင်ငံမှာ ကျွန်မတို့ကုမ္ပဏီက လုပ်နိုင်တဲ့ ဟာတွေ အများကြီးရှိပါတယ်။ အခု အဲဒါကို လေ့ လာမှုတွေ လုပ်နေတယ်။
ဒါကြောင့် ခန့် ထားပြီးသားဝန်ထမ်းတွေကို ဖြုတ်တာတို့၊ထွက်ခိုင်းတာတွေမရှိပါဘူး”ဟုDigicelကုမ္ပဏီ ပြည်
သူ့ဆက်ဆံရေးမန် နေ ဂျာ ဒေါ်သီရိကြာညိုက ပြော သည်။

ကနေဒါနိုင်ငံအခြေစိုက်Digicel ကုမ္ပဏီသည် YSH Finance? Quan-tum Strategic Partners Ltd.တို့နှင့်ပူးပေါင်း

၍ ဆက်သွယ်ရေး တင်ဒါ အဆို တင်သွင်းခဲ့သော်လည်း ရွေးချယ်ခြင်း မခံခဲ့ရပေ။ ထို့ကြောင့် Digicel ကုမ္ပဏီ
ကခန့်အပ်ထားပြီးသားဝန်ထမ်း၎ဝဝ ကျော်ကိုအလုပ်ထွက် ခိုင်းကြောင်းသတင်းများထွက်ပေါ်လာခဲ့သော်
လည်း ကုမ္ပဏီ က မဟုတ်မှန်ကြောင်း ပေါ်ပြူလာ နယူးစ်သို့ ပြောသသည်။

Digicel ကုမ္ပဏီက မေလအတွင်း က အလုပ်အကိုင် ခန့်ထားရေးဝက်ဘ်ဆိုက်ကိုလွှင့်တင်ခဲ့ပြီးတင်ဒါအောင်

မြင်ပါက ခန့်ထားမည့် ဝန်ထမ်းဦးရေ ၆ဝဝဝ ကျော်ထဲမှ အလုပ်လျှောက်လွှာ များ လက်ခံခဲ့သည်။

”ဒါက တင်ဒါအောင်ရင် ချက်ချင်း အလုပ်ခန့်နိုင်အောင် အလုပ်လျှောက် လွှာတွေ လက်ခံထားတာပါ။ ဘယ်

ရာ ထူးဘယ်လောက်လစာဆိုတာ မသိပါ ဘူး။ ဝန်ထမ်းအဖြစ် ခန့်အပ်တာမဟုတ် ပါဘူး”ဟုဒေါ်သီရိကြာညို
က ပြော ည်။

Digicel သည် အစိုးရမှ ဆက် သွယ်ရေးကဏ္ဍတွင် လုပ်ကိုင်ခွင့်အတွက်တင်ဒါခေါ်ယူခြင်းမပြုမီ
နှစ်ပေါင်းများ

စွာကတည်းက မြန်မာ့ဆက်သွယ်ရေးဈေးကွက်ကို လေ့လာမှုများ ပြုလုပ်ပြီး မြန်မာ့ဘောလုံးလောကကိုစပွန်
ဆာပေးထောက်ပံ့ပေးခြင်းဖြင့်ရင်း နှီးမြှုပ်နှံခဲ့သည့်ကုမ္ပဏီဖြစ် သည်။ယခုကဲ့သို့အစိုးရထံမှ ဆက်သွယ်ရေး
တင်ဒါ မအောင်မြင်ခဲ့သော် လည်း မြန်မာနိုင်ငံ တွင် Digicelအနေနှင့် ရင်းနှီးလုပ်ကိုင် နိုင်သော ကဏ္ဍအများ
အပြား ရှိနေသေး သည်ဟု ၄င်းက ဆိုသည်။

”Digicel ကလုပ်နိုင်တဲ့အလုပ် တွေ မြန်မာနိုင်ငံမှာအများကြီးရှိပါသေးတယ်။ဒါတွေကို လေ့လာမှု
လုပ်နေပါပြီ”

ဟု သူမက ပြောသည်။ သို့ရာတွင် မည် သည့်ကဏ္ဍတွင် ထပ်မံရင်းနှီးလုပ်ကိုင် မည်ဆိုသော အသေးစိတ် အ
ချက်ကိုမူ မပြောနိုင်သေးဟု ၄င်းကဆိုသည်။

ကျော်ရဲလင်း
Popular Myanmar ,RangonNewsDaily
kolatt (Pabedan): 17.7.2013

0 comments:

Post a Comment