Pages

Wednesday, July 17, 2013

ရုရှားသမ္မတပူတင် ဘောလ်တစ်ပင်လယ်အောက်ရှိ သင်္ဘောပျက်ဆီသို့ သွားရောက်

putin-july17
ဇူလိုင် ၁၅ ရက်က Sea Explorer 5 နှင့်အတူ ပူတင်အား တွေ့မြင်ရပုံ (Photo:AFP)

ရုရှားသမ္မတဗလာဒီမာပူတင်သည်ဇူလိုင်၁၅ ရက်က ဘောလ်တစ်ပင်လယ်ကြမ်းပြင်ရှိ သင်္ဘောပျက်တစ်စင်း
ရှိရာဆီသို့ ရေငုပ်သင်္ဘောဖြင့်သွားရောက်ခဲ့ကြောင်း သိရသည်။အဆိုပါသင်္ဘောသည်၁၈၆၉ ခုနှစ်ကနစ်မြုပ်
ခဲ့သည့် သင်္ဘောဖြစ်သည်။

ပူတင်သည် Sea Explorer 5 ဟုခေါ်သော ရေအောက်လေ့လာရေး ရေယာဉ်ဖြင့် လိုက်ပါလျက် ဖင်လန်ပင်
လယ်ကွေ့၌ နစ်မြုပ်ခဲ့သည့် Frigate သင်္ဘော ရှိရာဆီသို့ နာရီဝက်ကြာ ငုပ်ဆင်းသွားပုံကို နိုင်ငံတော် ရုပ်မြင်
သံကြားမှ ထုတ်လွှင့်ပြသခဲ့သည်။

ရုပ်သံပြကွက်တွင် ပူတင်က နစ်မြုပ်နေသည့် သင်္ဘောသည် အကောင်းအတိုင်း ကျန်ရှိနေဆဲဖြစ်ကြောင်း
ပြောကြားပြီးနောက် "ဒါဟာညာဘက်မှာ ရှိနေပါတယ်" ဟု ပြောကြားပုံကို တွေ့မြင်ရသည်။

ယင်းနောက် ၎င်းကဆက်လက်၍ "တကယ်ကို အကောင်းအတိုင်း ရှိနေသေးတာပဲ။ သင်္ဘောနာမည်ကတော့ သဲသဲကွဲကွဲ ဖတ်လို့မရသေးဘူး။ ကြောက်စရာ မကောင်းပါဘူး။ သိပ်ကိုစိတ်ဝင်စားစရာ ကောင်းပါတယ်" ဟု သူ၏အတွေ့အကြုံကို ပြောပြခဲ့သည်။ရုပ်သံမှ ပြသသည့်အစိမ်းရောင်လွှမ်းနေသော ပြကွက်များတွင် ပူတင်
သည် ရေငုပ်ယာဉ် အတွင်းမှနေ၍ သင်္ဘောပျက်အား စေ့စပ်သေချာစွာ လေ့လာနေသည်ကို  တွေ့မြင်ရ
သည်။

ပူတင်ကသူ့ကိုယ်သူကျွမ်းကျင်မှုအလုံအလောက်မရှိဘူးဟုသတိပြုလျက် စိတ်တင်းကျပ်နေမှုမျိုး မရှိကြောင်း
လည်း ပြောပြခဲ့သည်။ သူက "ခင်ဗျားအနေနဲ့လည်း ဒီစက်မျိုးကို မောင်းနှင်ဖို့ အတွေ့အကြုံ အများကြီး ရှိနေ
မှာပါ" ဟုပင် ပြောကြားခဲ့သည်။

The Oleg အမည်ရှိ သင်္ဘောပျက်ကို ၂၀၀၃ ခုနှစ်တွင် ရုရှားရေငုပ်သမားများက ရှာဖွေတွေ့ရှိခဲ့ပြီး ယခုအခါ သိပ္ပံပညာရှင်များက လေ့လာလျက် ရှိသည်။ ယင်းသည် ဂိုဂလင်းကျွန်းစုနှင့် ဆွမ္မားကျွန်းစု နှစ်ခုအကြား ရေ
အောက် ၆၀ မီတာ(၂၀၀ ပေ)အနက်၌ တည်ရှိသည်။

အားကစား ၀ါသနာထုံသူ သမ္မတပူတင် (၆၀ နှစ်)သည် လွန်ခဲ့သည့်နှစ်က တတိယမြောက် သက်တမ်းအဖြစ် သမ္မတပြန်ဖြစ်လာခဲ့ပြီး သူ၏ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို အမြင့်ဆုံး၌ ထိန်းထားနိုင်ခြင်းအတွက် မိမိကိုယ်မိမိ ဂုဏ်ယူသူဖြစ်ပြီး လွန်ခဲ့သည့် နှစ်များအတွင်း မီဒီယာများအကြိုက် စတန့်ပေါင်းများစွာ လုပ်ပြခဲ့ဖူးသည်။

ပူတင်သည်၂၀၀၉ ခုနှစ်ကလည်းဆိုက်ဘေးရီးယားရှိ ဘေကယ်ရေအိုင်ကြီး အောက်ခြေသို့ ရေငုပ်သင်္ဘော
ဖြင့်လိုက်ပါခဲ့ဖူးသည်။၂၀၁၁ ခုနှစ်ကလည်းပူတင်သည်ပင်လယ်နက်အတွင်း ရေငုပ်လျက် ရှေးဟောင်းအရိုး
အိုး နှစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကြေညာခဲ့သေးသော်လည်း နောက်ပိုင်းတွင် ရုရှားအစိုးရရုံးက ယင်းမှာ စတန့်လုပ်ခြင်းသာဖြစ်ကြောင်း ၀န်ခံခဲ့သည်။

Ref:AFP , Eleven Media , RangonNewsDaily
kolatt (Pabedan): 17.7.2013

0 comments:

Post a Comment