Pages

Wednesday, July 17, 2013

မြောက်ဥက္ကလာပမြို့နယ်တွင် လက်မှတ်ထိုးပွဲကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်

Photo

ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် အတွင်း မဏ္ဍာပ်များထိုး၍ 969 လှုံ့
ဆော်ရေးသီချင်းများ အဆက်မပြတ်ဖွင့် ကာ မျိုးစောင့်ဥပဒေ လက်မှတ်ထိုးပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပနေ တယ် လို့ သိရပါတယ်။ ယင်းအခြေအနေအား မြောက်ဥက္ကလာဒေသခံတစ်ဦးက အခုလို သတင်းပေးပို့လာပါတယ်။ “အစ်ကို ကျနော် အခု ဘုန်းကြီးလမ်းထိပ်ကို ရောက်နေတာပါ။ အစ်ကို အခု အသံတွေကြားရလား။ ဒါ မျိုးစောင့်ဥပဒေ လက်
မှတ်ထိုးပွဲလုပ်နေတဲ့မဏ္ဍာပ်က အသံတွေပါ။

ကားတွေကို အတင်းလိုက်တားတယ်။ ဟိုမှာ ကားတွေကို ရပ်ခိုင်းထားပါတယ်။ ကားပေါ်ကပါတဲ့လူကို သေ
ချာကြည့်ပြီးရင် စာရွက်တွေ ထုတ်ပေးပါတယ်။ ပြီးရင် ကားတံခါးဖွင့်ပြီး မဏ္ဍာပ်ကိုသွားရပြီး လက်မှတ်တွေ ထိုးခိုင်းနေတာပါ။

ကျနော် ဓာတ်ပုံမရိုက်ရဲပါဘူးဗျာ။ အခုကို မဏ္ဍာပ်ရဲ့မလှမ်းမကမ်းမှာ ဖုန်းလာပြောနေရတော့ ကျနော့်ကို အဲ့
ဒီထဲကလူတွေ သေချာကြည့်နေကြပါတယ်။ ရုပ်တွေကလား ဟိုနေရာတွေမှာဖြစ်တုန်းက ဗွီဒီယိုမှာ တွေ့ရ
တဲ့ လူတွေလိုပါပဲခင်ဗျား”

ယခု လက်မှတ်ရေးထိုးပွဲအား ပြုလုပ်နေသည်မှာ ရက်သတ္တပတ်ကျော် ကြာနေပြီ ဖြစ်သော်လည်း သက်ဆိုင်
ရာ၏ ခွင့်ပြုချက်ပါမစ်များ ရယူထားခြင်းမရှိသည့်အပြင် သင်္ကန်းဝတ်ဘုန်းကြီးအချို့နှင့် နောက်လိုက်များမှာ လက်နက်များ ပေါ်တင်ကိုင်ဆောင်လာခြင်းများလည်း ရှိနေတယ်လို့ ဒေသခံ အမည်မဖော်လိုတဲ့ အစိုးရ၀န်
ထမ်းတစ်ဦးက အလင်းမျက်ဝန်းသို့ ပြောကြားပါတယ်။

ယခု လက်မှတ်ရေးထိုးမှုတွင် လှုံ့ဆော်ရေး သီချင်းများ ဖွင့်ထားခြင်းနှင့် လမ်းသွားလမ်းလာများအပေါ် အဓမ္မ ပိတ်စို့၍လက်မှတ်ရေးထိုးရယူစေခြင်းများကျယ်ပြန့်စွာရှိနေသလို လက်မှတ်ရေးထိုးခြင်းမပြုသူများကိုလည်း
အသံချဲ့စက်ဖြင့် အော်ဟစ်၍ အိနြေ္ဒသိက္ခာထိခိုက်စေသည့် စကားလုံးများဖြင့် ပြောဆိုနေခြင်းကြောင့် စိတ်
အနှောင့်အယှက်ဖြစ်ရသည်ဟု ကိုယ်တွေ့ကြုံခဲ့ရသူ အငှားယဉ်မောင်း ဗုဒ္ဓဘာသာဝင် ကိုအောင်နိုင်က ယခု
လို ပြောပါတယ်။

“ကျနော့်ခံယူချက်ကတော့ဗျာ 969 တွေ ၉၇၀ တွေ စိတ်မ၀င်စားဘူး။ ဒါတွေဖြစ်လာမှ အချောင်နေ အချောင်
စားတွေ ပေါလာတယ်။ တကယ်ဗျာ ဒါတွေကြောင့် အစ်မတို့ မွတ်စလင်မ်တွေမှ မဟုတ်ဘူး။ ဗုဒ္ဓဘာသာတွေ
လဲ ထိခိုက်တယ်။ အခုလဲ သူတို့ ဒီလိုလိုက်လုပ်တာ ဘာမှ မပြောလိုဘူး။ တစ်ရက်က ကျနော့်ခရီးသည်ဗျာ အရမ်းအရေးကြီးလို့ဆိုပြီး ကားကိုတောင် အမြန် မောင်းခိုင်းနေတယ်။

အဲ့ဒီအရှေ့ရောက်တော့ ကားကို အတင်းဇွတ်ကြီး ၀င်တားတယ်။ ကျနော်က မရပ်နိုင်လို့ မီးတောက်ပြတာကို ဖယ်မပေးဘဲ ပိတ်ထားတယ်။ ကျနော် ၀င်းကို တိုက်ပစ်ချင်တာ။ ကိုယ်က တစ်ယောက်တည်း ဖြစ်နေလို့။ ကျ
နော်လဲ ခပ်မာမာနဲ့ ဘာလဲလို့ မေးလိုက်တယ်။ ဒီကောင်တွေက ကိုယ်မွေးမှ ကိုယ့်သားလောက်ရှိတဲ့ကောင်
လေးတွေက ကျနော့်ကို လက်မှတ်ထိုးရမယ်လို့ အတည်ပေါက် လာပြောတယ်။
Photo

အရေးကြီးလို့ နောက်မှထိုးမယ်ပြောတော့ဟိုးကနေမိုက်နဲ့လှမ်းအော်တယ်။ ဗုဒ္ဓဘာသာပီသရင် လက်မှတ်
လေးတွေ လာထိုးလိုက်ကြပါ။မိမိအမေနှစ်မတွေအရေးရတက်မအေးဘူးဆိုရင်လက်မှတ်တွေထိုးလိုက်ကြ
ပါလို့ အော်တယ်။ကျနော် တော်တော် ဖုသွားတယ်။ ပြောပစ်ချင်တာလေ ငါ့အမေနှစ်မတွေက ရတက်မအေး
ရအောင် လမ်းပေါ်ထွက် ဂလေရိုက်နေတာ မဟုတ်ဘူးကွလို့ ပြောပစ်ချင်တာ။

ကျနော်လဲ မဆင်းဘူး။ ဒီတော့ မိန်းမတစ်ယောက်က စာရွက်တွေ ကိုင်လာပြီး ငါးရွက်ထုတ်ပေးတယ်။ ပြီး
တော့ ကျနော်လဲ ဇွတ်ပဲ မောင်းထွက်လာတယ်။ ရန်ကုန်မှာက မီးပွိုင့်ကြပ်တာကတစ်မျိုး။ ဒီေ-ာက် 969
တွေကတစ်မျိုးနဲ့ တော်တော်ကို စိတ်ပျက်စရာဗျာ”

မန္တလေးမစိုးရိမ်မှ ၀ီရသူ၏ ဓာတ်ပုံနှင့် 969 တံဆိပ်များအား ဗွီနိုင်းပိုစတာဖြင့် ပုံကြီးချဲ့ ချိတ်ဆွဲထားသည့် အ
ဆိုပါမဏ္ဍာပ်များတွင် ဘာသာခြားများ၊အထူးသဖြင့်မွတ်စလင်မ်များကိုတော့ ဝေငှသည့်စာရွက်များအား ပေး
ကမ်းခြင်းမရှိကြောင်း ကြုံတွေ့လာသူများရဲ့ ပြောကြားချက်အရ သိရသည်။

မြောက်ဥက္ကလာပမြို့နယ်အတွင်း မကြာသေးမီရက်ပိုင်းအတွင်းကဘာသာပေါင်းစုံ ငြိမ်းချမ်းရေး လုပ်ဆောင်
ခဲ့သည့် ဘုန်းတော်ကြီးအချို့ကို 969 အကြမ်းဖက်သမားများက အခဲမကျေဖြစ်ရာမှယခုလ ၈ ရက်မှ ၂၀ ရက်
နေ့အတွင်း ၈ မိုင်ဗလီ၊ မြောက်ဥက္ကလာပ ဗလီနှင့် မွတ်စလင်မ်များ၏ ပိုင်ဆိုင်မှုများကို အကြမ်းဖက်ရန် လူစု
ခြင်း၊ အမျိုးစောင့်ဥပဒေ ထောက်ခံကြောင်းလက်မှတ် ကောက်ယူသည့်ဟန်နှင့် အကြမ်းဖက်ရန် စည်းရုံးခြင်း
များ ပြုလုပ်လျက်ရှိနေကြောင်းနှင့် 969 တီရှပ်များဝတ်ဆင်၍ စည်းရုံးရေး ဆင်းနေကြောင်း၊ 969 ဟူသည် အ
ကြမ်းဖက် အမှတ်တံဆိပ်ဖြစ်ကြောင်း မြန်မာတို့သာမက ကမ္ဘာကပါ သိပြီးဖြစ်နေကြောင်း၊ 969 စည်းရုံးရေး
များကို ပြောင်ပြောင်တင်းတင်း ပြုလုပ်လာသော အခြေအနေကို သက်ဆိုင်ရာမှလည်း တားမြစ်နိုင်ခြင်းမရှိ
ကြောင်း အင်တာနက်တွင် ပျံ့နှံ့နေသည့် သတင်းအချို့တွင် ဖော်ပြပါရှိထားပါသည်။

ယခုနှစ် ရမ္မဿွာန် ဥပုဒ်လအတွင်း မြောက်ဥက္ကလာပအပါအ၀င် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အချို့
သောအစ္စလာမ်ဘာသာရေးဝတ်ပြုဆောင်ငယ်များအားသက်ဆိုင်ရာအာဏာပိုင်တို့မှ လုံခြုံရေးအကြောင်း
ပြ၍ ပိတ်ပင်ခြင်းများ ရှိနေသော်လည်း အကြမ်းဖက်မှုကို လှုံ့ဆော်နေသည့် အထက်ပါ လုပ်ရပ်များကိုတော့ တားဆီးခြင်း အလျဉ်းမရှိကြောင်း နိုင်ငံရေးလေ့လာသူတို့က ဝေဖန်ကြပါတယ်။

မကြာသေးမီကပင် နိုင်ငံတော် အဆင့်မြင့် အရာရှိများမှ 969 တံဆိပ်နှင့် ဂိုဏ်းဝင်များအား ငြိမ်းချမ်းသူများ
အဖြစ် ကာကွယ်ပြောကြားခဲ့ပြီး ကမ္ဘာကျော် မီဒီယာများအား အစိုးရမှ ဝေဖန်လာခြင်းကြောင့် ငြိမ်းမလိုဖြစ်
နေတဲ့ မီးခဲတွေဟာ မီးတောက်တွေအသွင်ဆောင်လာမှာကို နိုင်ငံအနှံ့အပြားရှိ မွတ်စလင်မ်များအပါအ၀င် အခြားဘာသာဝင်များဘက်က စိုးရိမ်နေကြပါတယ်။

အထက်ပါ အင်တာနက်သတင်းများနှင့် လက်တွေ့ အခြေအနေများကြောင့် မြောက်ဥက္ကလာပနေ ဒေသခံ မွတ်စလင်မ်များမှာ အထူးစိုးရိမ်မကင်း ဖြစ်လျက် ရှိနေကြရတယ်လို့ သိရပါတယ်။

ဓာတ်ပုံရှင်းလင်းချက် မြောက်ဥက္ကလာပမြို့နယ်တွင်ဇူလိုင်လ၅ ရက်နေ့က ရိုက်ယူထားသည့် ဓာတ်ပုံများဖြစ်
ပါသည်။

အလင်းမျက်ဝန်း , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၁၇.၇.၂၀၁၃

0 comments:

Post a Comment