Pages

Wednesday, July 17, 2013

ကလောင်ဝှက်ဖြင့် လျှို့ဝှက်ဆန်းကြယ်မှုခင်းဝတ္ထုရေးသားခဲ့တဲ့ ဟယ်ရီပေါ်တာဖန်တီးရှင်

Wednesday, July 17, 2013

လျှို့ဝှက်ဆန်းကြယ်မှုတွေ ပြည့်နှက်နေတဲ့ ဟယ်ရီပေါ်တာစာအုပ်တွေနဲ့ လူကြီးစာဖတ် ပရိသတ်တွေကို ရော၊ လူငယ်၊ ကလေးစာဖတ်သူတွေ ရဲ့ နှလုံးတွေကိုသိမ်းကျုံးရယူထားနိုင်ခဲ့တဲ့ အင်္ဂလိပ်စာရေးဆရာမ ဂျေကေ ရိုးလန်းဟာ မကြာသေးခင်ကာလတစ်ခုက လျှို့ဝှက်ဆန်းကြယ် မှုခင်းဝတ္ထုရှည်တစ်ပုဒ်ကို က လောင်ဝှက်နဲ့ ရေးသားထုတ်ဝေခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ဧပြီလအတွင်းက “ဥသြခေါ်သံ”လို့ အမည်ရတဲ့ လျှို့ဝှက်ဆန်းကြယ် မှုခင်း ၀တ္ထုတစ်ပုဒ်ထွက်ပေါ် ခဲ့ပြီးဒီစာအုပ်ကိုရေးသားခဲ့သူ ရော ဘတ်ဂေလ်ဘရိတ် ဆိုတဲ့ ကလောင်ရှင်ဟာ ဟယ်ရီပေါ်တာဖန်တီး ရှင် ဂျေကေရိုးလန်းဖြစ်တယ်လို့ လန်ဒန်ထုတ် Sunday Time သတင်းစာကဖော်ပြခဲ့တာပါ။

အဆိုပါ ၀တ္ထု ရှည်ဟာကော်ပီ ၁၅၀၀ ခန့်သာ ရောင်းချခဲ့ရတယ်ဆိုပေမယ့် New York Time သတင်းစာကတော့ စူးစမ်းဖော်ထုတ်မှုကို လက်ရာမြောက်စွာ ဖော်ထုတ်ထားနိုင်တဲ့ စာအုပ်တစ်အုပ်ဖြစ်တယ်လို့ သုံးသပ်ထားခဲ့ ပါတယ်။

ယင်းသတင်းစာရဲ့အဆိုအရ ဂျေကေရိုးလန်းကလည်းသူမရဲ့လျှို့ဝှက်ချက်ကို ဖော်ထုတ်ဝန်ခံခဲ့ပြီး“ကျွန်မ အနေနဲ့ ဒီလျှို့ဝှက်ချက်ကို ကာလရှည်ရှည်ထိန်း သိမ်းထားနိုင်မယ်လို့ မျှော်လင့်နေခဲ့ပါတယ်။ ဘာကြောင့် လဲဆိုတော့ ဒီကလောင်နာမည်ကို ဘာထိန်းချုပ်မှုမှမရှိဘဲ အတွေ့အကြုံရစေချင်လို့ပါ။ 


ဘာနာမည်၊ ဘာ မျှော်လင့်ချက်မှမရှိဘဲ ဒီစာအုပ်ကိုထုတ်ဝေနိုင်ခဲ့တာကိုတော့ အံ့သြမိပါတယ်။ကလောင်နာမည်သစ်တစ် ခုနဲ့ပရိသတ်ရဲ့ တုံ့ပြန်မှုပြန်ရတာဟာ တကယ့်ပျော်ရွှင်မှုအစစ်ပါပဲ”လို့ ပြောဆိုခဲ့ပါတယ်။

ဘီဘီစီရဲ့အဆိုအရဆိုရင်တော့ ရိုးလန်းဟာ အစကသူမရဲ့ရှေ့နာမည်ဖြစ်တဲ့ ဂျွန်နီဆိုတဲ့နာမည်နဲ့ထုတ်ဖို့ စီစဉ်ခဲ့ပေမယ့် သူမရဲ့ထုတ်ဝေသူက မိန်းကလေးနာမည်နဲ့ရေးတဲ့ ဒီလိုစာအုပ်မျိုးကို ယောက်ျားလေးတွေ ဖတ်ဖို့စိတ်ဝင်စားမှာမဟုတ်တာကြောင့် အခုလိုအမျိုးသားကလောင်အ မည်ကို ရွေးချယ်ခဲ့တာ ဖြစ်တယ် လို့သိရပါတယ်။

ဒါပေမဲ့ ရိုးလန်းဟာဂျေကေရိုးလန်းဆိုတဲ့ အမျိုးသမီးကလောင်နာမည်နဲ့ ဟယ်ရီပေါ်တာ စာအုပ်တွဲတွေကို ဆက်တိုက်ရေးသားခဲ့ပြီး ကမ္ဘာ့နေရာ စုံကအရွယ်အစားစုံတဲ့ စာဖတ်ပရိသတ်တွေဝယ် ယူဖတ်ရှုခဲ့ကြတဲ့သာ ဓကရှိတယ်လို့ Sunday Time သတင်းစာက ပြန်လည်ထောက်ပြခဲ့ပြန်ပါတယ်။

ဂျေကေရိုးလင်းအနေနဲ့ကတော့ သူမဟာဟယ်ရီပေါ်တာစာရေးဆရာမ မဟုတ်ဘဲဒီ့အပြင် သာမန်စာရေး သူတစ်ယောက်အနေနဲ့ စာဖတ်သူတွေဆီကတုံ့ပြန်မှုကိုရယူလိုတာကြောင့် အခုလို အမျိုးသားကလောင် နာမည်နဲ့ စာရေးဖို့ကြိုးစားခဲ့ခြင်းသာဖြစ်မယ်လို့ ဆိုခဲ့ပါတယ်။

အောင်သုတ
မဇ္ဈိမ , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၁၇.၇.၂၀၁၃

0 comments:

Post a Comment