Pages

Wednesday, July 17, 2013

ရာသီအစပွဲစဉ်များကိုလွဲချော်ဖွယ်ရှိနေသည့် အန်ဒီ ကာရိုးလ်

Wednesday, July 17, 2013

ဝက်စ်အသင်း၏နည်းပြဆမ်အလာဒွိုက်စ်ကအသင်းတိုက်စစ်မှူးသစ်အန်ဒီကာရိုးလ်သည်ရာသီအစပွဲစဉ်တွင်

ပါဝင်ရန်မသေချာကြောင်းကိုပြောဆိုခဲ့သည်။အန်ဒီကာရိုးလ်သည်ပြီးခဲ့သည့်လတွင်လီဗာပူးလ်အသင်းကနေ
ဝက်စ်ဟမ်းအသင်းကို ပေါင်၁၅သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပြီးလက်ရှိချိန်တွင်ခြေဖနောင့် ဒဏ်ရာကိုခံစားနေ
ရခြင်းဖြစ်သည် ။
လက်ရှိချိန်တွင် ကာရိုးလ်သည် အဆိုပါ ခြေဖနောင့် ဒဏ်ရာကို ကုသနေဆဲဖြစ်ပြီးရာသီကြိုခြေစမ်းပွဲများကို
လည်း လွဲချော်နေသည် ။

မီဒီယာများက ကာရိုးလ်သည် ၀က်စ်ဟမ်းအသင်း၏ ရာသီအစပွဲစဉ်ဖြစ်သည့် တန်းတက်အသင်းကာ
ဒစ်ဖ်

သင်းနှင့်ပွဲစဉ်တွင်ပါဝင်လာနိုင်ဖွယ်ရှိကြောင်း ပြောဆိုနေပြီးအဆိုပါ သတင်းများကို ၀က်စ်ဟမ်းအသင်း နည်း
ပြဆမ်အာလာဒွိုက်စ်ကငြင်းဆိုခဲ့ကာ ဆမ်အာလာဒွိုက်စ်၏ ထုတ်ဖော်ပြောဆိုချက်အရ ကာရိုးလ်၏ဒဏ်ရာ
သည် စက်တင်ဘာလဆန်းတွင်သာ ပြန်လည်သက်သာဖွယ်ရှိနေသည် ။

ဆမ်အာလာဒွိုက်စ်က“ကာရိုးလ်ဟာလက်ရှိချိန်ထိကုသမှုခံယူနေတုန်းပါ ၊သူဟာ လေ့ကျင့်ခန်း
အပြည့်ဆင်း

နိုင်ဖို့ အနည်းဆုံး ၄ ပတ်ခန့် အနားယူရဦးမှာဖြစ်ပါတယ် ။ 

သူဟာ ဂျာမနီခရီးစဉ်ကိုတော့ လိုက်ပါလာမှာဖြစ်ပါတယ် ”ဟုပြောဆိုခဲ့ သည် ။ ကာရိုးလ်သည် ပြီးခဲ့သည့်ရာ
သီတွင် ၀က်စ်ဟမ်းအသင်းကိုအငှားဖြင့်လာရောက်ကစားခဲ့ပြီး နည်းပြ ဆမ်အာလာဒွိုက်စ်သည် ကာရိုးလ်၏
ခြေစွမ်းကိုကြိုက်နှစ်သက်သောကြောင့်အပြီးသတ်ခေါ်ယူခဲ့ခြင်းဖြစ်သည် ။

SkyNet TV Browser , RangonNewsDaily
kolatt (Pabedan): 17.7.2013

0 comments:

Post a Comment