Pages

Saturday, May 25, 2013

Facebook ပေါ်ကများပြားလှတဲ့ Page တွေကြားထဲမှာ ကိုယ့် page ကိုအမြဲ အထာကျကျ အဆင့် တစ်ခုရှိတဲ့ page ပုံစံမျိုး ပေါက်နေအောင် ဘယ်လို လုပ်ရမလဲ

Facebook ပေါ်မှာ page တွေမှိုလို ပေါက်လာ နေပါတယ်။ ကိုယ့် page ကိုအမြဲ အထာကျကျ အဆင့် တစ်ခုရှိတဲ့ page ပုံစံမျိုး ပေါက်နေအောင် ဘယ်လို လုပ်ရမလဲ


တစ်ခု ရှိတာက page ဆိုတာက ကိုယ့်ရဲ့ account လိုမဟုတ်ပါဘူး။ Facebook ပေါ်ရောက်လာတယ် ဆိုကတည်းက လူထောင်ပေါင်းများစွာ မြင်ရဖို့ သေချာ နေပါတယ်။ ခုမှ စသုံးတဲ့ သူတွေ အတွက်တော့ အမှားတွေ လုပ်မိကောင်း လုပ်နိုင်ပါတယ်။ ဒီလို ရှက်စရာ ကောင်းတဲ့ အမှား တွေ မကျူးလွန်မိဖို့ ရှောင်ရှား သင့်တဲ့ အချက်တွေကို ဖော်ပြ ပေးလိုက်ပါတယ်။

1.Talking at your customers, not with your customers 
ကိုယ့် page ပဲဆိုပြီး ကိုယ်တင်ချင်ရာတင်၊ လာကြည့်တဲ့ သူတွေဘက်ကို မကြည့်တာဟာ ကောင်းတဲ့ လုပ်ဆောင်ချက် တစ်ခု မဟုတ်ပါဘူး။ 

2.Not responding to comments or questions
စီးပွားရေး လုပ်နေတဲ့ သူတွေ အတွက်တော့ မေးခွန်းတွေကို ပြန်မဖြေ တာ၊ customers တွေနဲ့ ဆက်သွယ်မှု မရှိတာဟာ နောင်ကိုယ့်ရဲ့ fan ဖြစ်လာနိုင်တဲ့ သူတွေ အတွက်တော့ impression ကျစေပါတယ်။

3.Not monitoring the Page
ကိုယ့်ရဲ့ Page ကိုသေချာ မကြည့်ထားတာဟာ မကောင်းပါဘူး။ ကိုယ့် Page ကိုလာလည်တာဟာ spam links တွေကို click လုပ်ဖို့ မဟုတ် ပါဘူး။ ဒီ spam links တွေကို သေချာ ဖယ်ထုတ် သင့်ပါတယ်။

4.Using hashtags on Facebook
hashtags တွေက Facebook အတွက် မဟုတ်ပါဘူး။ Twitter ကနေ cross-post လုပ်တယ် ဆိုရင်တောင် ဒါဟာ Facebook ကကိုယ့်ရဲ့ fan တွေကို ဂရုမစိုက်၊ သူတို့အတွက် အချိန် မပေးတာလို့ မြင်သွားနိုင် ပါတယ်။

5.Writing long posts that get cut off
post အရှည်ကြီးတွေ ရေးချင်ရင် ရေးပါ။ Facebook မှာစာလုံး ၆၀၀၀၀ထိ ရေးလို့ ရပါတယ်။ ဒါပေမယ့် ရှင်းရှင်းလင်းလင်းနဲ့ ကျစ်ကျစ် လျစ်လျစ် ရေးပါ။ 

6.Liking your own post
ကိုယ့် post ကိုကိုယ်ပြန် like ရအောင်ထိ အားပေးမယ့်သူ မရှိဘူးလားလို့ အမေးခံ ရပါလိမ့်မယ်။


7.Not having a custom URL for your Facebook Page. 
Facebook Pages တွေရဲ့ ပထမဆုံး စည်းမျဉ်းက ဘာလဲ ဆိုတာ အရင် ဖတ်ကြည့်ပါဦး။ URL တစ်ခုတော့ သတ်သတ် မှတ်မှတ် ရှိသင့် တာပေါ့။ 

8.Posting one thing right after another
ကိုယ့် fan တွေက ကိုယ့် page ကိုကြိုက်ကြ ပါတယ်။ ဒါပေမယ့် post တွေတစ်ခုပြီး တစ်ခု ဆက်တိုက် newsfeed မှာတက်လာတာ အနှောက်အယှက် ဖြစ်ပါတယ်။ update တွေတင်တဲ့ အခါမှာ တစ်ခုနဲ့ တစ်ခု ကြားမှာ အချိန်နည်းနည်း ခြားတာဟာ post တွေအကုန်လုံးကို ကြည့်သွားဖို့ အခွင့်အရေး ပိုများပြီး ကျော်သွား တာမျိုးတွေ မဖြစ်တော့ ပါဘူး။

9.Talking smack about your competition
ကိုယ့်ရဲ့ ပြိုင်ဘက်ကို သွားပုပ်လေလွင့် မပြောသင့်ပါဘူး။ ကိုယ့်အလုပ်ပဲ ကိုယ်လုပ်ပါ။ 

10.Responding negatively to a negative comment.
ရိုင်းစိုင်းတဲ့၊ မကောင်းပြော ထားတဲ့ comment တွေက သင့်ဘယ်လို တုန့်ပြန်သလဲ ဆိုတဲ့ အပေါ် မူတည်ပါတယ်။ ရိုင်းတာကို ရိုင်းသလို တုံ့ပြန် မယ့်အစား professional ကျကျ တုံ့ပြန်တာဟာ ရန်သူကိုတောင် မိတ်ဆွေ အဖြစ် ပြောင်းလဲ နိုင်ပါတယ်။

11.Not filling out necessary information, location, description, etc.
Facebook ကသင့်ကို စီးပွားရေး ဖြစ်ဖြစ်၊ အဖွဲ့အစည်းပဲ ဖြစ်ဖြစ် အချက်အလက်တွေ ပြည့်ပြည့်စုံစုံ ထည့်ဖို့ အခွင့်အရေး ပေးပြီးသား ဆိုတော့ ထည့်ရမှာ ကိုယ့်တာဝန်ပါ။ ဘာအချက်အလက်မှ မထည့်ထားရင် ကိုယ်ဘာမှန်း သိကြမှာ မဟုတ်ပါဘူး။

12.Not using Facebook Insights
Facebook Insights တွေကနေ တဆင့် သိနိုင်တာ တွေက အများကြီး ပါပဲ။ ကိုယ့် page ကိုဘယ်သူတွေ like ထားလဲ၊ ဘယ်လောက်လာ လည်ကြသလဲ အစရှိ သဖြင့် ကိုယ့် page ကိုဘယ်လို ထိန်းရမလဲ ဆိုတာ သိနိုင်ပါတယ်။

13.Only promoting yourself.
social network ပါ။ လူအချင်းချင်း ဆက်သွယ်ဖို့ ဖြစ်ပြီး ကိုယ့်ကိုကိုယ် ကြေညာဖို့ မဟုတ်ပါဘူး။


14.Spelling errors
စာလုံးပေါင်း အမှားက နည်းနိုင်သလောက် နည်းသင့်ပါတယ်။ ကိုယ့် page ကိုလူအထင်သေး စေနိုင် ပါတယ်။ 

15.USING TOO MANY CAPS OR EXCLAMATION POINTS!!!!!!!!!!!!!!!!!!!!!!!
မလိုအပ်ဘဲ စာလုံးအကြီးတွေ၊ ! တွေမသုံး ပါနဲ့။ 

16.Responding with the same answer from multiple admins
မေးခွန်းတွေကို ပြန်ဖြေပေးတယ် ဆိုတာ ကောင်းပါတယ်။ ဒါပေမယ့် admin တွေအများကြီး ရှိတဲ့ page တွေမှာ admin အချင်းချင်း ချိတ်ဆက် မှုရှိပါစေ။ တစ်ယောက် တစ်ပေါက် မဖြစ်ပါစေနဲ့။ 

17.Not having any posts or comments from customers.
posts တွေ၊ comments တွေတော့ လာပါရဲ့။ အချင်းချင်း အထဲကပဲ ဖြစ်နေရင် မထူးပါဘူး။ တကယ့် customer တွေ၊ fans တွေနဲ့ အဆက် အဆံ ရှိပါစေ။

18.Not getting any feedback on questions.
ကိုယ့်ရဲ့ fan တွေကို မေးခွန်းတွေ မေးတာ ကောင်းတဲ့ အကြံဥာဏ် တစ်ခုပါ။ နေ့တိုင်း မေးနေပြီး ဘယ်သူမှ မဖြေတာ မျိုးက မကောင်းပါဘူး။

19.Having a blurry avatar.
Avatar ဆိုတာ ကိုယ့်ရဲ့ social media accounts တွေနဲ့ ဆက်စပ်တဲ့ ပုံပါ။ စီးပွားရေး သမားတွေ ကတော့ သူတို့ရဲ့ ဓာတ်ပုံတွေ သုံးကြပြီး ကုမ္ပဏီ တွေကတော့ လိုဂိုတွေ သုံးပါတယ်။ ကိုယ့် page ကိုကိုယ်စားပြုတဲ့ ပုံအသေးစားလေး ဆိုတော့ ကြည့်ကောင်းပြီး မှန်ကန် သင့်တော် တဲ့အရွယ်အစား ဖြစ်သင့် ပါတယ်။

20.Relying on user-generated content
fan တွေကို share ပေးပါ၊ like ပေးပါ ဆိုပြီး တောင်းဆိုတာက အချောင်ခို ရာရောက်ပြီး လူတွေက လုပ်ပေးမယ်၊ ဒါနဲ့ ကိုယ့် page ကိုနာမည် ကြီးအောင် လုပ်မယ်လို့ မမျှော်ထား ပါနဲ့။ လူတွေ ကိုယ်တိုင် ကိုက စိတ်ပါလက်ပါနဲ့ like, share လုပ်ဖို့ ကိုယ့်ဘက်က တစ်ခုခုကို ဖန်တီး ပေးရမှာပါ။ 

21.Trying to make every post for everyone
လူတိုင်းအတွက်၊ လူကြိုက်များတဲ့ post တွေပဲ တင်မယ် ဆိုတာ မဖြစ်သင့် ပါဘူး။ ကိုယ့် fan တွေထဲက အမျိုးအစား တစ်စုလောက် အတွက်ပဲ အသုံးဝင်မယ် ဆိုရင်တောင် ဖော်ပြသင့် ပါတယ်။ ရေများတဲ့ နေရာမှာ မိုးထပ်ရွာပေး စရာ မလိုပါဘူး။   

22.Leaving the shared link in your status.
link တစ်ခုကို status မှာကူးချလိုက် ကတည်းက အဲ့လင့်ရဲ့ preview ကတက်လာပြီး သားပါ။ ဒီ link ကိုထပ်ဖော်ပြ စရာ မလိုတော့ ပါဘူး။ ဖျက်ပစ် လိုက်ပြီး ကိုယ်ပြောချင်တာ အစားထိုး ရေးလိုက်ပါ။

23.Not customizing the headline and abstract when you share a link
link preview မှာ headline ကိုနှိပ်ပြီး text ကို customize လုပ်လို့ ရပါတယ်။ 

24. Leaving a random image in the link preview
link preview မှာသူ့ random ကျလာမယ့် ပုံကို သုံးမယ့်အစား ပိုသင့်တော်တဲ့ ပုံကို ဘယ်၊ညာ ရွေ့ပြီး ရွေးလို့ ရပါတယ်။ 

25. Leaving up a post with a typo
typo error တွေရှိနိုင်တာကြောင့် တင်ပြီးတာနဲ့ ပြန်စစ် သင့်ပါတယ်။

pageဆိုတာကကိုယ့်ရဲ့accountလိုမဟုတ်ပါဘူး။Facebookပေါ်ရောက်လာတယ်ဆိုကတည်းကလူထောင်ပေါင်း
များစွာမြင်ရဖို့သေချာနေပါတယ်။ခုမှစသုံးတဲ့သူတွေအတွက်တော့အမှားတွေလုပ်မိကောင်း လုပ်နိုင်ပါတယ်။ ဒီလိုရှက်စရာကောင်းတဲ့အမှားတွေမကျူးလွန်မိဖို့ရှောင်ရှားသင့်တဲ့ အချက်တွေကို ဖော်ပြ ပေးလိုက်ပါတယ်။
1.Talking at your customers, not with your customers ကိုယ့် page ပဲဆိုပြီး ကိုယ်တင်ချင်ရာတင်၊ လာကြည့်တဲ့ သူတွေဘက်ကို မကြည့်တာဟာ ကောင်းတဲ့ လုပ်ဆောင်ချက် တစ်ခု မဟုတ်ပါဘူး။

2.Not responding to comments or questions စီးပွားရေး လုပ်နေတဲ့ သူတွေ အတွက်တော့ မေးခွန်းတွေကို ပြန်မဖြေ တာ၊ customers တွေနဲ့ ဆက်သွယ်မှု မရှိတာဟာ နောင်ကိုယ့်ရဲ့ fan ဖြစ်လာနိုင်တဲ့ သူတွေ အတွက်တော့ impression ကျစေပါတယ်။
 
 3.Not monitoring the Page ကိုယ့်ရဲ့ Page ကိုသေချာ မကြည့်ထားတာဟာ မကောင်းပါဘူး။ ကိုယ့် Page ကိုလာလည်တာဟာ spam links တွေကို click လုပ်ဖို့ မဟုတ် ပါဘူး။ ဒီ spam links တွေကို သေချာ ဖယ်ထုတ် သင့်ပါတယ်။

4.Using hashtags on Facebook hashtags တွေက Facebook အတွက် မဟုတ်ပါဘူး။ Twitter ကနေ cross-post လုပ်တယ် ဆိုရင်တောင် ဒါဟာ Facebook ကကိုယ့်ရဲ့ fan တွေကို ဂရုမစိုက်၊ သူတို့အတွက် အချိန် မပေးတာလို့ မြင်သွားနိုင် ပါတယ်။

5.Writing long posts that get cut off post အရှည်ကြီးတွေ ရေးချင်ရင် ရေးပါ။ Facebook မှာစာလုံး ၆၀၀၀၀ထိ ရေးလို့ ရပါတယ်။ ဒါပေမယ့် ရှင်းရှင်းလင်းလင်းနဲ့ ကျစ်ကျစ် လျစ်လျစ် ရေးပါ။

6.Liking your own post ကိုယ့် post ကိုကိုယ်ပြန် like ရအောင်ထိ အားပေးမယ့်သူ မရှိဘူးလားလို့ အမေးခံ ရပါလိမ့်မယ်။

7.Not having a custom URL for your Facebook Page. Facebook Pages တွေရဲ့ ပထမဆုံး စည်းမျဉ်းက ဘာလဲ ဆိုတာ အရင် ဖတ်ကြည့်ပါဦး။ URL တစ်ခုတော့ သတ်သတ် မှတ်မှတ် ရှိသင့် တာပေါ့။

8.Posting one thing right after another ကိုယ့် fan တွေက ကိုယ့် page ကိုကြိုက်ကြ ပါတယ်။ ဒါပေမယ့် post တွေတစ်ခုပြီး တစ်ခု ဆက်တိုက် newsfeed မှာတက်လာတာ အနှောက်အယှက် ဖြစ်ပါတယ်။ update တွေတင်တဲ့ အခါမှာ တစ်ခုနဲ့ တစ်ခု ကြားမှာ အချိန်နည်းနည်း ခြားတာဟာ post တွေအကုန်လုံးကို ကြည့်သွားဖို့ အခွင့်အရေး ပိုများပြီး ကျော်သွား တာမျိုးတွေ မဖြစ်တော့ ပါဘူး။

9.Talking smack about your competition ကိုယ့်ရဲ့ ပြိုင်ဘက်ကို သွားပုပ်လေလွင့် မပြောသင့်ပါဘူး။ ကိုယ့်အလုပ်ပဲ ကိုယ်လုပ်ပါ။

10.Responding negatively to a negative comment. ရိုင်းစိုင်းတဲ့၊ မကောင်းပြော ထားတဲ့ comment တွေက သင့်ဘယ်လို တုန့်ပြန်သလဲ ဆိုတဲ့ အပေါ် မူတည်ပါတယ်။ ရိုင်းတာကို ရိုင်းသလို တုံ့ပြန် မယ့်အစား professional ကျကျ တုံ့ပြန်တာဟာ ရန်သူကိုတောင် မိတ်ဆွေ အဖြစ် ပြောင်းလဲ နိုင်ပါတယ်။

11.Not filling out necessary information, location, description, etc. Facebook ကသင့်ကို စီးပွားရေး ဖြစ်ဖြစ်၊ အဖွဲ့အစည်းပဲ ဖြစ်ဖြစ် အချက်အလက်တွေ ပြည့်ပြည့်စုံစုံ ထည့်ဖို့ အခွင့်အရေး ပေးပြီးသား ဆိုတော့ ထည့်ရမှာ ကိုယ့်တာဝန်ပါ။ ဘာအချက်အလက်မှ မထည့်ထားရင် ကိုယ်ဘာမှန်း သိကြမှာ မဟုတ်ပါဘူး။

12.Not using Facebook Insights Facebook Insights တွေကနေ တဆင့် သိနိုင်တာ တွေက အများကြီး ပါပဲ။ ကိုယ့် page ကိုဘယ်သူတွေ like ထားလဲ၊ ဘယ်လောက်လာ လည်ကြသလဲ အစရှိ သဖြင့် ကိုယ့် page ကိုဘယ်လို ထိန်းရမလဲ ဆိုတာ သိနိုင်ပါတယ်။

13.Only promoting yourself. social network ပါ။ လူအချင်းချင်း ဆက်သွယ်ဖို့ ဖြစ်ပြီး ကိုယ့်ကိုကိုယ် ကြေညာဖို့ မဟုတ်ပါဘူး။

14.Spelling errors စာလုံးပေါင်း အမှားက နည်းနိုင်သလောက် နည်းသင့်ပါတယ်။ ကိုယ့် page ကိုလူအထင်သေး စေနိုင် ပါတယ်။

15.USING TOO MANY CAPS OR EXCLAMATION POINTS!!!!!!!!!!!!!!!!!!!!!!! မလိုအပ်ဘဲ စာလုံးအကြီးတွေ၊ ! တွေမသုံး ပါနဲ့။

16.Responding with the same answer from multiple admins မေးခွန်းတွေကို ပြန်ဖြေပေးတယ် ဆိုတာ ကောင်းပါတယ်။ ဒါပေမယ့် admin တွေအများကြီး ရှိတဲ့ page တွေမှာ admin အချင်းချင်း ချိတ်ဆက် မှုရှိပါစေ။ တစ်ယောက် တစ်ပေါက် မဖြစ်ပါစေနဲ့။

17.Not having any posts or comments from customers. posts တွေ၊ comments တွေတော့ လာပါရဲ့။ အချင်းချင်း အထဲကပဲ ဖြစ်နေရင် မထူးပါဘူး။ တကယ့် customer တွေ၊ fans တွေနဲ့ အဆက် အဆံ ရှိပါစေ။

18.Not getting any feedback on questions. ကိုယ့်ရဲ့ fan တွေကို မေးခွန်းတွေ မေးတာ ကောင်းတဲ့ အကြံဥာဏ် တစ်ခုပါ။ နေ့တိုင်း မေးနေပြီး ဘယ်သူမှ မဖြေတာ မျိုးက မကောင်းပါဘူး။

19.Having a blurry avatar. Avatar ဆိုတာ ကိုယ့်ရဲ့ social media accounts တွေနဲ့ ဆက်စပ်တဲ့ ပုံပါ။ စီးပွားရေး သမားတွေ ကတော့ သူတို့ရဲ့ ဓာတ်ပုံတွေ သုံးကြပြီး ကုမ္ပဏီ တွေကတော့ လိုဂိုတွေ သုံးပါတယ်။ ကိုယ့် page ကိုကိုယ်စားပြုတဲ့ ပုံအသေးစားလေး ဆိုတော့ ကြည့်ကောင်းပြီး မှန်ကန် သင့်တော် တဲ့အရွယ်အစား ဖြစ်သင့် ပါတယ်။

20.Relying on user-generated content fan တွေကို share ပေးပါ၊ like ပေးပါ ဆိုပြီး တောင်းဆိုတာက အချောင်ခို ရာရောက်ပြီး လူတွေက လုပ်ပေးမယ်၊ ဒါနဲ့ ကိုယ့် page ကိုနာမည် ကြီးအောင် လုပ်မယ်လို့ မမျှော်ထား ပါနဲ့။ လူတွေ ကိုယ်တိုင် ကိုက စိတ်ပါလက်ပါနဲ့ like, share လုပ်ဖို့ ကိုယ့်ဘက်က တစ်ခုခုကို ဖန်တီး ပေးရမှာပါ။

21.Trying to make every post for everyone လူတိုင်းအတွက်၊ လူကြိုက်များတဲ့ post တွေပဲ တင်မယ် ဆိုတာ မဖြစ်သင့် ပါဘူး။ ကိုယ့် fan တွေထဲက အမျိုးအစား တစ်စုလောက် အတွက်ပဲ အသုံးဝင်မယ် ဆိုရင်တောင် ဖော်ပြသင့် ပါတယ်။ ရေများတဲ့ နေရာမှာ မိုးထပ်ရွာပေး စရာ မလိုပါဘူး။

22.Leaving the shared link in your status. link တစ်ခုကို status မှာကူးချလိုက် ကတည်းက အဲ့လင့်ရဲ့ preview ကတက်လာပြီး သားပါ။ ဒီ link ကိုထပ်ဖော်ပြ စရာ မလိုတော့ ပါဘူး။ ဖျက်ပစ် လိုက်ပြီး ကိုယ်ပြောချင်တာ အစားထိုး ရေးလိုက်ပါ။

23.Not customizing the headline and abstract when you share a link link preview မှာ headline ကိုနှိပ်ပြီး text ကို customize လုပ်လို့ ရပါတယ်။

24. Leaving a random image in the link preview link preview မှာသူ့ random ကျလာမယ့် ပုံကို သုံးမယ့်အစား ပိုသင့်တော်တဲ့ ပုံကို ဘယ်၊ညာ ရွေ့ပြီး ရွေးလို့ ရပါတယ်။

25. Leaving up a post with a typo typo error တွေရှိနိုင်တာကြောင့် တင်ပြီးတာနဲ့ ပြန်စစ် သင့်ပါတယ်။
မြ၀တီ ,  Rangonnewsdaily
RND:  :25.5.2013

0 comments:

Post a Comment