Pages

Saturday, May 25, 2013

၂၀၁၃ ရဲ့ မုတ်သုံအ၀င် မြန်မာနိုင်ငံရာသီဥတုအခြေအနေ


၂၀၁၃ ရဲ့ မုတ်သုံအ၀င် ၂၅-၅-၂၀၁၃ ရက်။
ည ၇း၂၅ နာရီ။ ခေတ္တ စင်္ကာပူ။

(၂၅-၅-၂၀၁၃)ရက်နေ့မှာတော့ ဘင်္ဂလားပင်လယ်အော်ထဲမှာ မုတ်သုံလေအခြေအနေ ဟာ ပြန်တက် လာ
ပါတယ်။ ဘင်္ဂလားပင်လယ်အော်ထဲမှာ လေတိုက်နှုန်းက တစ်နာရီ မိုင်(၄၀)လောက်ရှိနေပါတယ်။ နာဆာ
(NASA)ကောင်းကင်ဂြိုဟ်တုကတိုင်းတဲ့ဘင်္ဂလားပင်လယ်အော်ထဲက ရေလှိုင်းအမြင့်တွေက (၁၀)ပေ
လောက်အထိ ရှိနေပါတယ်။ လှို်င်းကြီးနေပါတယ်။ အထူးသဖြင့် ရခိုင်ကမ်းလွန်ဒေသ မှာ ပိုဆိုးနေပါတယ်။ တကယ်တော့ မြန်မာ့ပင်လယ်ပြင်တစ်ခုလုံးမျာ လှိုင်းအမြင့် (၅)ပေရဲ့အထက်မှာ ရှိနေတာ မို့ ရေလုပ်သား
တွေ အနေနဲ့ အထူးသတိထားဖို့ လိုပါလိမ့်မယ်။

မုတ်သုံကတော့ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းအထိ ၀င်သွားခဲ့ပါပြီ။ ဒါကြောင့် ဒီနှစ်အတွက် ဘင်္ဂလား
ပင်လယ်အော်တစ်ခုလုံး မုတ်သုံဝင်ပြီလို့ သတ်မှတ်လို့ ရပါပြီ။ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း ၀င်ရင် တစ်ချိန်တည်းလိုဘဲ မြန်မာနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်၊ မြန်မာနိုင်ငံအလယ်ပိုင်းဒေသ နဲ့ ရှမ်းပြည်နယ်တို့
ကိုလည်း ၀င်ပြီလို့သတ်မှတ်ရပါတယ်။ဒါပေမယ့်မိုးရွာသွန်းမှုကိုကြည့်တော့ (၂၄)နာရီအတွင်း မိုးရေချိန် (၁)
လက်မခွဲကျော်တာ ရခိုင်ပြည်နယ် နဲ့ကချင်ပြည်နယ်၊ နဲ့စစ်ကိုင်းတိုင်းအထက်ပိုငးတွေမှာဘဲရှိခဲ့တယ်။ မြန်
မာနိုင်ငံအလယ်ပိုင်း နှဲ့ရှမ်းပြည်နယ်မှာ မရှိခဲ့တာကို နာဆာဂြိုဟ်တုက တိုင်းထွာချက်အရ သိရပါတယ်။ ရွာ
ရင်လည်း ပမာဏ နည်းပါလိမ့်ဦးမယ်။

အလယ်ပိုင်းဒေသကတော့ ခက်တယ်။မုတ်သုံအ၀င်မှာမှ မိုးကောင်းကောင်းမရရင် အလယ်ပိုင်းဒေသအဖို့ မိုးရဖို့ အခွင့်အရေးတစ်ခု ဆုံးရှုံးရတာပါဘဲ။ စောင့်ကြည့်ရပါဦးမယ်။

ဒေါက်တာထွန်းလွင် (MCCW)
Rangonnewsdaily
RND:  :25.5.2013

0 comments:

Post a Comment