Pages

Saturday, May 25, 2013

ယနေ့ နံနက်ပိုင်းက နေပြည်တော် ရန်ကုန် အမြန်လမ်း၌ ခရီးသည်တင်ယာဉ်တစ်စီးတိမ်းမှောက် ၊ သံဃာတော် ၁ ပါး အပါအ၀င် ၁၁ ဦးတိမ်းပါး


ရန်ကုန်၊မေ ၂၅
ယနေ့နံနက်ပိုင်းတွင်မန်းရွှေမြို့တော်ခရီးသည်တင်ယာဉ်လိုင်းမှခရီးသည်တင်ကားတစ်စီးသည် ရန်ကုန်
-နေပြည်တော်အမြန်လမ်း ၁၂၅ မိုင် ၄ ဖာလုံတွင် အရှိန်လွန် တိမ်းမှောက်ခဲ့ရာ ခရီးသည် ၁၁ ဦး အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့ကြောင်း ၁၁၅ မိုင် ဖြူး ရဲစခန်းမှ ရဲအုပ် ၀င်းထွန်းအောင်ကပြောသည်။ အဆိုပါခရီးသည်တင်ယာဉ်သည်ရန်ကုန်မှမန္တလေးသို့ထွက်ခွာလာခြင်းဖြစ်ပြီးခရီးသည်၂၆ ဦးစီးနှင်းလိုက်ပါ
ကြောင်းသိရသည်။ယာဉ်တိမ်းမှောက်မှုကြောင့်သေဆုံးသူ၁၁ဦးတွင်သံဃာတော်တစ်ပါး ပါဝင်ကာထိခိုက်
ဒဏ်ရာရသူများထဲတွင် နိုင်ငံခြားသားခရီးသည် တစ်ဦးပါ ပါဝင်ခဲ့ကြောင်း အခင်းဖြစ်ပွားရာသို့ ရောက်ရှိခဲ့သူ ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်နေ ဦးကျော်မိုးအောင်ကပြောသည်။

" ကားကတော့ တော်တော် ကြီးပျက်စီးသွားတယ် ၊ရစရာတောင်မရှိသလောက်ပဲ" ဟု၎င်းကပြောသည်။

လက်ရှိတွင် ထိခိုက်ဒါဏ်ရာ ရသူများအား ဖြူးဆေးရုံသို့ အရေးပေါ် ပို့ဆောင်၍ ကုသနေ ကြောင်းရဲအုပ် ၀င်းထွန်းအောင်၏ ပြောကြားချက်အရ သိရသည်။ 
 
Popular Myanmar ,  Rangonnewsdaily
RND:  :25.5.2013

0 comments:

Post a Comment