Pages

Saturday, May 25, 2013

ကျပ် ၁၅၀၀ တန်ဖုန်းကတ်များ ကျပ်ခြောက်သောင်းကျော်ထိ ပေါက်ဈေးရှိနေ

ကျပ် ၁၅၀၀ တန်ဖုန်းကတ်များ ပြင်ပဈေးကွက်တွင် ကျပ်ခြောက်သောင်းကျော်ထိ ပေါက်ဈေးရှိနေပြီး ၀ယ်ယူရန် လိုက်လံစုံစမ်းသူ များပြားနေကြောင်း သိရသည်။

''CDMA 800 MHz ကတ်တွေက လက်ထဲမှာတော့ မရှိပါဘူး။ မဲပေါက်တဲ့ သူတွေဆီက လိုက်ဝယ်ဖို့ဆိုတာ မလွယ်ဘူးလေ။ လသာလမ်းက ဆိုင်တချို့မှာတော့ ရောင်းတယ်။ နယ်ကတ်ဆိုရင် ကျပ်ငါးသောင်းကျော် ပေါက်ဈေးရှိပြီး ရန်ကုန်ကတ် ဆိုရင်တော့ ကျပ်ခြောက်သောင်းကျော်လောက် ဈေးနှုန်းရှိပါတယ်'' ဟု ဖုန်းပွဲစား တစ်ဦးက ပြောပြသည်။

''ဆိုင်မှာတော့ မရောင်းပါဘူး။ ပေါက်ဈေးက ကျပ်သုံးသောင်း၊ ကျပ်လေးသောင်း၊ ကျပ်ခုနစ်သောင်း အမျိုးမျိုးပဲလို့ ကြားတယ်။ ဟန်းဆက်အနေနဲ့ကတော့ အရောင်းအေးပါတယ်။ အရင်တစ်ခေါက်တုန်းက မဲနှိုက်ပြီးတဲ့ အချိန်မှာ တစ်ရက်ကို အလုံးရေ ရာချီရောင်းရပေမယ့် ဒီတစ်ခေါက်မှာတော့ တစ်ရက်ကို အလုံးရေ ၅၀ ၀န်းကျင်လောက်ပဲ ရောင်းရတယ်'' ဟု BestOne မိုဘိုင်းဖုန်းဆိုင်မှ တာဝန်ရှိသူက ပြောသည်။

''အပြင်ဈေးကွက်ထဲ ကတ်က သိပ်ရောက်မလာပါဘူး။ ၀ယ်ချင်လို့ လာမေးတဲ့ သူတွေတော့ရှိတယ်။ ဟန်းဆက်က သိပ်မရောင်းရသေးဘူး။ မဲနှိုက်တဲ့ ရပ်ကွက်တွေ မစုံသေးလို့ ထင်တယ်။ ကျပ် ၁၅၀၀ တန်ဖုန်းမှာ ဟန်းဆက်ကောင်းကောင်း သုံးကြတဲ့သူတွေလည်း မနည်းပါဘူး။ လူငယ် လူလတ်ပိုင်းတွေက Touchscreen နဲ့ ဟန်းဆက်ကောင်းကောင်း သုံးကြတယ်'' ဟု Do CoMo ဖုန်းဆိုင်မှ တာဝန်ရှိသူက ဆိုသည်။

ယင်းဖုန်းကတ်များမှာ ပြင်ပဈေးကွက်တွင် ဆိုင်တိုင်း၌ မရနိုင်ဘဲ ဆိုင်အချို့သာ ရောင်းချခြင်းဖြစ်ပြီး လာရောက် ၀ယ်ယူကြသူများမှာ မဲမပေါက်သူများ၊ မဲနှိုက်ရန် အချိန်မပေးလိုသူများ ဖြစ်ကြောင်း သိရသည်။ ယင်းဖုန်းကတ်များကို ၀ယ်ယူလို၍ ပြင်ပဖုန်း အရောင်းဆိုင်များတွင် လိုက်လံစုံစမ်းမေးမြန်းသူ များပြားနေကြောင်းလည်း သိရသည်။

Eleven Media Group

Saturday, May 25, 2013
ကျပ် ၁၅၀၀ တန်ဖုန်းကတ်များ ပြင်ပဈေးကွက်တွင် ကျပ်ခြောက်သောင်းကျော်ထိ ပေါက်ဈေးရှိနေပြီး ၀ယ်ယူရန် လိုက်လံစုံစမ်းသူ များပြားနေကြောင်း သိရသည်။ ''CDMA 800 MHz ကတ်တွေက လက်ထဲမှာတော့ မရှိပါဘူး။ မဲပေါက်တဲ့ သူတွေဆီက လိုက်ဝယ်ဖို့ဆိုတာ မလွယ်ဘူးလေ။လသာလမ်းကဆိုင်တချို့မှာတော့ရောင်းတယ်။နယ်ကတ်ဆိုရင်ကျပ်ငါးသောင်းကျော် ပေါက်
ဈေးရှိပြီး ရန်ကုန်ကတ် ဆိုရင်တော့ ကျပ်ခြောက်သောင်းကျော်လောက် ဈေးနှုန်းရှိပါတယ်'' ဟု ဖုန်းပွဲစား တစ်ဦးက ပြောပြသည်။

''ဆိုင်မှာတော့ မရောင်းပါဘူး။ ပေါက်ဈေးက ကျပ်သုံးသောင်း၊ ကျပ်လေးသောင်း၊ ကျပ်ခုနစ်သောင်း အမျိုးမျိုးပဲလို့ ကြားတယ်။ ဟန်းဆက်အနေနဲ့ကတော့ အရောင်းအေးပါတယ်။ အရင်တစ်ခေါက်တုန်းက မဲနှိုက်ပြီးတဲ့ အချိန်မှာ တစ်ရက်ကို အလုံးရေ ရာချီရောင်းရပေမယ့် ဒီတစ်ခေါက်မှာတော့ တစ်ရက်ကို အလုံးရေ ၅၀ ၀န်းကျင်လောက်ပဲ ရောင်းရတယ်'' ဟု BestOne မိုဘိုင်းဖုန်းဆိုင်မှ တာဝန်ရှိသူက ပြောသည်။

''အပြင်ဈေးကွက်ထဲ ကတ်က သိပ်ရောက်မလာပါဘူး။ ၀ယ်ချင်လို့ လာမေးတဲ့ သူတွေတော့ရှိတယ်။ ဟန်းဆက်က သိပ်မရောင်းရသေးဘူး။ မဲနှိုက်တဲ့ ရပ်ကွက်တွေ မစုံသေးလို့ ထင်တယ်။ ကျပ် ၁၅၀၀ တန်ဖုန်းမှာ ဟန်းဆက်ကောင်းကောင်း သုံးကြတဲ့သူတွေလည်း မနည်းပါဘူး။ လူငယ် လူလတ်ပိုင်းတွေက Touchscreen နဲ့ ဟန်းဆက်ကောင်းကောင်း သုံးကြတယ်'' ဟု Do CoMo ဖုန်းဆိုင်မှ တာဝန်ရှိသူက ဆိုသည်။

ယင်းဖုန်းကတ်များမှာ ပြင်ပဈေးကွက်တွင် ဆိုင်တိုင်း၌ မရနိုင်ဘဲ ဆိုင်အချို့သာ ရောင်းချခြင်းဖြစ်ပြီး လာရောက် ၀ယ်ယူကြသူများမှာ မဲမပေါက်သူများ၊ မဲနှိုက်ရန် အချိန်မပေးလိုသူများ ဖြစ်ကြောင်း သိရသည်။ ယင်းဖုန်းကတ်များကို ၀ယ်ယူလို၍ ပြင်ပဖုန်း အရောင်းဆိုင်များတွင် လိုက်လံစုံစမ်းမေးမြန်းသူ များပြားနေကြောင်းလည်း သိရသည်။

Eleven Media Group ,Rangonnewsdaily
RND:  :25.5.2013

0 comments:

Post a Comment