Pages

Saturday, May 11, 2013

ဧက၂၀ ကျော်ရှိ အစိုးရပိုင်မြေ နှစ်၇၀BOTစနစ်ဖြင့်ထူးနှင့် ထိုင်းကုမ္ပဏီလုပ်ကိုင်ခွင့်ရရှိ

ဧက၂၀ ကျော်ရှိ အစိုးရပိုင်မြေ နှစ်၇၀BOTစနစ်ဖြင့်ထူးနှင့် ထိုင်းကုမ္ပဏီလုပ်ကိုင်ခွင့်ရရှိ

ပြည်ထောင်စုရိပ်သာ စီမံကိန်း ဖော်ဆောင်ရန် ပြည်လမ်း နှင့် ပြည်ထောင်စုရိပ် သာလမ်းထောင့်ရှိ ဧက ၂၀ ကျော် ကျယ်ဝန်းသော အစိုးရ ပိုင် မြေနေရာ အား နှစ် ၇၀ BOT စနစ်ဖြင့် ထူး ကုမ္ပဏီ အုပ်စု နှင့် ထိုင်း ကုမ္ပဏီ ဖြစ်သော SIAM STEEL GROUP တို့အကျိုးတူ ပူးပေါင်း လုပ်ကိုင်ခွင့် ရရှိခဲ့သည်။

BOT စနစ်ဖြင့် လုပ်ကိုင်မည့် ၄င်းစီမံကိန်း တွင် ကြယ်လေးပွင့်အဆင့်ရှိ ၇ ထပ် ဟိုတယ် ၊ Office Tower ( ၈ ) ထပ် အဆောက်အဦး ၂ လုံး ၊ Shopping Mall ( ၅ )ထပ် အဆောက်အဦး ၊ Service Apartment ( ၈ ) ထပ် နှင့် Shop House ( ၈ )ထပ်ပါ အဆောက်အဦးတို့ ပါဝင်မည်ဖြစ်သည်။

အဆိုပါစီမံကိန်းကို ၂ နှစ်အတွင်း အပြီးဆောက်လုပ်ရန် လျာထားပြီး ဟိုတယ်ကို တစ်နှစ်အတွင်း အပြီးဆောက်လုပ်သွားမည်ဖြစ်ကြောင်း ထူးကုမ္ပဏီ မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံကို လာရောက်မည့် ခရီးသွားဧည့်များပြားလာခြင်း ကြောင့် လိုအပ်နေသော ဟိုတယ်အခန်း များကို ဖြည့်တင်း နိုင်ရန် ဟိုတယ်ကို ဦးစားပေးအဖြစ် အရင် ဆောက်လုပ်ရခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။

ပြည်ထောင်စုရိပ်သာ စီမံကိန်း ဖော်ဆောင်မည့် ၂၁ ဒဿမ ကိုး ဧကရှိ အဆိုပါနေရာသည် ယခင်က စစ်တပ်ပိုင် မြေနေရာဖြစ်ပြီး ထူးဆောက်လုပ်ရေး ကုမ္ပဏီ သည် MIC ၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ရရှိထားခြင်း ဖြစ်ကြောင်း ယင်းနေရာ ရှိ အဆောက်အဦးဟောင်း များကို ဖျက်ပြီး အသစ်ပြန်လည် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
ဦးတေဇနှင့်သားများကိုတွေ့ရစဉ်
ပြည်ထောင်စုရိပ်သာ စီမံကိန်း ဖော်ဆောင်ရန် ပြည်လမ်း နှင့် ပြည်ထောင်စုရိပ် သာလမ်းထောင့်ရှိ ဧက ၂၀
ကျော်ကျယ်ဝန်းသောအစိုးရပိုင် မြေနေရာ အား နှစ် ၇၀ BOT စနစ်ဖြင့် ထူး ကုမ္ပဏီ အုပ်စု နှင့် ထိုင်း ကုမ္ပဏီ
 ဖြစ်သော SIAM STEEL GROUP တို့အကျိုးတူ ပူးပေါင်း လုပ်ကိုင်ခွင့် ရရှိခဲ့သည်။ BOT စနစ်ဖြင့် လုပ်ကိုင်မည့် ၄င်းစီမံကိန်း တွင် ကြယ်လေးပွင့်အဆင့်ရှိ ၇ ထပ် ဟိုတယ် ၊ Office Tower ( ၈ ) ထပ် အဆောက်အဦး ၂ လုံး ၊ Shopping Mall ( ၅ )ထပ် အဆောက်အဦး ၊ Service Apartment ( ၈ ) ထပ် နှင့် Shop House ( ၈ )ထပ်ပါ အဆောက်အဦးတို့ ပါဝင်မည်ဖြစ်သည်။

အဆိုပါစီမံကိန်းကို၂ နှစ်အတွင်းအပြီးဆောက်လုပ်ရန်လျာထားပြီးဟိုတယ်ကို တစ်နှစ်အတွင်း အပြီးဆောက်
လုပ်သွားမည်ဖြစ်ကြောင်း ထူးကုမ္ပဏီ မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံကို လာရောက်မည့် ခရီးသွားဧည့်များပြားလာခြင်း ကြောင့် လိုအပ်နေသော ဟိုတယ်အခန်း များ
ကို ဖြည့်တင်း နိုင်ရန် ဟိုတယ်ကို ဦးစားပေးအဖြစ် အရင် ဆောက်လုပ်ရခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။

ပြည်ထောင်စုရိပ်သာ စီမံကိန်း ဖော်ဆောင်မည့် ၂၁ ဒဿမကိုးဧကရှိ အဆိုပါနေရာသည် ယခင်က စစ်တပ်
ပိုင် မြေနေရာဖြစ်ပြီးထူးဆောက်လုပ်ရေးကုမ္ပဏီ သည် MIC ၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ရရှိထားခြင်း ဖြစ်
ကြောင်း ယင်းနေရာ ရှိ အဆောက်အဦးဟောင်း များကို ဖျက်ပြီး အသစ်ပြန်လည်တည်ဆောက်မည်ဖြစ်
ကြောင်း သိရသည်။
 
မြ၀တီ , Rangonnewsdaily
RND:  :11.5.2013 

0 comments:

Post a Comment