Pages

Saturday, May 11, 2013

ဆိုက်ကလုန်း မုန်တိုင်း “၀မ်း”မုန်တိုင်းလမ်းကြောင်း မြောက်ဘက်သို့ အနည်းငယ်ပြောင်း

မုန်တိုင်းလမ်းကြောင်း မြောက်ဘက်သို့ အနည်းငယ်ပြောင်း

Cyclone Forecast on 11-May-2013 by Joint Typhoon Warning Center (JTWC)
Data from http://www.usno.navy.mil/JTWC/

http://www.thithtoolwin.com/2013/05/tropical-cyclone-01b-alert-h.html#.UYz-8aLHRUY

Magenta - Storm Track
Red - Error Swath
40knots - 46.03 mph
45knots - 51.78 mph
55knots - 63.29 mph
65knots - 74.80 mph
80knots - 92.06 mph
90knots - 103.57 mph

မုန်တိုင်းအဆင့် သတ်မှတ်ချက် အဆင့် (၂) ရှိပြီး၊ “၀မ်း” လို့ အမည်ရတဲ့ ဆိုက်ကလုန်း မုန်တိုင်းဟာ လေဖိ
အားနည်းရပ်ဝန်း အဖြစ်ကနေ တဖြည်းဖြည်း အားကောင်းလာပြီးတော့ ဗမာပြေ ရခိုင်ကမ်းရိုးတန်း ဒေသ
ဘက်ကို ဦးတည်ပြီး ရွေ့လျားနေပါတယ်။ Tropical Storm Risk ရဲ့ ခန့်မှန်း သုံးသပ်ချက်အရ ဆိုရင်တော့ ဂရင်းနစ် စံတော်ချိန် မေလ (၁၄) ရက် ၁၉ နာ
ရီ၊ မြန်မာစံတော်ချိန် မေလ (၁၅) ရက်နေ့ နံနက် (၁) နာရီခွဲ အချိန်ခန့်မှာတော့ ရခိုင်ပြည်နယ် ဘူးသီးတောင်
၊ မောင်တော၊ မင်းပြား၊ ပေါက်တော မြို့နယ် (အရင်ဂီရိမုန်တိုင်းတိုက်ခတ်တဲ့ မြို့နယ်တစ်ဝိုက်)ကို ဖြတ်သန်း
တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။ 
 
မုန်တိုင်းရဲ့သဘာဝအရမုန်တိုင်း လမ်းကြောင်း အမျိုးမျိုး ပြောင်းလဲ သွားနိုင်တယ် ဆိုပေမယ့် သတိနဲ့ထားပြီး
နေထိုင်ကြဖို့ လိုပါတယ်။ တစ်နာရီကို ၁၀၃ မိုင်နှူန်းနဲ့ တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားတဲ့ အတွက် မုန်
တိုင်း တိုက်ခတ်ချိန်မှာ

၁။ ထူးကဲဒီရေ အမြင့် ၆ ပေ မှ ၈ ပေ ခန့် အထိ မြင့်တက်နိုင်ပါတယ်။
၂။ အိမ် အမိုးအကာတွေ ပြုတ်ထွက် လွင့်စဉ် သွားနိုင်သလို မတောင့်တင်းတဲ့ နေအိမ်ငယ်တွေ ပြိုလဲ တဲ့ အထိ ဖြစ်နိုင်ပါတယ်။
၃။ ဓာတ်တိုင်၊ သစ်ပင် အစရှိတာတွေ လဲပြိုကျနိုင်ပါတယ်။

ကမ်းရိုးတန်းဒေသတွေမှာတော့ ခန့်မှန်းမုန်တိုင်းဖြတ်သန်းချိန်ထက် ၁ နာရီ ဒါမှမဟုတ် ၂ နာရီ အထိ စောပြီး တိုက်ခတ်နိုင်ပါတယ်။

မုန်တိုင်းနဲ့ ပက်သက်တဲ့ သတင်းတွေကို Tropical Storm Risk ရဲ့ Website ဖြစ်တဲ့ http://www.tropicalstormrisk.com/

မှာ မျက်ခြည် မပြတ် စောင့်ကြည်နိုင်ပါတယ်။

မုန်တိုင်း တိုက်ခတ်ချိန်နဲ့ မုန်တိုင်း ပြီးဆုံးချိန်မှာ ဆောင်ရန် ရှောင်ရန် ကိစ္စတွေကို ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်ရဲ့ Website ဖြစ်တဲ့ http://www.mm.undp.org/DRR.html

ကနေ Download လုပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

Direct Download

မုန်တိုင်းပညာပေးစာစောင် - မြန်မာဘာသာ

http://www.mm.undp.org/UNDP_Publication_PDF/Posters%20newsletters/DRR/DRR_Preparation%20for%20Cyclone_MMR.pdf

ဆိုက်ကလုန်းမုန်တိုင်းပညာပေးစာစောင် - မြန်မာဘာသာ

http://www.mm.undp.org/UNDP_Publication_PDF/Posters%20newsletters/DRR/DRR_Early%20Warning%20for%20Cyclone_MMR.pdf

ဆူနာမီပညာပေးစာစောင် - မြန်မာဘာသာ
http://www.mm.undp.org/UNDP_Publication_PDF/Posters%20newsletters/DRR/DRR_Tsunami_MMR.pdf
 
 
Cyclone Forecast on 11-May-2013 by Joint Typhoon Warning Center (JTWC)
Data from http://www.usno.navy.mil/JTWC/

Magenta - Storm Track
Red - Error Swath
40knots - 46.03 mph
45knots - 51.78 mph
55knots - 63.29 mph
65knots - 74.80 mph
80knots - 92.06 mph
90knots - 103.57 mph
 
Rangonnewsdaily
RND:  :11.5.2013 

0 comments:

Post a Comment