Pages

Saturday, May 11, 2013

နိုင်ငံရေးအကျဉ်းသားဟောင်း ၁၅၀၀ ကို သတိပေး အချက်ပြလိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်

ဘာလဲဟဲ့ လွတ်ငြိမ်းသက်သာ (Naing Kyaw)

ဘာလဲဟဲ့ လွတ်ငြိမ်းသက်သာ

နိုင်ကျော်၊ မေ ၁၁၊ ၂၀၁၃

လွတ်ငြိမ်းသက်သာ၊ လွတ်ငြိမ်းချမ်းသာဆိုတဲ့ အမိန့်တွေနဲ့ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁) အရ န၀တ၊ နအဖ၊ ဒီဖက်ခေတ် သမ္မတ ဦးသိန်းစိန်ခေတ်မှာ အလီလီစိတ်ပြီး လွှတ်ပေးခဲ့တာကိုတွေ့ရတယ်။ န၀တ၊ နအဖ ခေတ်မှာ ၁၄ ကြိမ်၊ သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ၉ ကြိမ်ခွဲပြီး လွှတ်ပေးခဲ့တယ်။ အကျဉ်းသားပေါင်း ၁၂၉ ၉၅၃ လွှတ်ပေးရာမှာ နိုင်ငံရေးအကျဉ်းသား ၁၅၀၀ နီးပါး ပါဝင်ခဲ့ပါတယ်။ ဒီလွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးဟာ နှောင်ကြိုးနဲ့ လွတ်မြောက်ခဲ့ရတာပါ။ ကြိုးရှည်ရှည်နဲ့ လှန်ထားတဲ့သဘောပါပဲ။ ပထမတော့ လွတ်ရက်မစေ့တဲ့လူတွေကို ဒီလို ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ အပိုဒ် ၁ နဲ့သာ လွှတ်လို့ရနိုင်မယ်ဆိုတဲ့ အကြောင်းပြချက်တွေ ပေးခဲ့ပါတယ်။ အခုတော့ ၄၀၁ အပိုဒ် ၃ နဲ့ ကြွင်းကျန် ပြစ်ဒဏ်ကို ပေးလိုက်ပါပြီ။ ဆိုတော့ ဒီလွတ်ငြိမ်းသက်သာခွင့်များဟာ အိမ်ပြန်ခွင့် ပြုလိုက်တာပါ။ အချိန်မရွေးပြန်လာခေါ်မယ်ဆိုတာကို ဒီ ပုဒ်မ ၄၀၁ နဲ့ သတိပေးထားတာ ဖြစ်ပါတယ်။

ဒီလွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်လာတဲ့ ၁၅၀၀ လောက်မှာ အများစုဟာ လက်ရှိ နိုင်ငံရေး၊ လူမှုရေး လုပ်ငန်းတွေမှာ ပါဝင်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။ လွတ်တော်တွေထဲမှာ၊ ပါတီတွေထဲမှာ၊ ပညာရှင်တွေထဲမှာ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေထဲမှာ သူတို့တတွေ ဖိဖိစီးစီး လုပ်ဆောင်နေကြတာပါ။ သူတို့ဟာ တိုင်းကျိုး၊ ပြည်ကျိုးအတွက် ဘ၀တွေကို ပေးဆပ်ပြီး တစိုက်မတ်မတ်လုပ်ဆောင်နေသူတွေပါ။ အဲဒီထဲမှာ ဗိုလ်ကြီးဟောင်း နေမျိုးဇင်လည်း တဦးအပါအ၀င်ပါ။ လောလောဆယ် နောက်ကြောင်းပြန်သက်ရောက်စေတဲ့ ပုဒ်မ ၄၀၁ နဲ့ ကြွင်းကျန် ထောင်ဒဏ် ၆ နှစ် ချမှတ်ခြင်းခံလိုက်ရပါပြီ။ ဒါဟာ နိုင်ငံရေး၊ လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ၁၅၀၀ ကို သတိပေး အချက်ပြလိုက်တဲ့ သဘောပါ။ အရပ်စကားနဲ့ပြောရရင်တော့ နားရွက်တံတွေးဆွတ် လိုက်တာပါပဲ။

သာမန်ရာဇ၀တ်သားတွေ၊ သူခိုး၊ ဓမြ၊ လူသတ်၊ မုဒိန်း၊ မူးယစ်ရာဇာတွေကိုတော့ ဒီ ၄၀၁ ဆိုတဲ့ ပုဒ်မနဲ့ ပြန်ပြီး ထောင်ချတာ မကြားမိပါဘူး။ ဒီ တသိန်း နှစ်သောင်းကျော်တဲ့ ရာဇ၀တ်သားတွေကပဲ တကယ့် နိုင်ငံတော်ရဲ့ မေတ္တာ၊ စေတနာတွေကို နားလည်ပြီး နိုင်ငံတော်တည်ဆောက်ရေးမှာ တဖက်တလမ်းက အထောက်အပံ့ဖြစ်စေတဲ့ လုပ်ငန်းတွေ လုပ်ဆောင်နေတာလား။ မေးခွန်းထုတ်စရာပါပဲ။ ကျနော်သိရသလောက် ဒီရာဇ၀တ်သား တသိန်းနှစ်သောင်းကျော်မှာ သုံးပုံ တပုံလောက်ဟာ ရာဇ၀တ်မှု အမျိုးမျိုးနဲ့ အကျဉ်းထောင်ထဲကို ပြန်ဝင်ခဲ့ကြတာပါ။ ဒါပေမယ့် ယခင်ကျခံခဲ့တဲ့ ပြစ်ဒဏ်ကို သူတို့မခံစားရပါဘူး။

ဒီတော့ နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံတော်၏ မေတ္တာ၊ စေတနာ နဲ့ လွှတ်ပေးတယ်ဆိုတာကို ယုံရခက်ကြီး လို့ပဲ ပြောရတော့မှာပါ။

တဖက်မှာ ဒီလို နှောင်ကြိုးတွေ၊ ကြွေးကျန်တွေ ပြောနေချိန်မှာ ဖွဲ့စည်းပုံအခြေခံမူကြမ်းမှာတော့ ၄၄၅ ဆိုတဲ့ ပုဒ်မကို အတည်ပြုထားတာကို တွေ့ရပါတယ်။ ဒါက န၀တ၊ နအဖ တို့ရဲ့ လုပ်ဆောင်ချက်များအပေါ် တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရ ဆိုတာပါ။

____

အောက်က နှိုင်းယှဉ်ဇယားကိုကြည့်ပါ။

ပြစ်ဒဏ်များကို ဆိုင်းငံ့ထားခြင်း၊ လွတ်ငြိမ်းသက်သာခွင့် ပေးခြင်း နှင့် လျှော့ပေါ့ပြောင်းလဲခြင်း။

ပုဒ်မ ၄၀၁ အပိုဒ်ခွဲ ၃


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

ပုဒ်မ ၄၄၅

ပြစ်ဒဏ်တစ်ရပ်ကို ဆိုင်းငံ့ထားရန်၊ သို့မဟုတ် လွတ်ငြိမ်းသက်သာခွင့်ပေးရန် ထားရှိသည့် စည်းကမ်းချက် တစ်စုံတစ်ရာနှင့် ပြည့်စုံခြင်းမရှိဟု နိုင်ငံတော် သမ္မတက သဘောရရှိလျှင် နိုင်ငံတော်သမ္မတသည် ဆိုင်းငံ့ထားသည့် အမိန့်၊ သို့မဟုတ် လွတ်ငြိမ်းသက်သာခွင့် ပေးသည့် အမိန့်ကို ဖျက်သိမ်းနိုင်သည်။ ယင်းကဲ့သို့ ဖျက်သိမ်း လိုက်သည့်အခါ ပြစ်ဒဏ်ကို ဆိုင်းငံ့ထားခြင်း၊ သို့မဟုတ် လွတ်ငြိမ်းသက်သာခွင့်ပေးခြင်းခံရသူသည် လွတ်နေပါက မည်သည့်ရဲအရာရှိကမဆို ၀ရမ်းမပါဘဲ ဖမ်းဆီးပြီး၊ ပြစ်ဒဏ် မစေ့မကုန်သေးသည့် ကျန်ရှိသေးသော ပြစ်ဒဏ်အပိုင်းကို ကျခံစေရန်အတွက် အကျဉ်းချထားခွင့်ရှိသည်။
______

ပြည်ထောင်စု မြန်မာနိုင်ငံ တော်သည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့နှင့် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီတို့၏ မူဝါဒလမ်းညွှန်မှုများ၊ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့် ပြန်တမ်းများ၊ ကြေငြာချက်များ ကိုလည်းကောင်း၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည် ဆောက်ရေး အဖွဲ့နှင့် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီတို့၏ ဆောင်ရွက်ချက်များ၊ တာဝန်များ နှင့် ရပိုင်ခွင့် များကို လည်းကောင်း ဆက်ခံသည်။ ယင်းအဖွဲ့ သို့မဟုတ် အဖွဲ့ဝင်တဦးဦး သို့မဟုတ် အစိုးရအဖွဲ့ဝင် တဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း အရေး ယူခြင်း မရှိစေရ။

ဒီလိုတဖက်စောင်းနင်း ဖြစ်စေတဲ့ ဥပဒေတွေကို ပြဌာန်းထားတာဟာ ကောင်းမွန်တဲ့အစိုးရ၊ သန့်ရှင်းတဲ့အစိုးရ ဖြစ်စေဖို့ ရည်ရွယ်တာလို့ ပြောပါတယ်။ တဖက်မှာတော့ သင်ပုန်းချေရမယ်ဆိုတဲ့ ဥပဒေ၊ တခြားတဖက်မှာ စိတ်အခန့်မသင့်ရင် အချိန်မရွေးပြန်ဖမ်းပြီး ထောင်ပြန်ချမယ်ဆိုတဲ ဥပဒေ၊ ဒီ ဥပဒေ နှစ်ခုကြားမှာ တိုင်းကျိုး ပြည်ကျိုးထမ်းရွက်နေတဲ့ လူတွေအတွက် ချင့်ချိန်ရမယ့် အနေအထားဖြစ်မှာပါ။

တဖက်နဲ့တဖက် ယုံကြည်မှုတွေတည်ဆောက်နေချိန်၊ ငြိမ်းချမ်းရေးတွေ တည်ဆောက်နေချိန်မှာ သံသယဖြစ်စရာ ဥပဒေတွေကို ပြန်လည်သုံးသပ်ကြဖို့ လိုနေပါပြီ။ သက်ဆိုင်သူတွေအားလုံး သတိထားရမယ့် အရာတွေပါ။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်၊ လူ့အခွင့်အရေးတွေ လေးစားလိုက်နာမယ်၊ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးတွေလုပ်မယ်၊ ငြိမ်းချမ်းရေးတည်ကြဆောက်မယ်၊ အမျိုးသားရင်ကြားစေ့ရေးတွေ အားသွန်ခွန်စိုက်ကြိုးစားနေပါတယ်ဆိုတဲ့ ကြွေးကြော်သံတွေကို အကောင်အထည်ဖေါ်ဖို့ဆိုရင်တော့ ဒီနှောင်ကြိုးနဲ့ ချည်နှောင်ထားတဲ့ ဥပဒေတွေကို မဖြစ်မနေ ပယ်ဖျက်ပစ်လို့ လိုအပ်ကြောင်းပါ။

နိုင်ကျော်

မေလ ၁၀ ရက်၊ ၂၀၁၃ ခုနှစ်

မေ ၁၁၊ ၂၀၁၃

လွတ်ငြိမ်းသက်သာ၊ လွတ်ငြိမ်းချမ်းသာဆိုတဲ့ အမိန့်တွေနဲ့ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁) အရ န၀တ၊ နအဖ၊ ဒီဖက်ခေတ် သမ္မတ ဦးသိန်းစိန်ခေတ်မှာအလီလီစိတ်ပြီးလွှတ်ပေးခဲ့တာကိုတွေ့ရတယ်။ န၀တ၊ နအဖ ခေတ်

မှာ ၁၄ ကြိမ်၊ သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ၉ ကြိမ်ခွဲပြီး လွှတ်ပေးခဲ့တယ်။ အကျဉ်းသားပေါင်း ၁၂၉ ၉၅၃ လွှတ်ပေးရာမှာ နိုင်ငံရေးအကျဉ်းသား ၁၅၀၀ နီးပါး ပါဝင်ခဲ့ပါတယ်။ ဒီလွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်း
သားအားလုံးဟာ နှောင်ကြိုးနဲ့ လွတ်မြောက်ခဲ့ရတာပါ။ ကြိုးရှည်ရှည်နဲ့ လှန်ထားတဲ့သဘောပါပဲ။
ပထမတော့ လွတ်ရက်မစေ့တဲ့လူတွေကို ဒီလို ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ အပိုဒ် ၁ နဲ့သာ လွှတ်လို့ရနိုင်မယ်ဆို
တဲ့ အကြောင်းပြချက်တွေ ပေးခဲ့ပါတယ်။ အခုတော့ ၄၀၁ အပိုဒ် ၃ နဲ့ ကြွင်းကျန် ပြစ်ဒဏ်ကို ပေးလိုက်ပါပြီ။ ဆိုတော့ ဒီလွတ်ငြိမ်းသက်သာခွင့်များဟာ အိမ်ပြန်ခွင့် ပြုလိုက်တာပါ။ အချိန်မရွေးပြန်လာခေါ်မယ်ဆိုတာကို ဒီ ပုဒ်မ ၄၀၁ နဲ့ သတိပေးထားတာ ဖြစ်ပါတယ်။

ဒီလွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်လာတဲ့ ၁၅၀၀ လောက်မှာ အများစုဟာ လက်ရှိ နိုင်ငံရေး၊ လူမှုရေး လုပ်

ငန်းတွေမှာပါဝင်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။လွတ်တော်တွေထဲမှာ၊ ပါတီတွေထဲမှာ၊ ပညာရှင်တွေထဲမှာ
၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေထဲမှာ သူတို့တတွေ ဖိဖိစီးစီး လုပ်ဆောင်နေကြတာပါ။ သူတို့ဟာ တိုင်းကျိုး
၊ ပြည်ကျိုးအတွက် ဘ၀တွေကို ပေးဆပ်ပြီး တစိုက်မတ်မတ်လုပ်ဆောင်နေသူတွေပါ။ အဲဒီထဲမှာ ဗိုလ်ကြီး
ဟောင်း နေမျိုးဇင်လည်း တဦးအပါအ၀င်ပါ။ လောလောဆယ် နောက်ကြောင်းပြန်သက်ရောက်စေတဲ့ ပုဒ်မ ၄၀၁ နဲ့ ကြွင်းကျန် ထောင်ဒဏ် ၆ နှစ် ချမှတ်ခြင်းခံလိုက်ရပါပြီ။ ဒါဟာ နိုင်ငံရေး၊ လူမှုရေးလုပ်ငန်းတွေမှာ ပါ
ဝင်ဆောင်ရွက်နေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ၁၅၀၀ ကို သတိပေး အချက်ပြလိုက်တဲ့ သဘောပါ။ အ
ရပ်စကားနဲ့ပြောရရင်တော့ နားရွက်တံတွေးဆွတ် လိုက်တာပါပဲ။

သာမန်ရာဇ၀တ်သားတွေ၊ သူခိုး၊ ဓမြ၊ လူသတ်၊ မုဒိန်း၊ မူးယစ်ရာဇာတွေကိုတော့ ဒီ ၄၀၁ ဆိုတဲ့ပုဒ်မနဲ့ ပြန်ပြီး

ထောင်ချတာ မကြားမိပါဘူး။ ဒီ တသိန်း နှစ်သောင်းကျော်တဲ့ ရာဇ၀တ်သားတွေကပဲ တကယ့် နိုင်ငံတော်ရဲ့
မေတ္တာ၊ စေတနာတွေကို နားလည်ပြီး နိုင်ငံတော်တည်ဆောက်ရေးမှာ တဖက်တလမ်းက အထောက်အပံ့
ဖြစ်စေတဲ့ လုပ်ငန်းတွေလုပ်ဆောင်နေတာလား။ မေးခွန်းထုတ်စရာပါပဲ။ကျနော်သိရသလောက် ဒီရာဇ၀တ်
သား တသိန်းနှစ်သောင်းကျော်မှာ သုံးပုံ တပုံလောက်ဟာ ရာဇ၀တ်မှု အမျိုးမျိုးနဲ့ အကျဉ်းထောင်ထဲကို ပြန်
ဝင်ခဲ့ကြတာပါ။ ဒါပေမယ့် ယခင်ကျခံခဲ့တဲ့ ပြစ်ဒဏ်ကို သူတို့မခံစားရပါဘူး။

ဒီတော့ နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံတော်၏ မေတ္တာ၊ စေတနာ နဲ့ လွှတ်ပေးတယ်ဆိုတာကို ယုံရခက်

ကြီး လို့ပဲ ပြောရတော့မှာပါ။

တဖက်မှာ ဒီလို နှောင်ကြိုးတွေ၊ ကြွေးကျန်တွေ ပြောနေချိန်မှာ ဖွဲ့စည်းပုံအခြေခံမူကြမ်းမှာတော့ ၄၄၅ ဆိုတဲ့ ပုဒ်မကို အတည်ပြုထားတာကို တွေ့ရပါတယ်။ ဒါက န၀တ၊ နအဖ တို့ရဲ့ လုပ်ဆောင်ချက်များအပေါ် တရားစွဲ

ဆိုခြင်း၊ အရေးယူခြင်း မရှိစေရ ဆိုတာပါ။

ပြစ်ဒဏ်များကို ဆိုင်းငံ့ထားခြင်း၊ လွတ်ငြိမ်းသက်သာခွင့် ပေးခြင်း နှင့် လျှော့ပေါ့ပြောင်းလဲခြင်း

ပုဒ်မ ၄၀၁ အပိုဒ်ခွဲ ၃
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

ပုဒ်မ ၄၄၅

ပြစ်ဒဏ်တစ်ရပ်ကို ဆိုင်းငံ့ထားရန်၊ သို့မဟုတ် လွတ်ငြိမ်းသက်သာခွင့်ပေးရန် ထားရှိသည့် စည်းကမ်းချက် တစ်စုံတစ်ရာနှင့် ပြည့်စုံခြင်းမရှိဟု နိုင်ငံတော် သမ္မတက သဘောရရှိလျှင် နိုင်ငံတော်သမ္မတသည် ဆိုင်းငံ့

ထားသည့် အမိန့်၊သို့မဟုတ်လွတ်ငြိမ်းသက်သာခွင့် ပေးသည့် အမိန့်ကို ဖျက်သိမ်းနိုင်သည်။ ယင်းကဲ့သို့ ဖျက်
သိမ်း လိုက်သည့်အခါ ပြစ်ဒဏ်ကို ဆိုင်းငံ့ထားခြင်း၊ သို့မဟုတ် လွတ်ငြိမ်းသက်သာခွင့်ပေးခြင်းခံရသူသည် လွတ်နေပါကမည်သည့်ရဲအရာရှိကမဆိုဝရမ်းမပါဘဲ ဖမ်းဆီးပြီး၊ ပြစ်ဒဏ် မစေ့မကုန်သေးသည့် ကျန်ရှိသေး
သော ပြစ်ဒဏ်အပိုင်းကို ကျခံစေရန်အတွက် အကျဉ်းချထားခွင့်ရှိသည်။
 

 ပြည်ထောင်စု မြန်မာနိုင်ငံ တော်သည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော် အေး
ချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီတို့၏ မူဝါဒလမ်းညွှန်မှုများ၊ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ
အမိန့် ပြန်တမ်းများ၊ ကြေငြာချက်များ ကိုလည်းကောင်း၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည် ဆောက်ရေး အဖွဲ
့နှင့် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီတို့၏ ဆောင်ရွက်ချက်များ၊တာဝန်များ နှင့် ရပိုင်
ခွင့် များကိုလည်းကောင်း ဆက်ခံသည်။ ယင်းအဖွဲ့ သို့မဟုတ် အဖွဲ့ဝင်တဦးဦး သို့မဟုတ် အစိုးရအဖွဲ့ဝင် တဦး
ဦး၏တာဝန်အရ ဆောင်ရွက်ချက်များအပေါ်အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း အရေး ယူခြင်း
မရှိစေရ။

ဒီလိုတဖက်စောင်းနင်း ဖြစ်စေတဲ့ ဥပဒေတွေကို ပြဌာန်းထားတာဟာ ကောင်းမွန်တဲ့အစိုးရ၊ သန့်ရှင်းတဲ့အစိုး

ရ ဖြစ်စေဖို့ ရည်ရွယ်တာလို့ ပြောပါတယ်။ တဖက်မှာတော့ သင်ပုန်းချေရမယ်ဆိုတဲ့ ဥပဒေ၊ တခြားတဖက်မှာ စိတ်အခန့်မသင့်ရင် အချိန်မရွေးပြန်ဖမ်းပြီး ထောင်ပြန်ချမယ်ဆိုတဲဥပဒေ၊ ဒီ ဥပဒေ နှစ်ခုကြားမှာ တိုင်းကျိုး
ပြည်ကျိုးထမ်းရွက်နေတဲ့ လူတွေအတွက် ချင့်ချိန်ရမယ့် အနေအထားဖြစ်မှာပါ။

တဖက်နဲ့တဖက် ယုံကြည်မှုတွေတည်ဆောက်နေချိန်၊ ငြိမ်းချမ်းရေးတွေ တည်ဆောက်နေချိန်မှာသံသယဖြစ်

စရာ ဥပဒေတွေကို ပြန်လည်သုံးသပ်ကြဖို့ လိုနေပါပြီ။ သက်ဆိုင်သူတွေအားလုံး သတိထားရမယ့် အရာတွေ
ပါ။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်၊ လူ့အခွင့်အရေးတွေ လေးစားလိုက်နာမယ်၊ ဒီမိုကရေစီ ဖွံ့ဖြိုးတိုး

တက်ရေးတွေလုပ်မယ်၊ ငြိမ်းချမ်းရေးတည်ကြဆောက်မယ်၊အမျိုးသားရင်ကြားစေ့ရေးတွေအားသွန်ခွန်စိုက်
ကြိုးစားနေပါတယ်ဆိုတဲ့ ကြွေးကြော်သံတွေကိုအကောင်အထည်ဖေါ်ဖို့ဆိုရင်တော့ဒီနှောင်ကြိုးနဲ့ ချည်နှောင်
ထားတဲ့ ဥပဒေတွေကို မဖြစ်မနေ ပယ်ဖျက်ပစ်လို့ လိုအပ်ကြောင်းပါ။

နိုင်ကျော်

Rangonnewsdaily
RND:  :11.5.2013

0 comments:

Post a Comment