Pages

Sunday, May 5, 2013

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် မိုးကြိုးပစ်မှုကြောင့် ၃ ဦးသေဆုံး

၃-၅-၂၀၁၃ ရက်နေ့ ၀၉၃၀ အချိန်ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျောင်းတောင်ကျေးရွာအရှေ့ဘက်
လယ်ကွင်းတွင် ၎င်းကျေးရွာနေ အာဇီဇူဟောက်(၃၀)နှစ်နှင့် နေရူလာမိန်(၁၅) နှစ်တို့(၂)ဦး နွားကျောင်းနေ
စဉ် မိုးရွာပြီး လျှပ်စီးလက်၊ မိုးကြိုးပစ်ခြင်းကြောင့် ၎င်းတို့(၂)ဦးစလုံး သေဆုံးသွားခဲ့သည်
အလားတူ၁၄၀၀အချိန်ကလည်းမင်းပြားမြို့နယ်၊ ခေါင်းလောင်းကျေးရွာနေ ဒေါ်သိန်းလှဖြူ(၃၀)နှစ်နှင့် သား
ဖြစ်သူ ညီညီမင်း(၉)နှစ်တို့ သားအမိ(၂)ဦးသည် ရွာအနောက်ဘက် (၄)ဖာလုံခန့်အကွာရှိ တစ်ရွာတည်းနေ ဦးစိန်မောင်၏လယ်တဲတွင် အငှားစောင့်နေစဉ် သားဖြစ်သူ ညီညီမင်းမှာ မိုးကြိုးထိမှန်သေဆုံးခဲ့သည်။

ဖြစ်စဉ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာရဲစခန်းများမှ သေမှုသေခင်းဖွင့်လှစ်စစ်ဆေး ဆောင်ရွက်လျက်ရှိ

ကြောင်း သတင်းရရှိသည်။

ရဲဇာနည် , Rangonnewsdaily
RND:  :5.5.2013

0 comments:

Post a Comment