Pages

Sunday, May 5, 2013

အွန်လိုင်းအဝေးသင် ဥပဒေသင်တန်း တက်ရောက်သင်ကြားနေသူ ၁၀၀ ထဲတွင် နိုင်ငံတော် ဒုတိယသမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌတို့ ပါဝင်

Sunday, May 05 ,2013

အွန်လိုင်းအဝေးသင် ဥပဒေသင်တန်းအား တက်ရောက်သူဦးရေ ၁၀၀ ထဲတွင် နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် လွှတ်တော်ဥက္ကဋ္ဌတို့ပါ တက်ရောက်သင်ကြားလျက် ရှိကြောင်း တက္ကသိုလ် ဗဟိုကောင်စီ အစည်းအဝေးမှ သိရသည်။ အွန်လိုင်းအဝေးသင် ဥပဒေသင်တန်းကို ၂၀၁၂ ခုနှစ် နိုဝင်ဘာတွင် စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းတက်လိုသူ များပြားလျက်ရှိပြီး စိတ်ဝင်စားမှု များပြားလျက်ရှိကြောင်း ရန်ကုန်အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှတင့်က အဆိုပါ အစည်းအဝေးတွင် ပြောသည်။

"သင်တန်းကာလကတော့ ၁၀ လ သတ်မှတ်ထားပါတယ်။ ငါးလတစ်ကြိမ် စာမေးပွဲ စစ်ပါတယ်။ ပထမအသုတ် သင်တန်းမှာ လူဦးရေ ၆၀ တက်ရောက်ပါတယ်။ ဒုတိယ အသုတ်ကတော့ အခုနှစ် ဧပြီ ၁ ရက်က စပြီး သင်ကြားနေပါတယ်။ ဒုတိယအသုတ်မှာတော့ သင်တန်းသား ၁၀၁ ယောက် ရှိပါတယ်။ စိတ်ဝင်စားမှုကလည်း အရင်ထက် တိုးလာနေပါတယ်။ နောက်ပိုင်းကျရင်တော့ အင်တာနက်တွေလည်း ဒီထက်ကောင်းလာရင် သင်တန်းသား ပိုမိုလက်ခံသွားမှာပါ" ဟု ရန်ကုန်အဝေးသင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဦးလှတင့်က ပြောသည်။

အဆိုပါ သင်တန်းတွင် လက်တွေ့နယ်ပယ်၌ အသုံးဝင်သည့် ဥပဒေများကို ဦးစားပေး သင်ကြားလျက်ရှိပြီး သင်တန်းပြီးဆုံးပါက ဒီပလိုမာအောင်လက်မှတ် ချီးမြှင့်မည်ဖြစ်ကြောင်း၊ နောင်တွင် ဘွဲ့လက်မှတ်
ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ပြောင်းလဲလာသော နိုင်ငံရေး အခြေအနေများကြောင့် ဥပဒေပညာရပ်ကို လေ့လာသင်ယူလိုသူ များပြားလာနေသည်။
Eleven Media Group ,Rangonnewsdaily
RND:  :5.5.2013

0 comments:

Post a Comment