Pages

Sunday, May 5, 2013

သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ ရပ်ကွက်အား ပြန်လည်ရရှိရန် သိမ်းဆည်းခံထားရသူများက ယနေ့မနက်ပိုင်းကဆန္ဒဖော်ထုပ်


ရန်ကုန်၊ မေ ၅ သိမ်းဆည်းခံထားရသော သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ ရပ်ကွက်အား
 ပြန်လည်ရရှိရန် သိမ်းဆည်းခံရသူများကယနေ့နံနက်၈နာရီတွင် လေးဒေါင့်ကန်လမ်းမှ ဘောက်ထော်ပြည်
သာယာလမ်းအထိ စီတန်းလှည့် လည်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ``ကျွန်တော်တို့နေရာတွေကို ဥပဒေမဲ့ သိမ်း
ယူထားတဲ့အတွက် ဆန္ဒထုတ်ဖော်ကြတာပါ။ ဒီနေရာကို ပြန်မရမချင်း ဆန္ဒထုတ်ဖော်သွားမှာပါ။ လိုအပ်ရင် နေပြည်တော်အထိ သွားဖို့ရှိပါတယ်´´ဟု ဆန္ဒ
ထုတ်ဖော်မှုတာဝန်ခံ ဦးစိန်သန်းကပြော သည်။ အဆိုပါ မိကျောင်းကန် ရပ်ကွက်အား ၁၉၉၁ ခုနှစ်တွင် ခတ္တ
တပ်မ ၂၂ မှ လာရောက်သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း မဖယ်ပေးသည့် သူများကိုလည်း အင်းစိန်ထောင်သို့ပို့
မည်ဟု လက်နက်ပြခြိမ်းခြောက်ခဲ့ကြသည်ဟု ဦးစိန်သန်းက ဆက်လက်ပြောသည်။
 
 ``အဲဒီတုန်းက ရပ်ကွက်မှာနေခဲ့တဲ့သူတွေကို တောင်ဒဂုံ၊ မြောက်ဒဂုံ၊ လှိုင်သာယာ၊ ရွှေပြည်သာနဲ့ ပဲခူးရိုးမ အစပ်ဖြစ် တဲ့ အေးသုခကို ပို့ခဲ့တယ်။ အရင်တုန်းကပြောဖို့အခွင့်မသာခဲ့လို့ မပြောခဲ့ရဘူး။ အခုလို ဒီမိုကရေ
စီခေတ်မှ ပွင့်လင်းမြင်သာလာတဲ့အတွက် ကျွန်တော်တို့ရဲ့ နစ်နာမှုတွေကို ထုတ်ဖော်ရတာပါ´´ဟု ဆန္ဒထုတ်
ဖော်သူ ကိုနောင်နောင်က ပြောသည်။ 
 
မိကျောင်းကန်ရပ်ကွက် ပြန်လည်ရရှိရန်အတွက် ဇန်န၀ါရီ ၂၇ ရက် မတ်လ ၃ ရက်နှင့် မေ ၅ ရက်တို့တွင် ၃ ကြိမ် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။
 
ပေါ်ပြုလာမြန်မာ , Rangonnewsdaily
RND:  :5.5.2013

0 comments:

Post a Comment