Pages

Friday, April 19, 2013

အမေရိကန်နိုင်ငံ ဘော်စတွန်မြို့မှာ လူသတ်လက်နက်အဖြစ်အသုံးပြုခဲ့တဲ့ အိုး သို့မဟုတ် Pressure Cooker

ဘော်စတွင်တွင် လူသတ်သော အိုး သို့မဟုတ် Pressure Cooker 

ပုံမှာ မြင်နေရတဲ့ Pressure Cooker က ဗုံးဖြစ်လိမ့်မယ်မလို့ ၂၀၀၆ မတိုင်မီက ဘယ်သူမှ ထင်မထားပါဘူး။ 

ခုတော့ ယင်းအိုးကြောင့် သေတဲ့သူတွေ အတော်လေးများနေပါပြီ။ ၂၀၀၆ က မွန်ဘိုင်းအကြမ်းဖက်မှုမှာ စတင်လူသိများသွားတဲ့ ယင်း အိုးကို အမေရိကန် စတော့ကလန်း၊ နယူးယောက်တိုင်း ရင်ပြင် တို့မှာ တွေ့ရှိခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့က လောလောလတ်လတ် ပဲ ဘော်စတွန်က အပြေးပြိုင်ပွဲ တစ်ခုမှာ ပေါက်ကွဲခဲ့ပါတယ်။ ၃ ဦးသေပြီး ၁၈၃ ဦး ဒဏ်ရာရသွားတဲ့ ယင်းဖြစ်ရပ်က အမေရိကန် ပြည်သူတို့ကို တုန်လှုပ်ခြောက်ခြားစေခဲ့ပါတယ်။ 

တစ်လုံးက ဘာမှန်းမသိပေမယ့် တစ်လုံးကတော့ Pressure Cooker ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိထားပြီး ဖြစ်ပါတယ်။ အထဲ မှာ ဘောသီး၊ အိမ်သုံး သံမှိုနဲ့ ပေါက်ကွဲမှုအား ပြင်းတဲ့ ယမ်းများကို ဖျစ်ညစ်ထည့်ထားတဲ့ အပေါ်မှာ Blasting cap တပ်ထားရုံပါပဲ။ Blasting cap ကို activate လုပ်ဖို့ သုံးလို့ရတဲ့ နည်းလမ်း ကတော့ အများကြီး ပါပဲ။ ချိန်ကိုက်နာရီ၊ ဖုန်း ခေါ်ဆိုမှု၊ ဖုန်း မတ်ဆေ့ခ်ျ နဲ့ အခြားသော ကြိုးမဲ့ ရေဒီိယိုလိုင်းဆက်သွယ်မှု နည်းလမ်းပေါင်းများစွာနဲ့ လွယ်လွယ် ကူကူ မီးရှို့ လို့ရတဲ့ ပစ္စည်း ဖြစ်ပါတယ်။ 

ဘော်စတွန်မှာ ရက်ရက်စက်စက်ပါပဲ။ ဘောသီး၊ သံမှို စင်လို့ စက်သေနတ်မှိုးရွာသလို ခံစားရတဲ့ ဝေဒနာအပြင်၊ ယမ်းပေါက်ကွဲ မှုကြောင့် နားလေးပြီး၊ အရေအပြားများ မီးလောင် စေပါတယ်။ 

ဒါတောင် မာရသွန်ပြေးလမ်း ဝင်မယ့် နေရာမှာ လုံခြုံရေးများက ၂ ခါတိတိ စစ်ဆေးပါတယ်။ Pressure Cooker မှာ ပါလာမယ်လို့ ဘယ်သူမှ ထင်မထားပါဘူး။ Bomb Tracking Device ကောင်းကောင်း မသုံးဘူးလားလို့တောင် မေးခွန်းထုတ်စရာ ရှိလာပါတယ်။

Pressure Cooker ဗုံးကို အယ်ကေးဒါးအဖွဲ့အစည်းတို့ စတင်တီထွင်ပြီး အီရတ်၊ သီရလင်္ကာ၊ အာဖဂန်တို့မှာ အသုံးများပါတယ်။ သို့ပေမယ့် တရားခံ ဘယ်သူလည်း ဆိုတာ မသိသေးပါဘူး။ သံသယ ရှိဖွယ် လူ ၂ ဦးရဲ့  ဓာတ်ပုံကို FBI တို့ ထုတ်ပြန်ခဲ့ပြီး တရားခံကို ဖမ်းဆီးနိုင်ရန် ကြိုးပမ်း လျက် ရှိကြောင်း သိရပါတယ်။ 
--
Ref:wiki
International news for myanmar\

ပုံမှာ မြင်နေရတဲ့ Pressure Cooker က ဗုံးဖြစ်လိမ့်မယ်မလို့ ၂၀၀၆ မတိုင်မီက ဘယ်သူမှ ထင်မထားပါဘူး။
ခုတော့ ယင်းအိုးကြောင့် သေတဲ့သူတွေ အတော်လေးများနေပါပြီ။ ၂၀၀၆ က မွန်ဘိုင်းအကြမ်းဖက်မှုမှာ စတင်လူသိများသွားတဲ့ ယင်း အိုးကို အမေရိကန် စတော့ကလန်း၊ နယူးယောက်တိုင်း ရင်ပြင် တို့မှာ တွေ့ရှိခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့က လောလောလတ်လတ် ပဲ ဘော်စတွန်က အပြေးပြိုင်ပွဲ တစ်ခုမှာ ပေါက်ကွဲခဲ့ပါတယ်။ ၃ ဦးသေပြီး ၁၈၃ ဦး ဒဏ်ရာရသွားတဲ့ ယင်းဖြစ်ရပ်က အမေရိကန် ပြည်သူတို့ကို တုန်လှုပ်ခြောက်ခြားစေခဲ့ပါတယ်။ တစ်လုံးက ဘာမှန်းမသိပေမယ့် တစ်လုံးကတော့ Pressure Cooker ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိထားပြီး ဖြစ်ပါတယ်။ အထဲ မှာ ဘောသီး၊ အိမ်သုံး သံမှိုနဲ့ ပေါက်ကွဲမှုအား ပြင်းတဲ့ ယမ်းများကို ဖျစ်ညစ်ထည့်ထားတဲ့ အပေါ်မှာ Blasting cap တပ်ထားရုံပါပဲ။ Blasting cap ကို activate လုပ်ဖို့ သုံးလို့ရတဲ့ နည်းလမ်း ကတော့ အများကြီး ပါပဲ။ ချိန်ကိုက်နာရီ၊ ဖုန်း ခေါ်ဆိုမှု၊ ဖုန်း မတ်ဆေ့ခ်ျ နဲ့ အခြားသော ကြိုးမဲ့ ရေဒီိယိုလိုင်းဆက်သွယ်မှု နည်းလမ်းပေါင်းများစွာနဲ့ လွယ်လွယ် ကူကူ မီးရှို့ လို့ရတဲ့ ပစ္စည်း ဖြစ်ပါတယ်။

ဘော်စတွန်မှာ ရက်ရက်စက်စက်ပါပဲ။ ဘောသီး၊ သံမှို စင်လို့ စက်သေနတ်မှိုးရွာသလို ခံစားရတဲ့ ဝေဒနာအပြင်၊ ယမ်းပေါက်ကွဲ မှုကြောင့် နားလေးပြီး၊ အရေအပြားများ မီးလောင် စေပါတယ်။

ဒါတောင် မာရသွန်ပြေးလမ်း ဝင်မယ့် နေရာမှာ လုံခြုံရေးများက ၂ ခါတိတိ စစ်ဆေးပါတယ်။ Pressure Cooker မှာ ပါလာမယ်လို့ ဘယ်သူမှ ထင်မထားပါဘူး။ Bomb Tracking Device ကောင်းကောင်း မသုံးဘူးလားလို့တောင် မေးခွန်းထုတ်စရာ ရှိလာပါတယ်။

Pressure Cooker ဗုံးကို အယ်ကေးဒါးအဖွဲ့အစည်းတို့ စတင်တီထွင်ပြီး အီရတ်၊ သီရလင်္ကာ၊ အာဖဂန်တို့မှာ အသုံးများပါတယ်။ သို့ပေမယ့် တရားခံ ဘယ်သူလည်း ဆိုတာ မသိသေးပါဘူး။ သံသယ ရှိဖွယ် လူ ၂ ဦးရဲ့  ဓာတ်ပုံကို FBI တို့ ထုတ်ပြန်ခဲ့ပြီး တရားခံကို ဖမ်းဆီးနိုင်ရန် ကြိုးပမ်း လျက် ရှိကြောင်း သိရပါတယ်။
--
Ref:wiki
International news for myanmar\, Rangonnewsdaily
RND:19.4.2013

0 comments:

Post a Comment