Pages

Friday, April 19, 2013

အမေရိကန်နိုင်ငံ ဘောစတွန်မြို့ ဗုံးခွဲမူ သံသယရှိသူတဦး (ရဲပစ်ခတ်မူကြောင့်) သေ၊ ကျန်တဦး ထွက်ပြေးလွတ်မြောက်နေသဖြင့် အင်အား အလုံးအရင်းဖြင့် ပိုက်စိပ်တိုက်ရှာနေ

ဘောစတွန်ဗုံးခွဲမူ သံသယရှိသူတဦး (ရဲပစ်ခတ်မူကြောင့်)
သေ၊ ကျန်တဦး ထွက်ပြေးလွတ်မြောက်နေသဖြင့် အင်အား
အလုံးအရင်းဖြင့် ပိုက်စိပ်တိုက်ရှာနေ။

ဘောစတွန်ဗုံး ခွဲသူဟုယူဆရသူ Tamerlan Tsarneav (26)
သည် ရဲနှင့်ပစ်ခတ်မူဖြစ်ပြီးနောက် သေဆုံးသွားသည်။ ဒုတိယ
သံသယရှိသူ Dzhokar A. Tsarnaev (19) မှာ ထွက်ပြေး
လွတ်မြောက်နေသဖြင့် အင်အားအလုံးအရင်းဖြင့် ပိုက်စိပ်တိုက်
ရှာဖွေနေကြောင်းသိရှိရသည်။ ဘောစတွန် ဧရိယာအတွင်း 
ခရီးသည်တင် မြေအောက်ရထားပြေးဆွဲမူကို ရပ်တန့် ထား
လိုက်ကြောင်း မန်ဆာချူးဆက်ပြည်နယ် အုပ်ချုပ်ရေးမူး
Deval Patrick ကထုတ်ဖေါ်ပြောကြားလိုက်သည်။ ဘောစတွန်
ရှိ ဟားဘတ်တက္ကသိုလ်နှင့် M.I.T (Massachusetts Institute 
of Technology) တို့ အား ပိတ်ထားကြောင်းသိရသည်။

မနေ့ ညက ပစ်ခတ်မူတွင် (M.I.T) မှ တက္ကသိုလ်ရဲတဦး 
သေနတ်ထိမှန်သေဆုံးခဲ့ပြီး အခြား ရဲတယောက်လည်း ဒဏ်ရာ
ရရှိခဲ့သည်။"ဗုံးခွဲမူတွင် သံသယရှိသူ" ဟုယူဆရသူမှာ ကားတစီး
အားပြန်ပေးဆွဲပြီး ထွက်ပြေးစဉ် ရဲမှလိုက်လံဖမ်းဆီးရာတွင်
ပစ်ခတ်မူဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဘောစတွန်ရဲအရာရှိ Ed Davis  
က "သူဟာ အကြမ်းဘက်သမားတဦးဖြစ်လိမ့်မယ်ဆိုတာ ကျုပ်
တို့ ယုံကြည်ပါတယ်" ("We believe this to be a terrorist,"
said Boston Police Commissioner Ed Davis.) ဟု ထုတ်
ဖေါ်ပြောဆိုလိုက်သည်။

သံသယရှိသူနှစ်ဦးသည် ရုရှားနိုင်ငံ၏ ချက်ခ်ျညန် မွတ်ဆလင်
ခွဲထွက်ရေးဒေသမှ မွတ်ဆလင်များဖြစ်ပြီး လွန်ခဲ့သည် ဆယ်စု
နှစ်တခုဝန်းကျင်က ရုရှားနိုင်ငံသားများအနေဖြင့် အမေရိကန်
ပြည်ထောင်စုသို့ ရောက်ရှိခဲ့ကြကြောင်းသိရှိရသည်။

လှိုင်ဘွား စုဆောင်းတင်ပြသည်။

related sources:

http://www.chicagotribune.com/news/chi-boston-bombings-20130419,0,839233.story

http://news.nationalpost.com/2013/04/19/what-we-know-about-the-bombing-suspects-so-far/

http://www.thespec.com/news/world/article/921115--boston-bombing-suspect-shot-dead-as-police-hunt-second-man

ဘောစတွန်ဗုံး ခွဲသူဟုယူဆရသူ Tamerlan Tsarneav (26)သည် ရဲနှင့်ပစ်ခတ်မူဖြစ်ပြီးနောက်သေဆုံးသွားသ
သည်။ ဒုတိယမြောက်သံသယရှိသူDzhokar A. Tsarnaev (19) မှာထွက်ပြေးလွတ်မြောက်နေသဖြင် အင်အား
အလုံးအရင်းဖြင့် ပိုက်စိပ်တိုက်ရှာဖွေနေကြောင်းသိရသည်။
ဘောစတွန် ဧရိယာအတွင်းခရီးသည်တင် မြေအောက်ရထားပြေးဆွဲမူကို ရပ်တန်ထားလိုက်ကြောင်း မန်ဆာ
ချူးဆက်ပြည်နယ် အုပ်ချုပ်ရေးမူးDeval Patrick ကထုတ်ဖေါ်ပြောကြားလိုက်သည်။ ဘောစတွန်ရှိ ဟားဘတ်
တက္ကသိုလ်နှင့် M.I.T (Massachusetts Instituteof Technology) တို့ အား ပိတ်ထားကြောင်းသိရသည်။

မနေ့ ညကပစ်ခတ်မူတွင်(M.I.T) မှတက္ကသိုလ်ရဲတဦးသေနတ်ထိမှန်သေဆုံးခဲ့ပြီးအခြားရဲတယောက်လည်း 
ဒဏ်ရာရရှိခဲ့သည်။"ဗုံးခွဲမူတွင် သံသယရှိသူ" ဟုယူဆရသူမှာ ကားတစီးအားပြန်ပေးဆွဲပြီး ထွက်ပြေးစဉ် ရဲ
မှလိုက်လံဖမ်းဆီးရာတွင်ပစ်ခတ်မူဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဘောစတွန်ရဲအရာရှိ Ed Davisက "သူဟာ အကြမ်းဘက်သမားတဦးဖြစ်လိမ့်မယ်ဆိုတာ ကျုပ်တို့ ယုံကြည်
ပါတယ်" ("We believe this to be a terrorist,"said Boston Police Commissioner Ed Davis.)ဟုထုတ်ဖော်ပြော
ဆိုလိုက်သည်။

သံသယရှိသူနှစ်ဦးသည် ရုရှားနိုင်ငံ၏ ချက်ခ်ျညန် မွတ်ဆလင်ခွဲထွက်ရေးဒေသမှ မွတ်ဆလင်များဖြစ်ပြီး
လွန်ခဲ့သည် ဆယ်စုနှစ်တခုဝန်းကျင်ကရုရှားနိုင်ငံသားများအနေဖြင့်အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိ
ခဲ့ကြကြောင်းသိရှိရသည်
 

လှိုင်ဘွား , Rangonnewsdaily
RND:19.4.2013


0 comments:

Post a Comment