Pages

Friday, April 19, 2013

ယာဉ်မတော်တဆမှု များခဲ့တဲ့ ပုသိမ်-ချောင်းသာ ကားလမ်း။

ယာဉ်မတော်တဆမှု များခဲ့တဲ့ ပုသိမ်-ချောင်းသာ ကားလမ်း။

ဧပြီလ ၁၈ ရက်၊ ပုသိမ်မြို့။

ယခုနှစ်ပုသိမ်သင်္ကြန်တွင် မြိုနယ်ယာဉ်ထိန်းရဲတပ်ဖွဲ့၏ အချိန်ပြည့် စောင့်ရှောက်ခဲ့မှုများကြောင့် မြိုတွင်း ရေကစားကြသူများတွင် ယာဉ်မတော်တဆဖြစ်မှု လျော့ကျခဲ့သော်လည်း ပုသိမ်-ချောင်းသာ ကားလမ်းပေါ်တွင် ယဉ်မတော်တဆမှုများ ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများလည်း ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

“မြိုတွင်းမှာတော့ ရေကစားကြတဲ့ ဆိုင်ကယ်အချင်းချင်း နည်းနည်းပါးပါး ထိမိခိုက်မိတာမျိုးတွေလောက်ပဲ ရှိပါတယ်။ အမှုဖွင့်တာမျိုးအထိပြင်းပြင်းထန်ထန် ထိခိုက်မှုတွေ မဖြစ်ခဲ့ပါဘူး။ ပုသိမ်-ချောင်းသာ ကားလမ်းပေါ်မှာတော့ ဆိုင်ကယ်တိုက်တာတွေ ကားမှောက်တာများတယ်” ဟု ပုသိမ်မြိုနယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပုသိမ်-ချောင်းသာကားလမ်းပေါ်တွင် သင်္ကြန်ရက်အတွင်း ဆိုင်ကယ်တိမ်းမှောက်မှု(၇)မှုနှင့် ကားတိမ်းမှောက်မှု (၄)မှု ဖြစ်ပွါးခဲ့ပြီး လူ(၄)ဦးသေဆုံးကာ (၆၁)ဦးဒါဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ပုသိမ်-ချောင်းသာကားလမ်းတွင် သင်္ကြန်အကျနေ့ နေ့လည်(၂)နာရီခန့်က ချောင်းသာမရောက်မီ (၈)မိုင်ခန့်အလို ဆိပ်ကြီးရွာအနီးတွင် ပုသိမ်မှခရီးသည်များတင်ဆောင်လာခဲ့သောလိုက်ထရပ် ယာဉ်တိမ်းမှောက်ခဲ့သောကြောင့် ခရီးသည်(၁၈)ဦး ဆေးရုံပို့ဆောင်ခဲ့ရသည်။

ထို့ပြင် သင်္ကြန်အတက်နေ့ နံနက်(၁)နာရီခန့်တွင် ပုသိမ်မှ ကိုးမိုင်ကွာဝေးသော ကျောက်ချောင်းကြီး တံတားအနီးတွင် မကွေးတိုင်း တောင်တွင်းကြီးမြိုမှ ခရီသည်များတင်ဆောင်လာသော ကမ္ဘာကျော် ခရီးသည်တင်ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသမီးလေးဦး သေဆုံးပြီး(၂၆)ဦး ဒါဏ်ရာရရှိခဲ့သည်။

“အဓိကတော့အဲ့ဒီလမ်းကတောင်တတ်တောင်ဆင်းတွေနဲ့အကွေ.တွေများတာရယ်။ သင်္ကြန်ကာလဆိုတော့ ယာဉ်မောင်းတွေသောက်စားထားတာကြောင့်လည်းဖြစ်နိုင်တယ်။ နောက်ပြီးတချို့မှောက်တဲ့ ကားဒရိုင်ဘာတွေက အဝေးကလာတာဆိုတော့ အဲဒီလမ်းအထာမသိတာလည်းဖြစ်နိုင်တယ်။ ဂရုတစိုက်မောင်းရင်တော့ အန္တရာယ်မရှိနိုင်ပါဘူး” ဟုပုသိမ်မြိုမှယာဉ်မောင်းတစ်ဦးကပြောသည်။

ပုသိမ်မှချောင်းသာသို့ မိုင်(၃၀)ခန်.ကွာဝေးပြီးလမ်းကောင်းမွန်မှုကြောင့် အမြန်မောင်းနှင်လိုသော ယာဉ်မောင်းများအတွက် ကုန်းတက်ကုန်းဆင်းများ အကွေ့များမှာအန္တရာယ်ကြီးမားကြောင်း၊ ပုံမှန်မောင်းနှင်ပါက ပုသိမ်မြို့မှ နှစ်နာရီခန့်သာမောင်းနှင်ရကြောင်းသိရသည်။

သင်္ကြန်အတက်နေ့နံနက်ပိုင်းက ကျောက်ချောင်းကြီးတံတားအနီးမှာ တိမ်းမှေက်ခဲ့တဲ့ ကမ္ဘာကျော်ခရီးသည်တင်ယာဉ်ရဲ့ ယာဉ်မောင်းဖြစ်သူကို ပုသိမ်မြို့သင်္ဘောကျင်းရဲစခန်းက ပုဒ်မ ၃၃၇/၃၃၈၊ ၃၀၄ (က) စသည့် ပုဒ်မမျာဖြင့်အမှုဖွင့် အရေးယူထားကြောင်းသိရသည်။

မျိုးမင်းထွန်း(မြစ်မခ) / မြန်မာခရိုနီကယ်

ဧပြီလ ၁၈ ရက်၊ ပုသိမ်မြို့
ယခုနှစ်ပုသိမ်သင်္ကြန်တွင်မြိုနယ်ယာဉ်ထိန်းရဲတပ်ဖွဲ့၏အချိန်ပြည့်စောင့်ရှောက်ခဲ့မှုများကြောင့် မြိုတွင်း ရေ
ကစားကြသူများတွင် ယာဉ်မတော်တဆဖြစ်မှု လျော့ကျခဲ့သော်လည်း ပုသိမ်-ချောင်းသာ ကားလမ်းပေါ်တွင် ယဉ်မတော်တဆမှုများ ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများလည်း ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
“မြိုတွင်းမှာတော့ ရေကစားကြတဲ့ ဆိုင်ကယ်အချင်းချင်း နည်းနည်းပါးပါး ထိမိခိုက်မိတာမျိုးတွေလောက်ပဲ ရှိပါတယ်။အမှုဖွင့်တာမျိုးအထိပြင်းပြင်းထန်ထန်ထိခိုက်မှုတွေမဖြစ်ခဲ့ပါဘူး။ပုသိမ်-ချောင်းသာ ကားလမ်းပေါ်
မှာတော့ ဆိုင်ကယ်တိုက်တာတွေ ကားမှောက်တာများတယ်” ဟု ပုသိမ်မြိုနယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပုသိမ်-ချောင်းသာကားလမ်းပေါ်တွင်သင်္ကြန်ရက်အတွင်းဆိုင်ကယ်တိမ်းမှောက်မှု(၇)မှုနှင့် ကားတိမ်းမှောက်
မှု (၄)မှု ဖြစ်ပွါးခဲ့ပြီး လူ(၄)ဦးသေဆုံးကာ (၆၁)ဦးဒါဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ပုသိမ်-ချောင်းသာကားလမ်းတွင်သင်္ကြန်အကျနေ့နေ့လည်(၂)နာရီခန့်ကချောင်းသာမရောက်မီ (၈)မိုင်ခန့်
အလိုဆိပ်ကြီးရွာအနီးတွင်ပုသိမ်မှခရီးသည်များတင်ဆောင်လာခဲ့သောလိုက်ထရပ် ယာဉ်တိမ်းမှောက်ခဲ့
သောကြောင့် ခရီးသည်(၁၈)ဦး ဆေးရုံပို့ဆောင်ခဲ့ရသည်။

ထို့ပြင်သင်္ကြန်အတက်နေ့နံနက်(၁)နာရီခန့်တွင်ပုသိမ်မှကိုးမိုင်ကွာဝေးသောကျောက်ချောင်းကြီး တံတား
အနီးတွင်မကွေးတိုင်းတောင်တွင်းကြီးမြိုမှခရီသည်များတင်ဆောင်လာသောကမ္ဘာကျော်ခရီးသည်တင်ယာဉ်
တိမ်းမှောက်မှုကြောင့် အမျိုးသမီးလေးဦး သေဆုံးပြီး(၂၆)ဦး ဒါဏ်ရာရရှိခဲ့သည်။

“အဓိကတော့အဲ့ဒီလမ်းကတောင်တတ်တောင်ဆင်းတွေနဲ့အကွေ.တွေများတာရယ်။သင်္ကြန်ကာလဆိုတော့ ယာဉ်မောင်းတွေသောက်စားထားတာကြောင့်လည်းဖြစ်နိုင်တယ်။နောက်ပြီးတချို့မှောက်တဲ့ ကားဒရိုင်ဘာ
တွေက အဝေးကလာတာဆိုတော့ အဲဒီလမ်းအထာမသိတာလည်းဖြစ်နိုင်တယ်။ ဂရုတစိုက်မောင်းရင်တော့ အန္တရာယ်မရှိနိုင်ပါဘူး” ဟုပုသိမ်မြိုမှယာဉ်မောင်းတစ်ဦးကပြောသည်။

ပုသိမ်မှချောင်းသာသို့မိုင်(၃၀)ခန်ကွာဝေးပြီးလမ်းကောင်းမွန်မှုကြောင့်အမြန်မောင်းလိုသောယာဉ်မောင်း
များအတွက်ကုန်းတက်ကုန်းဆင်းများအကွေ့များမှာအန္တရာယ်ကြီးမားကြောင်း၊ပုံမှန်မောင်းနှင်ပါက ပုသိမ်မြို့
မှ နှစ်နာရီခန့်သာမောင်းနှင်ရကြောင်းသိရသည်။

သင်္ကြန်အတက်နေ့နံနက်ပိုင်းကကျောက်ချောင်းကြီးတံတားအနီးမှာတိမ်းမှေက်ခဲ့တဲ့ ကမ္ဘာကျော်ခရီးသည်
တင်ယာဉ်ရဲ့ ယာဉ်မောင်းဖြစ်သူကို ပုသိမ်မြို့သင်္ဘောကျင်းရဲစခန်းက ပုဒ်မ ၃၃၇/၃၃၈၊ ၃၀၄ (က) စသည့် ပုဒ်မမျာဖြင့်အမှုဖွင့် အရေးယူထားကြောင်းသိရသည်။

မျိုးမင်းထွန်း(မြစ်မခ) / မြန်မာခရိုနီကယ်
Rangonnewsdaily
RND:19.4.2013

0 comments:

Post a Comment