Pages

Friday, April 19, 2013

ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်ခရီးစဉ်တွင် လူနည်းစု မြန်မာမွတ်စလင်များ အရေး ပြောကြား

ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်ခရီးစဉ်မှ  လူနည်းစု မြန်မာမွတ်စလင်များ အရေး ပြောကြားချက်
=====================
ဧပြီ-၁၈ -၂၀၁၃
ရိုက်တာ

မြန်မာနိုင်ငံ၏အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် မိမိနိုင်ငံတွင်းရှိ လူနည်းစုမွတ်စ်လင်မ်တို့၏အခြေအနေမှာ ၀မ်းနည်းဖွယ်ဖြစ်နေကြောင်း၊ ယင်းလူ့အဖွဲ့အစည်းအား လုံခြုံမှုရရှိစေရန်လိုအပ်ကြောင်း ပြောကြားလိုက်သည်။

လွန်ခဲ့သောလအတွင်း ဗုဒ္ဓဘာသာဝင် အများစုနေထိုင်သည့် မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ ပေါ်ပေါက်ခဲ့ရာ ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ အလုပ်လက်မဲ့ဖြစ်သွားခဲ့ရသည်။  ဒုက္ခသည်များတွင် မွတ်စ်လင်မ်က အများစုဖြစ်သည်။ ၄င်းအကြမ်းဖက်မှုများသည် နိုင်ငံ၏အလယ်ပိုင်းဒေသ တစ်လျှောက် ပျံ့နှံ့သွားခဲ့သည်။

ဗုဒ္ဓဘာသာဝင်ပီသ၍ အကြမ်းဖက်မှုကို လက်မခံသော ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ဤတင်းမာမှုများအပေါ် နှုတ်ဆိတ်နေခဲ့သော်လည်း၊ ဂျပန်နိုင်ငံသို့အလည်အပတ် သွားရောက်စဉ် သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ အောက်ပါကဲ့သို့ ပြောဆိုလိုက်ပါသည်။

“ မကြာသေးခင်ကပဲ မွတ်စ်လင်မ်ခေါင်းဆောင်တစ်ချို့နဲ့ ကျွန်မ တွေ့ဆုံလာခဲ့ပါတယ်။ သူတို့ဟာ မြန်မာကလွဲပြီး တခြားနိုင်ငံကို မရောက်ဖူးကြပါဘူး။ မြန်မာကလွဲပြီး တခြားဘယ်နေရာကိုမှ အမိမြေအဖြစ် မခံယူကြပါဘူး။ သူတို့ကို ကျွန်မတို့ရဲ့နိုင်ငံသားမဟုတ်သလို အထင်ရောက်သွားအောင် ဖန်တီးနေတာက တကယ်စိတ်မကောင်းစရာပါ။ ဒီအနေအထားမျိုးက တကယ်ဝမ်းနည်းစရာကောင်းတဲ့ ဖြစ်စဉ်ပါ။ ကျွန်မတို့အနေနဲ့ ဒီအရေးအရာတွေကို အခြားရှုထောင့်အမြင်ကနေ အံဝင်ခွင်ကျဖြစ်လာစေဖို့ ချဉ်းကပ်လေ့လာရပါလိမ့်မယ် ”။

မြန်မာနိုင်ငံသားဥပဒေကိုလည်း အစိုးပိုင်းမှ ပြန်လည် သုံးသပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့သည်။ သို့သော် ရိုဟင်ဂျာများမှာ နိုင်ငံသား ဟုတ်မဟုတ် ကိစ္စကိုမူ တိုက်ရိုက်မဖြေကြားခဲ့ချေ။
 
“ နိုင်ငံသားဆိုင်ရာ ဥပဒေများဟာ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့မကိုက်ညီယင် ဖြစ်နိုင်ချေများကို ပြန်လည်သုံးသပ်ဖို့ နိုင်ငံတိုင်းမှာ တာဝန်ရှိပါတယ်။ မြန်မာအစိုးရအနေနဲ့ ဒီလိုလုပ်နိုင်အောင် သတ္တိမွေးဖို့ လိုအပ်နေတယ်။ နိုင်ငံသားကိစ္စနဲ့ပတ်သက်ပြီး တရားမျှတစွာ ရင်ဆိုင်ဆောင်ရွက်ရပါလိမ့်မယ် ” ဟု သတင်းထောက်များအား ပြောဆိုခဲ့သည်။

တိုကျိုတက္ကသိုလ်၌ ကျောင်းသားတစ်ဦး၏မေးခွန်းအပေါ် -  မိမိသည် မှော်ဆရာတစ်ဦး မဟုတ်သဖြင့် ကာလကြာရှည် အငြင်းပွားနေရသော လူမျိုးရေးကိစ္စကို ဖြေရှင်းပေးရန် မလွယ်ကူသေးဟု ဒေါ်စုကြည်မှ ပြန်လည်ဖြေဆိုခဲ့သည်။

“ တရားဥပဒေစိုးမိုးရေးဖော်ဆောင်ဖို့က အရေးအကြီးဆုံးပါဘဲလို့ ကျွန်မ (အမြဲ) ပြောနေခဲ့ပါတယ်။ တရားဥပဒေစိုးမိုးရေးဆိုတဲ့နေရာမှာ တရားစီရင်ရေး တစ်ခုတည်းကိုသာ ဆိုလိုတာ မဟုတ်ပါဘူး။ စီမံညွှန်ကြားရေး၊ အုပ်ချုပ်ရေး၊ ပြည်သူ့ရဲကဏ္ဍ၊ လုံခြုံရေး တပ်ဖွဲ့တွေကို ပေးတဲ့ သင်တန်း - ဒါတွေအားလုံးနဲ့ သက်ဆိုင်နေပါတယ် ”

“ လူတွေကြားထဲမှာရှိနေတဲ့ ဒီကွဲလွဲမှုတွေကို ဘယ်လိုပျောက်အောင် လုပ်မလဲလို့ သူတို့က ကျွန်မကိုပြောစေချင်တယ်။ ကျွန်မက မှော်ဆရာ မျက်လှည့်ဆရာ မဟုတ်ဘူးလေ။ ဟုတ်ခဲ့ယင်တော့ ပျောက်စေလို့ ပြောမိမှာပါဘဲ။ ခြားနားကွဲပြားမှုတွေကို အဖြေရှာညှိယူဖို့ ရေရှည်အချိန်ယူရမှာပါ။ ကျွန်မတို့အနေနဲ့ လုံခြုံငြိမ်းချမ်းတဲ့ အသိုက်အ၀န်းတစ်ခုကို ဖော်ဆောင်ဖို့ လိုပါတယ်။ အဲ့ဒီထဲမှာ အမြင်မတူသူတွေ အတူတကွ ထိုင်လို့ အယူအဆချင်း ဖလှယ်နိုင်ရပါမယ်။ ပြီးတော့ ကျွန်မတို့အကြား တူညီတာ လက်တွဲနိုင်တာကို စဉ်းစားယူရပါလိမ့်မယ် ” ဟု ဂျပန်ကျောင်းသားတို့အား ပြောကြားခဲ့သည်။ ၄င်းအပြင် မြန်မာတရားရုံးများသည် ဒီမိုကရက်တစ်အဆင့်သို့ မတက်လှမ်းလာဘဲ အခွင့်ထူးခံများသာ လွှမ်းမိုးကြီးစိုးနေသေးကြောင်း ထည့်သွင်း ပြောကြားခဲ့ပါသည်။

ှSource: Reuters

ဧပြီ-၁၈ -၂၀၁၃

မြန်မာနိုင်ငံ၏အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် မိမိနိုင်ငံတွင်းရှိ လူနည်းစုမွတ်စ်လင်မ်တို့၏အခြေအနေမှာ ၀မ်းနည်းဖွယ်ဖြစ်နေကြောင်း၊ ယင်းလူ့အဖွဲ့အစည်းအား လုံခြုံမှုရရှိစေရန်လိုအပ်ကြောင်း ပြောကြားလိုက်သည်။ လွန်ခဲ့သောလအတွင်းဗုဒ္ဓဘာသာဝင်အများစုနေထိုင်သည့်မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ ပေါ်ပေါက်ခဲ့
ရာ ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ အလုပ်လက်မဲ့ဖြစ်သွားခဲ့ရသည်။ ဒုက္ခသည်များတွင် မွတ်စ်လင်မ်က အများစုဖြစ်သည်။ ၄င်းအကြမ်းဖက်မှုများသည် နိုင်ငံ၏အလယ်ပိုင်းဒေသ တစ်လျှောက် ပျံ့နှံ့သွားခဲ့သည်။

ဗုဒ္ဓဘာသာဝင်ပီသ၍အကြမ်းဖက်မှုကိုလက်မခံသော ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်
သည် ဤတင်းမာမှုများအပေါ် နှုတ်ဆိတ်နေခဲ့သော်လည်း၊ ဂျပန်နိုင်ငံသို့အလည်အပတ် သွားရောက်စဉ် သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ အောက်ပါကဲ့သို့ ပြောဆိုလိုက်ပါသည်။

“မကြာသေးခင်ကပဲမွတ်စ်လင်မ်ခေါင်းဆောင်တစ်ချို့နဲ့ကျွန်မတွေ့ဆုံလာခဲ့ပါတယ်။ သူတို့ဟာ မြန်မာက
လွဲပြီးတခြားနိုင်ငံကိုမရောက်ဖူးကြပါဘူး။မြန်မာကလွဲပြီးတခြားဘယ်နေရာကိုမှအမိမြေအဖြစ် မခံယူကြပါ
ဘူး။သူတို့ကိုကျွန်မတို့ရဲ့နိုင်ငံသားမဟုတ်သလိုအထင်ရောက်သွားအောင်ဖန်တီးနေတာက တကယ်စိတ်မ
ကောင်းစရာပါ။ဒီအနေအထားမျိုးကတကယ်ဝမ်းနည်းစရာကောင်းတဲ့ဖြစ်စဉ်ပါ။ကျွန်မတို့အနေနဲ့ ဒီအရေး
အရာတွေကို အခြားရှုထောင့်အမြင်ကနေ အံဝင်ခွင်ကျဖြစ်လာစေဖို့ ချဉ်းကပ်လေ့လာရပါလိမ့်မယ် ”။

မြန်မာနိုင်ငံသားဥပဒေကိုလည်းအစိုးရပိုင်းမှပြန်လည် သုံးသပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့
သည်။ သို့သော် ရိုဟင်ဂျာများမှာ နိုင်ငံသား ဟုတ်မဟုတ် ကိစ္စကိုမူ တိုက်ရိုက်မဖြေကြားခဲ့ချေ။

“နိုင်ငံသားဆိုင်ရာဥပဒေများဟာနိုင်ငံတကာ စံချိန်စံညွှန်းနဲ့မကိုက်ညီယင် ဖြစ်နိုင်ချေများကို ပြန်လည်သုံး
သပ်ဖို့နိုင်ငံတိုင်းမှာတာဝန်ရှိပါတယ်။မြန်မာအစိုးရအနေနဲ့ဒီလိုလုပ်နိုင်အောင်သတ္တိမွေးဖို့ လိုအပ်နေ
တယ်။နိုင်ငံသားကိစ္စနဲ့ပတ်သက်ပြီးတရားမျှတစွာရင်ဆိုင်ဆောင်ရွက်ရပါလိမ့်မယ်”ဟု သတင်းထောက်များ
အား ပြောဆိုခဲ့သည်။

တိုကျိုတက္ကသိုလ်၌ကျောင်းသားတစ်ဦး၏မေးခွန်းအပေါ်-မိမိသည်မှော်ဆရာတစ်ဦးမဟုတ်သဖြင့် ကာလ
ကြာရှည်အငြင်းပွားနေရသောလူမျိုးရေးကိစ္စကိုဖြေရှင်းပေးရန် မလွယ်ကူသေးဟု ဒေါ်စုကြည်မှ ပြန်လည်
ဖြေဆိုခဲ့သည်။

“တရားဥပဒေစိုးမိုးရေးဖော်ဆောင်ဖို့ကအရေးအကြီးဆုံးပါဘဲလို့ကျွန်မ(အမြဲ)ပြောနေခဲ့ပါတယ်။ တရားဥပ
ဒေစိုးမိုးရေးဆိုတဲ့နေရာမှာ တရားစီရင်ရေး တစ်ခုတည်းကိုသာ ဆိုလိုတာ မဟုတ်ပါဘူး။ စီမံညွှန်ကြားရေး၊ အုပ်ချုပ်ရေး၊ ပြည်သူ့ရဲကဏ္ဍ၊ လုံခြုံရေး တပ်ဖွဲ့တွေကို ပေးတဲ့ သင်တန်း - ဒါတွေအားလုံးနဲ့ သက်ဆိုင်နေပါတယ် ”

“လူတွေကြားထဲမှာရှိနေတဲ့ဒီကွဲလွဲမှုတွေကိုဘယ်လိုပျောက်အောင်လုပ်မလဲလို့သူတို့က ကျွန်မကိုပြောစေ
ချင်တယ်။ကျွန်မကမှော်ဆရာမျက်လှည့်ဆရာမဟုတ်ဘူးလေ။ ဟုတ်ခဲ့ယင်တော့ ပျောက်စေလို့ ပြောမိမှာ
ပါဘဲ။ခြားနားကွဲပြားမှုတွေကိုအဖြေရှာညှိယူဖို့ ရေရှည်အချိန်ယူရမှာပါ။ ကျွန်မတို့အနေနဲ့ လုံခြုံငြိမ်းချမ်းတဲ့ အသိုက်အ၀န်းတစ်ခုကို ဖော်ဆောင်ဖို့ လိုပါတယ်။ 
 
အဲ့ဒီထဲမှာအမြင်မတူသူတွေအတူတကွထိုင်လို့အယူအဆချင်းဖလှယ်နိုင်ရပါမယ်။ပြီးတော့ကျွန်မတို့အကြား
တူညီတာ လက်တွဲနိုင်တာကို စဉ်းစားယူရပါလိမ့်မယ် ” ဟု ဂျပန်ကျောင်းသားတို့အား ပြောကြားခဲ့သည်။ ၄င်းအပြင် မြန်မာတရားရုံးများသည် ဒီမိုကရက်တစ်အဆင့်သို့ မတက်လှမ်းလာဘဲ အခွင့်ထူးခံများသာ လွှမ်းမိုးကြီးစိုးနေသေးကြောင်း ထည့်သွင်း ပြောကြားခဲ့ပါသည်။

ှSource: Reuters , Rangonnewsdaily
RND:18.4.2013

1 comments:

Anonymous said...

မြန်မာနိုင်ငံသားတိုင်းသည်ဝက်သားစားကြသည်။

Post a Comment